အပိုင်း ၃

185 8 3
                                    

(ကတိစကား)

- ကျွန်တော်ရင်ခုန်မိသော ဦး -

"လင်းသန့်"

"ဟုတ်ကဲ့ Boss"

"ငါကလေးကိုဘယ်လိုဖွင့်ပြောရမလဲ"

"Boss အရင်ဆုံးသူနဲ့တွေ့ကြည့်ပါဦးလား"

"ငါသူ့ကိုချစ်တယ် ငါလက်ထပ်မဲ့သူကလဲသူတယောက်ထဲပဲ"

"ကျွန်တော်ပြောတာက သူနဲ့တွေ့တာကြာမှသူဘယ်လိုတွေကြိုက်တယ်ဆိုတာ သိလာမှာပေါ့လို့ပြောတာ"

"ငါအလောတကြီးလုပ်လို့မဖြစ်ဘူး"

"ဟုတ်တယ် အလောတကြီးလုပ်စရာလဲမလိုပါဘူး boss ရဲ့ကလေးကလဲ boss ကိုချစ်မှာပါ"

"မင်းအဲ့လိုပြောတော့ အားရှိသွားပြီ မနက်ဖြန်စောစောလာပေး ငါ့အိမ်ကို"

"ဟုတ်ကဲ့ပါ boss"

လက်စွပ်ဆိုင်တွင်..

"ဒီဟာလေးပြပေးပါလား"

"ဟုတ်ကဲ့ပါရှင်"

"ဒီထက်သေးတာလေးရှိလား လက်သွယ်သွယ်လေးနဲ့လိုက်မဲ့ဟာမျိုးပေါ့ တအားကြီးတာမလိုချင်ဘူး၊ ရိုးရိုးယဥ်ယဥ်လေးပဲလိုချင်တယ်"

"အော်.. ကောင်မလေးကိုပေးဖို့ထင်တယ် ဒါလေးဆိုရင်ရော"

"ဟုတ်တယ် ကျွန်တော့်ကောင်လေးကိုပေးဖို့ပါ"

"ရှင်!?"

"ဘာဖြစ်လို့လဲ"

ရှိန်းရဲ့အကြည့်နဲ့အမေးကြောင့်အရောင်းဝန်ထမ်းကောင်မလေးလန့်သွားကာ အမြန်တောင်းပန်လိုက်ရသည် ဘယ်လိုပဲဖြစ်ဖြစ်
ဒါကဆိုင်ကိုလာဝယ်တဲ့ ဧည့်သည်ပဲလေ သူရိုင်းပြမိတယ်မလား

"တောင်းပန်ပါတယ်ရှင် မထင်မှတ်ထားတာကြားလိုက်ရလို့ပါ"

"ဒါယူမယ်"

ရှိန်းကတော့ လိုချင်တဲ့လက်စွပ်တွေ့တာနဲ့ငွေရှင်းပြီးတန်းထွက်သွားလေရဲ့ ဆိုင်ကလူတွေကတော့ အံံ့ဩတဲ့မျက်နှာထားတွေနဲ့ကျန်ခဲ့၏ ရှိန်းကအဲ့လိုလူမျိုးပါ ကိုယ်နဲ့မဆိုင်ရင်ဂရုမစိုက်သလို ကိုယ့်ကိုဘယ်သူတွေဘယ်လိုပြောပြော ဂရုမစိုက်တဲ့သူတယောက် သူကိုယ်တိုင်လဲအမှားမရှိအောင်နေတာလဲပါမည်။ ရှိန်းတနေကုန်အလုပ်လုပ်တယ် Shopping ထွက်တယ် ကလေးကိုသွားကြည့်တယ် အခုတော့ညနက်နေပြီလေ ကလေးငယ်နဲ့စကားပြောဖို့ပဲကျန်တော့တယ်
အချိန်ကြည့်လိုက်တော့ 10:30 ကလေးလိုင်းပေါ်တက်မလာသေးဘူး တခုခုများဖြစ်လို့လားလို့တွေးနေမိချိန်..

You've reached the end of published parts.

⏰ Last updated: Dec 16, 2020 ⏰

Add this story to your Library to get notified about new parts!

ကတိစကား (သို့) ကျွန်တော်ရင်ခုန်မိသော ဦးWhere stories live. Discover now