မုန်းဖို့မဟုတ်ဖူး ချစ်ဖို့ အရာရာတိုင်းကို ချစ်ခြင်းမေတ္တာနဲ့ တုန့်ပြန်တတ်ရတယ် ဒါမှမဟုတ် ဥပေက္ခာနဲ့ မုန်းခြင်းက ကျနော်ဖြစ်ချင်တဲ့ လူကောင်းဆိုတဲ့ ပန်းတိုင်ကိုရောက်အောင် မပို့ဆောင်ဘူး ဒါပေမဲ့ တွန်းအားကတော့ပို့ဆောင်တယ် နောင်တဆိုတာ နွံလိုပါဘဲ ရုန်းလေ နစ်မြုပ်လေပေါ့ အတွေးလွန်ခြင်းတွေက လက်ရှိကိုပျောက်စေပြီး မမြင်ရတဲ့အနာဂတ်ကို ပျက်စီးစေတယ် ဒါကြောင့် ရှင်သန်ရမှာ ကျွန်တော်ကြောက်တယ် ဒါပေမဲ့ရှင်သန်ခြင်းကသာ ကျနော့်ကိုပျော်ရွှင်မူ့ပေးနိုင်တယ် ဒါကြောင့်ကျနော်ရှင်သန်ရမယ် သင်လည်းရှင်သန်ရမယ် အကြောက်တရားဆိုတာ တွေးပူခြင်တစ်မျိုးဘဲ လက်ရှိကိုပိုင်ရင်တိုက်ခိုက်နိုင်တယ် ဒါကြောင့်လက်ရှိကို ပိုင်ဆိုင်အောင် ကျနော်ကြိုးစားမယ် ပစ္စုပ္ပန်မှာရှင်သန်မယ် အနာဂတ်အတွက်ပြင်ဆင်မယ်