LiuLanzhi

သိပ်မကြာခင် မြန်မာနိုင်ငံက ထွက်သွားပါတော့မယ်,
          	အရင်က ကိုယ်က cosmetic အရောင်းပါ,
          	တနေကုန်ရပ်ရတာတောင်မှ လစာအများဆုံး (၄၅၀,၀၀၀) လောက်ပဲ ရဖူးပါတယ်(လုပ်ခဲ့သမျှထဲ အများဆုံးလစာကိုပြောတာပါ , အရောင်းပိုင်းတွေက လစာ+ percentage မို့လို့ ) ,ကျောင်းက အဝေးသင်ကို ဒီကာလထဲ မတက်ချင်လို့ နားထားတယ်,ထွက်ချင်တဲ့ အကြောင်းအရင်းက အဲဒါကြောင့်လဲ ပါတယ်,အိမ်က နှစ်နှစ်ပဲ ကျောင်းနားရမယ်ပြောထားလို့ ,ခု နားထားတာ နှစ်နှစ်ကျော်ပြီ, ငွေတန်ဖိုးလဲ ကွာလာတာနဲ့ စွန့်စားဖို့ ဆုံးဖြတ်ပြီး ထွက်သွားပါတော့မယ်, အသိတွေပါလို့ မလေးပဲ သွားမှာပါ, ကိုယ်က အဆုတ်လဲ သိပ်မကောင်းတော့ အေးတဲ့နိုင်ငံတွေလဲ  မသွားရဲပါဘူး,ဆေးအောင်တာတောင် ကျေးဇူးတင်ရမယ်, မဟုတ်ရင်တော့ ငွေတန်ဖိုးပိုများတဲ့ နိုင်ငံ သွားချင်တာ :'((
          	 
          	
          	စက်ရုံအလုပ်ပဲ လုပ်ရမှာမို့ ဟိုရောက်လို့ အလုပ်ပင်ပန်းပြီး လိုင်းပေါ် တင်တာ နည်းရင် နားလည်ပေးကြပါ
          	
          	ကိုယ်က ဘဝရည်မှန်းချက်တွေ အများကြီးရှိတဲ့ လူငယ်မို့လို့ ဘဝအတွက်စုမိမှ ပြန်လာပါ့မယ်
          	(အိမ်ကို ပြန်လာရင် ဘွဲ့ပြန်ယူမယ်လို့ ကတိပေးထားခဲ့ရတယ်)

LiuLanzhi

@VenusRay1 ဟုတ် ❤️ကိုယ်က ဒီလကုန်ခါနီးလောက်ဆို သွားပြီ 
Reply

VenusRay1

@LiuLanzhi Fighting jie 
          	  ကျွန်မလဲ ထွက်ဖို့ ကြိုးစားနေတာမို့ အတွေးချင်းတူနေတယ် ပြောရမယ်။
          	  အစစဂရုစိုက်ပါ။
Reply

Coalxcafe

ပြန်ရှာတွေ့ပြန်တော့လည်း Mr.Lu က 3 ကမရှိပြန်
          သရဲဆရာဝန်ကလည်း 3,4 မရှိပြန် ငိုချင်လာပြီ ညော် ဗြဲ

Coalxcafe

ဗြဲ နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီး လွန်ခဲ့တဲ့နှစ်တစ်ချို့က
          သရဲဆရာဝန်နဲ့ Mr.Lu ကိုဖတ်နေရင်း တန်းလန်းကြီးအဆက်အသွယ်ပြတ်သွားတာ အဲ့တုန်းက Author လားတော့မသိ မဖတ်ရတော့လို့ ရှာနေခဲ့တာ ခုမှပဲတွေ့တော့တယ် တကယ်ပျော်လွန်းလို့ တကယ်ကြာကြာရှာလိုက်ရတယ်..