Part 4

2.1K 222 4
                                    

A Fake Boyfriend in Mall (Part -4)
:::::::::::::::::::::::::::::::::::
Mall ထဲကဟန်ဆောင်ရည်းစားလေး

ရှောင်ကျန့် သူ့ရှေ့က chocolate cake လေးကို
ကြည့်နေတယ်
ဒါသူ့ရဲ့ menu သစ်လေး
ဒါလေးတစ်ခုလုပ်ဖို့ ၃နာရီကြာတယ်ဆိုတာ
ယုံကြမှာတော့မဟုတ်ဘူး

ဒါပေမယ့် ရှောင်ကျန့်တစ်ယောက်
တကယ်ကို ၃နာရီနီးပါးကြာအောင်လုပ်ထားရတာ
လိုချင်တဲ့အခါးထက်မရသေးလို့

ချောကလက်က အချိုဓာတ်ကြီးများနေရင်
အီလည်လည်ကြီး
အခါးဓာတ်လေးရောနေမှ စားကောင်းတာ

ရှောင်ကျန့် Mall  မဖွင့်ခင်ကတည်းက
အစောကြီးလာပြီး ဒီ cake ထိုင်လုပ်နေတာ

ရှောင်ကျန့်အတွက် အချောဆုံးအချိန်က
မုန့်ဖုတ်နေတဲ့အချိန်ပဲ
လုံးဝကို so smart

ဒါပေမယ့် ရည်းစားမရှိတာတော့မတတ်နိုင်ဘူး
ဟန်ဆောင်ရည်းစားလေးရလည်းမဆိုးပါဘူး
အနည်းဆုံးတော့ ငါ FA မဟုတ်ဘူးလို့
ကြွားလို့ရတာပေါ့

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးဖြီးနေတုန်း

"ဟိတ်  ရှောင်ကျန့် !

စိတ်လေးက ကြည်နူးချိန်ဆို
အနှောင့်အယှက်ဆိုတာပေါ်စမြဲပဲ
ဒါက သဘာဝကြီးလိုပဲ

"အော် ဖန်းရီ 
ဒီနေ့ စောလှချည်လား"

ဖန်းရီ ဒီနေ့ ဆိုင်ကိုအစောကြီးရောက်လာတာက
လုံးလဝီရိယ ရှိလို့တော့မဟုတ်ဘူး
Bus car မောင်းတဲ့ဦးလေးကြီးက
ဘယ်လိုတွေမောင်းမှန်းမသိဘူး
ဟိုကျော် ဒီခွနဲ့
တကယ်ကို racing ပြိုင်ပွဲတွေမှာ
ဝင်ပြိုင်ရင်ဆုရမှာ
အရည်းအချင်းတွေတိမ်ငုတ်နေတယ်ဆိုတာ
ဒါကိုပြောတာလားပဲ

"အင်း အကြောင်းရှိလို့ပါ
ဒါဆိုငါနည်းနည်းသန့်ရှင်းရေးလုပ်လိုက်ဦးမယ်
FA လေးးး"

နောက်ဆုံးစကားကို
နား အနားကပ်ပြောပြီး ခနဲ့နေတဲ့ ဖန်းရီကို
သူတကယ်အမြင်ကပ်တယ်
ဘဝကြီးက FA ဖြစ်တာမှားလား

ဘာပဲဖြစ်ဖြစ် သူ့မှာပြန်ချေပစရာရှိတယ်
အဟက်

ရုတ်တရတ်ကြီး ဆိုင်ထဲဝင်လာတဲ့ ရိပေါ်ကြောင့်
ကွက်တိပဲ

A Fake boyfriend in mall(Completed)(Mallထဲက ဟန်ဆောင်ရည်းစားလေး)zaw+uniWhere stories live. Discover now