Part 3

1.5K 165 65
                                    

#Zawgyi

ပြတင်းပေါက်ကနေရောင်ခြည်ကြောင့် ဆော့ဂျင်နိုးလာခဲ့သည်...။
နိုးနိုးချင်းသတိရမိသည်က သားလေးတွေ..။
ဘယ်မှာလဲ..။နမ်ဂျွန်းကကောဘယ်ရောက်နေလဲ..။

"နမ်ဂျွန်း..နမ်ဂျွန်း''

တိတ်ဆိတ်နေတဲ့အခန်းလေးထဲ ဆော့ဂျင်ရဲ့အသံလေးတစ်ခု....။

"သားလေး ထယ်ယောင်း ဂျီမင်း''

ထပ်မံအော်ခေါ်မိပေမဲ့ ဘာတုံ့ပြန်မှုမှရှိမလာ...။

အော်.. ။သူအခုမှသတိရတယ်....။ကလေးတွေကအိမ်မှာပဲ....။

"ဆရာမ ဆရာမရေ''

ထိုအသံကိုကြားတဲ့ သူနာပြုတစ်ယောက်ဟာ အခန်းထဲဝင်လာခဲ့တယ်

"ဟုတ်ကဲ့ လူနာ ကျမဘာလုပ်ပေးရမလဲ''

"ယောကျာ်း''

"ရှင်''

"ငါ့ယောက်ျားကိုခေါ်ပေး''

"အော် ကျမကို အကို့ယောကျာ်းနဲ့မှားခေါ်တာထင်လို့ အကို့ယောကျာ်းကဘယ်သူလဲ''

ဆော့ဂျင်မျက်နှာကြီးရှုံ့မဲ့သွားသည်.

"ဒီမှာ နင်နဲ့ငါ့ယောကျာ်းမှားရအောင် ငါမျက်လုံးမကန်းသေးဘူး ...။ကင်မ်နမ်ဂျွန်း သားဖွားဆရာဝန် သွားခေါ်ပေး''

"ဟုတ် ဟုတ်''

ဘယ်လိုသူနာပြုပါလိမ့်...။တုံးချက်...။ကင်မ်ဆော့ဂျင်ကိုမသိဘူးတဲ့...။အံ့သြဘအေ...။

အခန်းထဲကို ပြေးဝင်လာတဲ့ နမ်ဂျွန်း

*ဂျွတ်*

"အမလေး ခင်ဗျား
လုပ်ပြန်ပြီ''

အမောတကောပြေးဝင်လာတဲ့နမ်ဂျွန်းက တံခါးလက်ကိုင်ကိုအားဖြင့်ဆွဲလိုက်ရာ လက်ကိုင်ကြီးမှာ ကြမ်းပြင်ပေါ်သို့....။

"ဆောရီး babe ဟီး''

"သားတွေခေါ်ပေး''

နမ်ဂျွန်းအခုချိန် ဘုရားသာတနေရသည်...။ သူ့သားတွေကို ဂျောင်ဂုဆီပို့လိုက်မှန်း.ဆော့ဂျင်သိရင် မိုးမီးလောင်ရုံသာမက သိကြားမင်းပါဒယ်ပြားစာမိမည်...။

"ခဏ ကိုယ်သွားခေါ်ပေးမယ်''

"ဒီတိုင်းဖုန်းဆက်လိုက်လေ''

Psycho DadWhere stories live. Discover now