"အကို ကျွန်တော်မေးတာကိုဖြေအုံးလေ..ကျွန်တော်ကအကို့အတွက် လွယ်နေခဲ့လို့လား" အခါခါနင်းချေခံလိုက်ရတဲ့နှလုံးသားမှာလဲ ဒဏ်ရာဒဏ်ချက်တွေအပြည့်ပါပဲ။ တင်းကြပ်ကြပ်နဲ့မောဟိုက်လာတဲ့အထိဖြစ်ရတာလဲ အကို့ကြောင့်ပါပဲ။ အကိုနဲ့ပတ်သက်ရင် ထိပ်ဆုံးကပြေးကြိုနေတဲ့မျက်ရည်ဟာ အခုလည်းရုပ်ပျက်ဆင်းပျက်ထွက်ကျလာပြန်ပြီ။ ကျွန်တော်မုန်းတယ်။ အကိုနဲ့ပတ်သက်ရင်ကျွန်တော့်ဘဝက ဘာတစ်ခုမှကိုရစရာရှိမနေဘူး။