ရှကျန်းအမြင်တွင် ဖေချန်အန်းသည် အတွေးအခေါ်ခေတ်နောက်ကျကာ စကားပြောပုံဆိုပုံမှာ သူမအဖိုးနှင့်ဆင်တူသော်လည်း ရိုးသားရည်မွန်ကာ လူကိုမမေ့နိုင်အောင် ညှို့ယူ့နိုင်သည့် အရည်အချင်းရှိသည်။ သူမ သူ့ကိုမြင်မြင်ချင်း ချစ်မိသွားသလို ဟန်ဆောင်ခဲ့သည်။ ဟမ်၊ ဖေချန်အန်း ငါ့ကိုတကယ်ကောင်းမွန်ပြီး ဒိတ်ဖို့သင့်လျော်တယ်လို့ အမှန်တကယ်တွေးနေပုံပဲ။ ဟေးဟေး၊ ဒီလိုဆိုပိုကောင်းသွားပြီ။ ငါက လက်ထပ်ဖို့ မသင့်တော်မှန်း သူသိသွားရင် စွန့်ပစ်သွားလိမ့်မယ်။ အဲ့အချိန်မှာ ငါက ဝမ်းပန်းတနည်း အိမ်ပြန်ပြီး အချိန်ခဏတစ်ဖြုတ်အထိ ဘလိုင်းဒိတ်မသွားရအောင် အိမ်ကိုတောင်းဆိုလိုက်မယ်။ ကောင်းလိုက်တာ! ဒါပေမဲ့..... ရှကျန်း : "ကျွန်မ ဒီလောက်အကျိုးအကြောင်း မဆီလျော်တာ ရှင်ဘာလို့လမ်းမခွဲသေးတာလဲ" ဖေချန်အန်း : "ချစ်သူကောင်မလေးအပေါ် သည်းခံပေးရမယ်" ရှကျန်း : "ကျွန်မ