Hanako243303

ပျော်လိုက်တာ accလေးပြန်ရပြီ

Hanako243303

သို့
              ......အစ်ကို 
                               /
          
           အစ်ကိုသိလား ညီမဘဝမှာ ၁၅၀၀မေတ္တာတွေကို ရက်ရက်ရောရောနဲ့ပေးခဲ့ဖူးတာဆိုလို့ ဒီလောကကြီးမှာ "အစ်ကို"လို့ ညီမနှုတ်ဖျားကမြတ်မြတ်နိုးနိုးနဲ့ခေါ်ဘူးတဲ့ ခင်ဗျားတစ်ယောက်ထဲရှိတယ် အစ်ကို...တခြားသူတွေနဲ့ဆိုအရမ်းမာနကြီးတယ် စကားတောင်ပြောလို့မရဘူးကွဆိုတဲ့ညီမက အစ်ကိုအတွက်ဆို အမြဲခစားပေးခဲ့တာ ညီမအချစ်ကတန်ဖိုးမဲ့နေလို့ အရမ်းအပေါစားဆန်နေလို့မဟုတ်ရပါဘူး အစ်ကို့အတွက်ဖြစ်နေလို့ပါ.....
           အစ်ကိုသိလားးး သူငယ်ချင်းအပေါင်းအပါတစ်ချို့ကပြောကြတယ် မိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုအ‌ေလးမထားတဲ့ယောကျာ်းတစ်ယောက်ကိုများဟာတဲ့ တကယ်တမ်းအစ်ကိုမိန်းကလေးတစ်ယောက်ကိုဘယ်လောက်အလေးထားလဲဆိုတာ အစ်ကို့ချစ်ရသူ အစ်မပေါ်ဂရုစိုက်တာကြည့်ရုံနဲ့ညီမသိတာပေါ့.....
           ကိုယ့်ကိုချစ်တဲ့သူတွေဒီလောက်ပုံနေတာ တစ်ယောက်လောက်တွဲပြလိုက်စမ်းပါတဲ့ ကိုယ့်အတွက်သူတို့ပြောပေးနေပေမယ့် အချစ်ဆိုတာတန်ပြန်ရမှမဟုတ်တာ အဝေးကနေငေးနေခွင့် မြင်နေခွင့်လေးရရင်ကိုပြည့်စုံနေတယ်ဆိုတာ သူတို့ကိုပြောပြချင်လိုက်တာ..... အစ်ကိုပြောပြဖူးတဲ့ မယ်သီတာလိုမဖြစ်ချင်ဘူးဆိုတော့စကားလေးကိုပြန်ကြားရောင်တိုင်းပြောပြချင်လိုက်တာအစ်ကိုရယ် ညီမအစ်ကို့ပေါ်ထားခဲ့တဲ့အချစ်ကလည်း ဒဿလိုအချစ်မျိုးမဟုတ်ပဲ လက္ခဏာလို ဘယ်သူမှမသိနိုင် ဘယ်ရာဇဝင်ထဲမှမပါရှိနိုင်တဲ့ အဖြူစင်ဆုံး၁၅၀၀ချစ်ချင်းဆိုတာကို တစ်နေ့နေ့တော့........
          
          
          ☺️ပျင်းလို့လျှောက်ဖီးခြင်း
           

Hanako243303

@AuroraTMH72 အဲ့ဒါဝတ္ထုရေးမယ်ဆိုပြီး လျှောက်ဖီးထားတာလေးပါ
Reply

AuroraTMH72

@Hanako243303 ပိုင်ရှင်ရှိရင်တော့ မချစ်မိအောင်နေပါကွယ်
Reply