IzzybellaAmara

ယခုလက်ရှိဖြစ်ပေါ်ခဲ့သော ဆရာမကြီးကြည်အေး၏ နွမ်းလျအိမ်ပြန် စာအုပ်မှ အပိုဒ်နှစ်ပိုဒ် ကူးယူရေးသားမိသည့်ပေါ်  အနူးအညွတ်တောင်းပန်၍ အင်မတန်နောင်တရမိပါသည်။ 
          	
          	ကျွန်မ၏ ထိုဖြစ်ရပ်ကြောင့် အခြားသော Wattpad စာရေးသူများပါ ရောထွေးအပြောခံနေရသည်ဟူသော postများအားတွေ့မိပါတယ်။ ဤဖြစ်ရပ်မှာ ကျွန်မတစ်ဦးတည်းဖြင့်သာဆိုင်ပြီး အခြားသော ဖန်တီးသူများနှင့်လုံးဝ မသက်ဆိုင်ပါ။ 
          	
          	ကျွန်မသည် ထိုအပြစ်များအတွက် " နွမ်းလျချစ်ခြင်းငယ် " ဟူသော ficနှင့်တကွ ကျွန်မ၏ ကိုယ်ပိုင်ဖန်တီးမှူ စစ်စစ်​ြဖစ်သော "နင့် " နှင့် " MASK" တို့ကိုပါ Unpublish ပြုလုပ်သွားပါတော့မည်။ Wattpad စာရေးသူအဖြစ်မှလဲ အကန့်အသတ်မရှိရပ်နားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 
          	
          	စိတ်ကိုပြန်လည်ပြင်ဆင်ဖို့လိုပါမယ်။စိတ်အဆင်ပြေသည့်အချိန်ကိုယိပိုင် ဖန်တီးမှုဖြင့် ပြန်လာနိုင်အောင်တော့ကြိုးစားပါ့မယ်။ သို့သော် အချိန်အကန့်အသတ်မပြောနိုင်ခြင်းကိုခွင့်လွှတ်ပါ။ ကျွန်မ၏ ကိုယ်ပိုင်ဖန်တီးမှု နှစ်ခုကိုတော့ စာလုံးပေါင်းပြင်ဆင်မှုများအပြီးပြန်လည်တင်ပေးမည်ဖြစ်သော်လည်း မည်မျှကြာမည် မပြောတတ်ပါ။ ထိုဖန်တီးမှု နှစ်ခုသည် လွန်ခဲ့သော ၆နှစ်မှစ၍ ကိုယ်တိုင်ဖန်တီးမှုဖြစ်သောကြောင့် စွဲသွင်းပြောဆိုနေမှုကိုတော့ စာနာသောအားဖြင့် ထောက်ထားပေးကြပါရန် မေတ္တာရပ်ခံပါသည်။ 
          	
          	ဤ Facebook တွင် ကျွန်မရှိနေဦးမှာဖြစ်သလို Wattpad တွင်လဲ စာဖတ်သူအဖြစ်ဆက်ရှိနေပါမယ်။ပြောစရာတွေရှိသေးရင် လာပြောနိုင်ပါတယ်။account တွေ Deပြေးတတ်တာ ကျွန်မအကျင့်မဟုတ်လို့ မစိုးရိမ်ပါနဲ့။
          	 
          	ယခုအချိန်ထိ ကျွန်မနှင့်အတူရှိနေခဲ့ပေးကြသော စာဖတ်သူအားလုံးကို ကျေးဇူးတင်သလို အားလဲ အားနာပါတယ်။
          	ဖြစ်ပျက်ခဲ့မှုများအတွက် အနူးအညွတ်တောင်းပန်ပါတယ်။
          	
          	Izzy

Barmahtee

သာသာရေ "နင့်" အဆက်လေး မတင်တော့ဘူးလားဟင်
          
IzzybellaAmara

@Barmahtee ဟုတ် MASK လေး လက်စသက်ပြီးတာနဲ့ဆက်တင်ပါမယ်ရှင့်။ ကြားထဲလဲ ရရင်ရသလိုကြိုးစားတင်ပေးပါ့မယ်။ မျှော်နေပေးတာကျေးဇူးပါရှင့်
Reply

MoeOo4

သာသာရေ MASK လေး ဆက်ဖတ် ချင်ပါတယ် please
          ဆကိရေးပေးပါနော့

MoeOo4

အသာ​လေျးရ ​နောအပိုင်း​တွေက zawgi ပြနထည့်ပေးပါဦး 
            zawgi ဖတ်မရဘူး 
Reply

IzzybellaAmara

@MoeOo4 ဟုတ်ကဲ့ပါရှင့် မျှော်နေပေးတာကျေးဇူးပါနော် 
Reply

Leo_Augusti

Maskလေး ဆက်တင်ပေးပါဦစ အမရာရေ...

IzzybellaAmara

@Leo_Augusti ဟုတ် ပြန်တင်ပေးနေပါပြီရှင့် 
Reply

THinMyat133930

@Leo_Augusti ဟုတ်တယ်အဆက်လေးဖတ်ချင်နေပီ