Essential_Of_You

ဂျူးရဲ့ ဒီနေ့အဖြစ်အပျက်ကိုပြောပြမယ်။
          	စာရှည်ပါမယ်နော်။
          	
          	ဂျူးက စက်ဘီးသိပ်မစီးတတ်တဲ့အထဲမှာပါတယ်။ ဒါပေမဲ့ စက်ဘီးတအားစီးတယ်။ ဆိုတော့ကာ … ဇာတ်လမ်းကဒီမှာစတာ။
          	
          	ဂျူး ဒီနေ့ စက်ဘီးနဲ့ မိခင်ခိုင်းလိုက်တဲ့ဆိုင်တစ်ဆိုင်ကိုရောက်တော့ ဈေးဝင်ဝယ်တယ်။ ပစ္စည်းက အများကြီးသိပ်မဝယ်ရတဲ့အတွက် စက်ဘီးရပ်တော့သော့မခတ်မိဘူး(ဒါ ဂျူးပေါ့ဆမိတာ)။
          	
          	ဈေးဝယ်တယ်။ ငွေရှင်းတယ်။ ပြန်အမ်းငွေစောင့်တယ်။
          	ပြန်အမ်းငွေယူပြီးရေနေတုန်းမှာ အဲ့ဆိုင်ရှေ့ကို ကောင်လေးနှစ်ယောက်ရောက်လာတယ်။ တစ်ယောက်က အရပ်ပုပုပိန်ပိန်။ နောက်တစ်ယောက်က အရပ်ရှည်ရှည်တောင့်တောင့်။ လူငယ်တွေပဲ။ အသက်နှစ်ဆယ်ကျော်မယ်တော့မထင်ဘူး။ သူတို့က ဂျူးဝင်ဝယ်နေတဲ့ဆိုင်ရဲ့အပေါ်ထပ်အလွှာတွေကိုကြည့်ပြီး သူတို့သူငယ်ချင်းကိုခေါ်သလိုလိုနဲ့နာမည်တစ်ခုကိုခေါ်နေတယ်။
          	"မင်းမဆင်းလာဘူးလား" ဘာညာပေါ့။
          	
          	ပိုက်ဆံရေနေရင်း ဂျူးစိတ်ထဲတမျိုးဖြစ်လာတော့ ဆိုင်ပြင်ကိုပြေးထွက်သွားလိုက်တယ်။ သူတို့က ဂျူးစက်ဘီးကို ယူဖို့အသင့်ဖြစ်နေပြီ (နင်းထွက်ဖို့ပဲကျန်တော့တယ်)။ (အော်နေတာကလည်း သူတို့ဇာတ်လမ်းလုပ်တာလို့ပဲထင်တယ်၊ ဥပမာ - ဆင်းမလာလို့ သူတို့စက်ဘီးနဲ့ပြန်ပြီပေါ့ စသဖြင့် )။
          	
          	ဘာလုပ်ရမှန်းမသိဖြစ်သွားပေမဲ့
          	ကိုယ့်စက်ဘီးအနား ဂျူးအမြန်ပြေးရတယ်။ သူတို့ကလည်း ဂျူးပြေးလာတာမြင်တော့ ဂျူးကိုကြောင်ကြည့်နေကြတယ်။ (သူတို့လည်း လိုက်ခိုးတာ သဘာမဟုတ်သေးလို့နဲ့တူတယ်)
          	
          	စက်ဘီးအနားကို ဂျူးရောက်တော့ သူတို့က သူတို့ဘာမှမလုပ်တဲ့အတိုင်း မယောင်မလည်ပုံနဲ့စက်ဘီးပေါ်ကဆင်းပေးတယ်။ ဂျူးလုပ်နိုင်ခဲ့တာဆိုလို့ သူတို့ကို ဘုကြည့်ကြည့်ပေးလိုက်တာပဲ။ သူတို့နှစ်‌ေယာက်ကလည်း ဟိုပြောဒီပြောနဲ့ အဲ့ဆိုင်ရှေ့ကထွက်သွားတယ်။
          	
          	ဒီအကြောင်း အိမ်ပြန်ရောက်လို့ မိခင်ကိုပြောပြတော့ "နင်မကြောက်ဘူးလား"တဲ့။ "သူတို့ ဆဲဆိုရိုက်နှက်သွားရင်ဘယ်လိုလုပ်မလဲ"တဲ့။
          	
          	အတည်ပြောတာ။ အဲ့အချိန်တုန်းက ဂျူးမှာကြောက်စိတ်မရှိခဲ့ဘူး။  အရွယ်တစ်ခုရောက်လာလို့ပဲလား ကိုယ့်ပစ္စည်းကိုယ်ကာကွယ်ဖို့ပဲခေါင်းထဲရှိခဲ့လို့လားတော့မသိဘူး။
          	
          	ဖြစ်သွားတာက 'ကြည့်မြင်တိုင်ညဈေး'မှာ။ အချိန်က သုံးနာရီလောက်။
          	
          	ဂျူးပြောချင်တာက
          	မိန်းကလေးတွေအနေနဲ့ သတိရှိဖို့လိုနေပြီ။ မကြောက်နဲ့။ မရှက်နဲ့။ အားမနာနဲ့။ အမြဲဂရုစိုက်ကြပါ။
          	
          	တော်သေးတယ်။ စက်ဘီးလေးပါမသွားလို့။ အဲ့စက်ဘီးက ဂျူးအတွက် မိခင်က မွေးနေ့လက်ဆောင်ဝယ်ပေးထားတာ။ ပါသွားရင် ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်လို့ဆုံးမှာမဟုတ်ဘူး။
          	 #EOU

Jack7119

@Essential_Of_You အမလေးမယ်ဂျူးရေဂရုစိုက်ပါအေ
Reply

Essential_Of_You

@goldtortoise ရှင်ပဲပြော
Reply

YuHnin_03

Update Update Update !!!!!!!!!!
          ပစ်ထားတာအရမ်းကိုကြာနေပြီနော် 
          မရေးတော့ဘူးဆိုရင်လဲ အသိပေးပါ 
          ခုဟာက ဘာမပြောညာမပြောနဲ့ နှစ်ပေါက်နေပြီ စောင့်နေတဲ့စာဖတ်သူတွေကို နည်းနည်းလောက်အရေးလုပ်ပြီး အားနာပေးပါအုံး 
          ဒီလိုပြောလို့ အဂျူးစိတ်ဆိုးမယ်ဆိုလဲ မတတ်နိုင်ဘူး ကိုယ်တွေစာဖတ်သူတွေရဲ့ နေရာကိုလဲ ဝင်ကြည့်ပေးစေချင်ပါတယ်
          ကိုယ်တွေအနေနဲ့ ဒီနှစ်တွေထဲ အဂျူးဖက်ကိုအများကြီးကြည့်ပေးပြီး နားလည်လက်ခံပေးထားခဲ့တယ်လို့ ထင်မိပါတယ်
          အဂျူးရဲ့စာကို သဘောကျလွန်းလို့ နှစ်ချီပြီး ongoing လိုက်တယ် 
          update မမှန်တာလဲ နားလည်ပေးတယ် 
          အကြောင်းပြချက်အမျိုးမျိုးနဲ့ လတော်တော်ကြာ ပျောက်သွားပြီးမှ ပြန်ပေါ်လာလဲ လက်ခံပေးတယ်
          ဒါမယ့် ဒီတစ်ကြိမ်ကတော့ တအားများသွားပြီရယ်
          အဂျူးမှာလဲ အဂျူးဘက်က အခက်အခဲရှိမှာကို နားလည်ပေမယ့် ကိုယ်တွေဖက်ကိုလဲ နည်းနည်းလောက်ကြည့်စေချင်တာပါ
          အဂျူးနဲ့ကိုယ်က fb မှာလဲ Fri တွေမို့ အဂျူးဘာတွေလုပ်နေတယ်ဆိုတာ အဂျူးချပြသလောက်တော့ ကိုယ်အနည်းအကျဥ်းသိထားပါတယ်
          ဒီလိုပြောရတာအားနာပေမယ့်
          ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်အရတော့ အဂျူးအနေနဲ့ update ပေးဖို့ စာရေးဖို့ နည်းနည်းလေးမှ ကြိုးစားနေတာမျိုးမရှိဘူးလို့ထင်ပါတယ်
          ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်ဖြစ်တာမို့ ဟုတ်ချင်မှလဲဟုတ်ပါလိမ့်မယ် 
          အဲ့လိုမဟုတ်ပါဘူး တစ်နည်းနည်းနဲ့ကြိုစားနေပါရက်နဲ့ ဘယ်လိုမှကိုအဆင်မပြေလို့ပါဆိုရင်တော့လဲ အဲ့စကားအတွက် အဂျူးကို ကိုယ်က အများကြီးတောင်းပန်ပါတယ်
          ကိုယ်တွေအနေနဲ့ကတော့ အဂျူးကို တစ်နေ့မှာ အများကြီးမဟုတ်တောင် ၁၀မိနစ် ၁၅မိနစ်လောက်လေးပဲဖြစ်ဖြစ် အချိန်ပေးပြီး စာလေးတစ်ကြောင်းဖြစ်စေ နှစ်ကြောင်းဖြစ်စေ ရေးစေချင်တာပါ
          အဂျူးကို တစ်ပတ်ဘယ်နပိုင်းရအောင် update ပေးပါ ဘာညာတောင်းဆိုနေတာလဲ မဟုတ်ရပါဘူး
          တစ်လတစ်ပိုင်းလောက်ဖြစ်ဖြစ် နှစ်လတစ်ပိုင်းလောက်ဖြစ်ဖြစ်ရမယ်ဆိုလဲ ကျေနပ်ပါတယ်
          ခုလိုကြီး မပြောမဆို နှစ်ပေါက်အောက် အဆက်ဖြတ်ထားတာကြီးကျ သိပ်မဟုတ်သေးဘူးလေနော်
          ဆိုရှယ်နားထားပြီး အနားယူနေတာလဲမဟုတ်ပါဘဲနဲ့
          စာမရေးတော့ပါဘူး Author life ကနေ နားလိုက်ပါပြီ ဆိုပြီးအသိပေးပြောထားတာမျိုးလဲ မရှိဖူးပါဘဲနဲ့ အခုလို ဆိုရှယ်ကျသုံးနေပြီး စာရေးတဲ့ဖက်ကိုကျ နည်းနည်းမှမလှည့်ဘဲ ဘာဆိုဘာမှမပြောမဆို နှစ်ပေါက်အောင်ပျောက်နေတာကြီးကျ စာဖတ်သူတွေကို အလေးမထားတာလို့ ခံစားရပါတယ်

SanSat2

သာသာ ရေ 2024 ရောက်လည်း ရီအော်စန်း ကို သတိရမြဲမို့ အဆင်ပြေရင် wpကို ပြန်လာပါတော့နော် သတိရတယ် နေက်ပြီးတော့ "sanshi"fic လေးကိုလည်းမျှော်နေပါပြီးနော် 
          သတိရတယ် သာသာ

YuHnin_03

အမွှာတို့ကိုလွမ်းနေပြီ အဂျူးရေ
          တစ်ပိုင်းတလေလောက်တော့ တင်ပေးပါအုံးလား
          ၁နှစ်ကျော်နေပြီနော် update မလာတာ
          မတင်တော့ဘူးလား စောင့်နေတဲ့လူတွေရှိသေးတယ်နော်

MeeChit416

ဝမ်ပါပါး နဲ့ ရှောင်ပါပါးရယ် အမြွှာ၃ယောက်ရယ် သမက်ကလေးတွေရယ် ညီမ၂ယောက်ရယ်
          ဝမ်ဦးလေးတို့ လင်မယားရယ် အဒေါ်ကြီးကိုစောင့်နေတဲ့ လူပျိုကြီး ယွီပင်းရယ် ပြီးတော့ ဒီ fic လေး ကို ရေးပေးတဲ့ သာသာရယ် အကုန်လုံးကို လွှမ်းလှနေပြီ❤️❤️❤️
          ဒီ fic လေးကိုဘဲ သတိရတိုင်း revision လုပ်နေတာ အကြိမ်ပေါင်းအများကြီးရှိနေပြီ family type လေးကို ဖတ်ရတာ အရမ်းကြိုက်နှစ်သက်တာဘဲ
          အပိုင်းသစ်လေးတွေကိုလဲ စောင့်မျှော်နေရင်း
          သာသာ ဖိုက်တင်း 

Essential_Of_You

@MeeChit416 ကျေးဇူးအများကြီးတင်ပါတယ်ရှင်
Reply

YuHnin_03

ရီအော့စန်းက တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းပဲလိုတော့တယ်နော် ရေးတော့ရေးအုံးမယ်မလား 
          တကယ်လို့ အကြောင်းကိစ္စတစ်ခုခုကြောင့် ဆက်မရေးဖြစ်တော့ဘူးဆိုရင်လဲပြောပါနော်
          စာမလာသတင်းမကြား နှစ်ချီပြီးပစ်မထားနဲ့
          စောင့်နေတဲ့လူတွေကိုလဲ တစ်ချက်ကြည့်ပေးပါအုံး
          ဒီတစ်ခါ update က အရမ်းအရမ်းကိုကြာနေပြီ

HninPhyu449

အမြဲတမ်းစောင့်မျှော်နေပါတယ်
Reply

Essential_Of_You

@YuHnin_03 ဟုတ်
            ရေးမှာပါ
            အားချိန်မရှိသေးလို့
Reply