ယွန်းဆိုတဲ့ကောင်လေးတစ်ယေက်ဟာသူ့ရဲ့ဖြစ်တည်မှုကြောင့်လူတကာရဲ့ကဲ့ရဲ့ရှုပ်ချမှုကိုခံနေရသူပါ။ဒီလိုနဲ့မခံနိုင်တော့တဲ့အဆုံးသူနဲ့သူ့အမေဟာတစ်ခြားတစ်နေရာသို့ပြောင်းရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမယ့်သူဟာထိုနေရာအသစ်မှာမိန်းကလေးလိုရှင်သန်နေထိုင်ရမှာပါ။ထို့ကြောင့်သူ့အမေဟာငယ်သူငယ်ချင်းဖြစ်သူနဲ့သူ့သမီးခွန်းချိုတို့ရဲ့အကူအညီကိုရယူကာယွန်းကိုမိန်းကလေးတစ်ယောက်လိုဖြစ်လာအောင်ပြုပြင်ပြောင်းလဲပေးပါတော့တယ်။ယွန်းကရောမိန်းကလေးတစ်ယောက်လိုပြောင်းလဲပြီးနေရာသစ်မှာနေနိုင်ပါ့မလား။အခက်အခဲအတားအဆီးတွေကိုရောကျော်လွှားနိုင်ပါ့မလားဆိုတာဖတ်ရှုရမှာပါ။