stolen heart❣

6.6K 350 14
                                    

ခုဆိုရင် ကိုကိုနဲ့ကျနော်တွဲနေတာ1နှစ်ပင်ပြည့်တော့မည် ကိုကိုကထင်ထားတာထက်ပိုဂရုစိုက်သောကြောင့် မချစ်ဖူးဟုပိတ်ငြင်းနေသောကျနော် တွက်ထပ်ငြင်းရန်ပင်ခက်လှသည် ထို့ကြောင့်ကျနော်ကိုယ်တိုင်တောင်
သတိမထားမိဘဲ ခံစားချက်အမှန်တွေထုတ်ပြနေမိသည်
ဘယ်လောက်ဘဲချစ်တယ်ပြောပြော အရမ်းကြီးတော့ချစ်မပြရဲပေ အချစ်ခံရဖို့ထက် အထားခံရမှာ ပိုကြောက်မိနေသော ကျနော့်ရဲ့စိတ်ကြောင့်ပင်
"Baby....ဘာတွေ တွေးနေပြန်တာလဲ"

"ဟင်...ကိုကို..ဘယ်တုန်းကပြန်ရောက်တာလဲ"

"ခုလေးတင်လေ....မင်းလေးက ထွက်မကြိုတော့ ကိုယ်စိုးရိမ်သွားတာ"

ဟုတ်သား ကိုကိုကအလုပ်တောင်လုပ်နေပြီ ကျနော်နဲ့ကိုကို့ အဖေကကျနော့်ကြောင့်နဲ့ပြသာတတက်ကြသေးသည် နောက်တော့အပေးအယူလုပ်လိုက်ကြသည် ကျနောက်ို ကိုကိုနဲ့သဘောတူပေးမယ် အဲ့အစားကိုကိုက
အလုပ်လုပ်ရမယ်ဟူ၍ပင် ကိုကိုကလည်းချက်ခြင်းကိုလက်ခံလိုက်သည်
ခုဆို ကျနော်ကလညကျောင်းပြီးခါစမို့
အိမ်တောင်မပြန်တော့ ကိုကိုနဲ့သာနေဖြစ်တော့သည် နေတိုင်း ယောကျာ်းပြန်လာတာကို စောင်ံနေတဲ့အိမ်ရှင်မလေးအဖြစ်ပေါ့

"ဟို...ကျနော်ဒီတိုင်းအတွေးလွန်သွားလို့ပါ
ကိုကို့ ကားသံတောင်မကြားလိုက်မ်ိဘူးရော်"

"ကိုယ့်ကိုစိတ်ပူအောင်လုပ်တဲ့..မင်းလေးကို
အပြစ်ပေးရမယ်..လာစမ်း"

မာန်ကပြောပြီး ပိုင်ကိုယ်လေးကိုပွေ့ကာအိပ်ယာပေါာချပြီး ကလိလိုက်ထိုးနေကာပိုင်မှာလည်း အတင်းရုန်းနေ၍

"ဟားဟား....ကိုကို..တော်..တော်ပြီလို့
ယားတယ်...ခ်ခ်"

"အရှုံးပေးပြီးလား...အရူးလေး"

"ဟသ့်အင်း....မပေးဘူး...ခ်ခ်"

"မပေးရင် မလွတ်ဘူးကွာ..."

"ဟား...ကိုကို....ယားတယ်....ယားတယ်လို့
ပေးတယ်....အရှုံးပေးပြီးလို့"

"နောက်ကျသွားပြီ"

"ဟား...ကိုကို..ညစ်ပတ်တယ်"

ဒီလိုလေးပါဘဲ သာယာတဲ့ကျနော်တို့ရဲ့ညနေခင်းလေးပေါ့ ဒါကရိုးနေပါပြီ
နေ့တိုင်းကိုကိုနဲ့ကတစ်မျိုး မဟုတ်တစ်မျိုးကို roနေကြပြီး ကျနော့ဘဝမှာ မမျော်လင့်ဖူးသောပျော်ရွင်မှုတွေကိုကိုက တစ်သီတစ်တန်းကြီးကို ယူဆောင်လာပေးတတ်သည်
အဲ့လိုတွေကြောင့် ကိုကို့ ကျနော်ကိုထားသွားမှာကြောက်တဲ့စိတ်တွေက တစ်နေ့တစ်ခြားပိုတိုးလာရသည် ကိုကို့ကို မယုံတာမဟုတ်ဘဲ
ကံကြမ္မာကို မယုံတာပါ ကံဆိုတာကြီးကကျနော့်အပေါ်အဲ့လောက်ကောင်းနိုင်ပါမလား??

                                stolen heart ❣(complete) Where stories live. Discover now