Once Upon A Time... (1)

2.7K 131 3
                                    

Unicode

ဟိုးရှေးရှေးတုန်းက ပင်လယ်နဲ့နီးတဲ့
တံငါရွာလေးတစ်ရွာမှာ ရိုးသားဖြောင့်
မတ်တဲ့ လူငယ်လေးတစ်ယောက်က
မိဘနှစ်ပါးကို ပြုစုရင်း အေးချမ်းစွာ
နေထိုင်သတဲ့..။

တစ်နေ့ ထိုလူငယ်လေးက အသက်
အရွယ်အတော်အတန်ကြီးနေပြီဖြစ်
တဲ့ မိဘနှစ်ပါးအတွက် မနက်စာ စား
သောက်ဖို့ ပြင်ဆင်ပေးပြီး ထုံးစံအ
တိုင်း သယ်နေကျ ပိုက်ကွန်ကို ကျော
ပေါ်တင်ရင်း ပင်လယ်ဘက်ကို ထွက်
ခဲ့လိုက်သတဲ့..။

လှေငယ်တစ်စီးကို စီးရင်း ပိုက်ကွန်ချ
ရမယ့်နေရာရောက်တော့..လူငယ်လေး
က ညာဘက်လက်အားကို လိုအပ်သ
လောက် အသုံးပြုပြီး ရေပြင်ပေါ်မှာ
ပိုက်ကွန်ကို နည်းမှန်သပ်ရပ်စွာ လှမ်း
ပစ်ချလိုက်သတဲ့..။

အချိန်အတိုင်းအတာတစ်ခုအထိ စောင့်
ဆိုင်းနေတုန်း အနောက်ဘက် ခပ်လှမ်း
လှမ်းဆီက တဗွမ်းဗွမ်း ရေသံတွေကို
လူငယ်လေး ကြားလိုက်ရတယ်..။

စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်လေးဟာ
လှေငယ်ပေါ် မတ်တပ်ရပ်ရင်း အသံလာရာကို လှမ်းမျှော်ကြည့်လိုက်သတဲ့။

လူငယ်လေးမြင်လိုက်ရတာက တဗွမ်း
ဗွမ်းနဲ့ ဗရမ်းဗတာဖြစ်နေတဲ့ ရေမျက်နှာ
ပြင်ကိုသာ..။သို့သော် အဘယ်ကြောင့်
ထိုတစ်နေရာတည်း ကွက်ပြီး ထိုသို့
ဖြစ်နေသနည်း..အမှတ်တမဲ့ကြည့်လျှင်
ပင် ခပ်ကြီးကြီး ငါးတစ်ကောင်က ရေ
မျက်နှာပြင်ပေါ် တက်ရင်း တဗွမ်းဗွမ်း
ရေကစားနေပုံ ဖြစ်နေသည်မို့ လူငယ်
လေးသည် အတိအကျသိလိုတာ
ကြောင့် လှေငယ်လေးကို လှော်တက်
ဖြင့် အတတ်နိုင်ဆုံး တိတ်တဆိတ် လှော်ခတ်ကာ အသံလာရာသို့ ချဥ်းကပ်
သွားလိုက်၏။

တဖြေးဖြေးနီးကပ်သွားသည့်အခါ လူ
ငယ်လေးက ကျောက်ဆောင်ငယ်တစ်
ခုကို အကာအကွယ်ပြုကာ ပုန်းကွယ်လိုက်ရင်း ထိုနေရာသို့ အသံတိတ်လှမ်း
၍ အကဲခတ်မိလေသည်။

ထိုအရာသည်ကား လူငယ်လေး မှန်းထားသကဲ့သို့ အမှန်တကယ် ငါးအကြီး
ကြီးတစ်ကောင်ဖြစ်သည်။သို့သော် ရေ
ကစားနေသည့် ပုံစံမျိုးမဟုတ်..။

အတင်းအကျပ်ရုန်းကန်နေသည့်ပုံပင်။
တစ်ချက်တချက် လှစ်ခနဲ ပေါ်ပေါ်လာ
သော အ​မြီးပိုင်းကို ကြည့်လျှင်ပင် ထို
ငါးသည် မည်မျှကြီးကြောင်း ခန့်မှန်း
နိုင်သည်။ထိုငါးကိုသာ ဖမ်းမိခဲ့လျှင်
တစ်ပတ်ကျော်ကျော်လောက် ပင်လယ်
ထွက်စရာမလိုလောက်တော့ ဟုပင် လူ
ငယ်လေးက တွေးတောမိသေး၏။

Once Upon A Time... (UN/ZG) <Completed>Where stories live. Discover now