ခုနေ ကျမလို အလုပ်ထွက်ထားတဲ့သူတွေ၊ ဒီအလုပ်ကနေ ငါတော့ ထွက်တော့မယ် စဥ်းစားနေသူတွေ၊ ငါဘာတွေလုပ်နေတာလဲ ငါလုပ်နေတာတွေက ငါ့ဘဝရဲ့အချိန်တွေပေးဖို့ ထိုက်တန်ရဲ့လား စသဖြင့် တွေးမိနေသူတွေရှိရင် ပြောချင်တာ သင်ဟာတစ်ယောက်ထဲ မဟုတ်ပါဘူး။ ကိုဗစ်ရဲ့ကျေးဇူးနဲ့ ကျမတို့အားလုံးဟာ ကိုယ့်ဘဝကိုကိုယ် အရှိအတိုင်း ပြန်ကြည့် ပြန်သုံးသပ်ကြတဲ့အခါ ကမ္ဘာနဲ့အဝှမ်း လုပ်သားတွေ အလုပ်ထွက်ကုန်ကြတဲ့အတွက် The great resignation (Pandemic Epiphany) လ်ု့တောင် တင်စားလာကြတဲ့အထိပါပဲ။