|LEVEL-1| [၁] အရမ်းမြန်မြန် အောင်ပွဲခံမနေနဲ့ , ကိစ္စတွေက မှားယွင်းနေနိုင်တယ်

1.2K 125 8
                                    

အခန်း(၁) အရမ်းမြန်မြန် အောင်ပွဲခံမနေနဲ့ , ကိစ္စတွေက မှားယွင်းနေနိုင်တယ်

ကြေကွဲဝမ်းနည်းဖွယ်ရာ စျာပါန အခမ်းအနားတစ်ခု။

အသက်၂၀အရွယ် လူငယ်လေးတစ်ယောက်က ပန်းခွေတစ်ခု၏အလယ်တွင် မပျက်မယွင်းလဲလျောင်းနေသည်။ သူသည် ဣန္ဒြေမပျက်ရှိနေသည်မှာ အေးအေးချမ်းချမ်းအိပ်စက်နေသည့်အတိုင်းပင်။

လူငယ်လေး၏ပတ်လည်တွင်တော့ အဆက်မပြတ်ငိုကြွေးသံများ ပဲ့တင်သံထပ်နေပါ၏။ အသက်၅၀အရွယ်လောက်ရှိမည့်စုံတွဲတစ်တွဲဟာ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုရင်း မတ်တပ်ရပ်နေကြသည်။ သူတို့၏ချစ်လှစွာသော သားလေး၏ဓာတ်ပုံကို ကြည့််နေရင်းဖြင့် သူတို့ရဲ့မျက်နှာပေါ်ကနေ ဝမ်းနည်းမျက်ရည်များ ကျဆင်းနေပါ၏။

လူငယ်လေး၏အမည်ကတော့ ဝမ်ဇီ ဖြစ်သည်။ သူသည် မိန်းမတစ်ယောက်ကို အလုအယက်ခံနေရတာကနေ ကယ်တင်ဖို့ကြိုးစားခဲ့သည်။ ဒါပေမယ့် လွတ်မြောက်ရန် ကြိုးစားအားထုတ်လိုက်ချိန်မှာတော့ ဓားပြက သူ့ကို အကြိမ်ကြိမ်ထိုးနှက်ခဲ့သည်။ သူရဲကောင်းဝင်လုပ်တဲ့ရလဒ်ကတော့ ကြေကွဲဖွယ်ရာသေခြင်းတရားဖြင့် တွေ့ကြုံခဲ့ရသည်။

ဒီနေ့ကတော့ သူ့ရဲ့အသုဘဖြစ်သည်။

သူ့ရဲ့သူငယ်ချင်းများနှင့် မိသားစုများက ဒီကံမကောင်းလှသောလူငယ်လေးအတွက် ဝမ်းနည်းပူဆွေးစွာ စုဝေးငိုကြွေးနေကြလေသည်။

အသုဘ၏ဧည့်ခန်းထောင့်တစ်နေရာမှာတော့ ဦးခေါင်းကနေ ခြေအဆုံးအထိ အမည်းရောင်ဝတ်ထားသည့် လူငယ်လေးက ခေါင်းကိုငုံ့ထားသည်။ သူ၏ပုခုံးများက တုန်ယင်နေကာ သူ၏နှုတ်ခမ်းကနေလည်း အသံတစ်ချို့ထွက်နေသည်မှာ သူငိုကြွေးနေသည့်အတိုင်းပါပင်။

သူကတော့ ဝမ်ဇီ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ ဒီအရေးကြီးတဲ့နေ့မှာတောင်မှ သူသည် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဂရုမစိုက်ပဲ သူ့ရဲ့ညီအစ်ကိုကောင်းကို နောက်ဆုံးအကြိမ် လာတွေ့တာဖြစ်လေ၏။

သူ့မျက်နှာကို လက်တစ်ဖက်ဖြင့် ဖုံးကာရင်းဖြင့် လူငယ်လေးသည် ခေါင်းငုံ့ချလိုက်သည်။ မသိရင် သူက ပူဆွေးသောကရောက်နေသည့်ပုံပေါက်သည်။

မရဏကစားပွဲ|ဘာသာပြန်| [Dropped]Where stories live. Discover now