PollenSN

ဖရုတို့ရေ ...
          	
          	
          	ပျံလွှားလေး ပြန်စတင်ထားပါပြီနော်!! အားပေးကြပါဦးလို့❤

AngelicSu

ပြီးမှဖတ်မယ်ဆိုပြီး ongoingမလိုက်ပဲရပ်လိုက်တာ book4 တဝက်လောက်ကဖြစ်မယ်ထင်တယ် ခုမှအားတုန်းလေး ဝင်လာတာ reviewsကြည့်ပြီး ဖတ်ရမှာတွန့်သွားပြီ ပိုလန်ရေ 

PollenSN

@AngelicSu နည်းနည်းပါးပါးပေါ့ ဟီး
Reply

AngelicSu

@PollenSN မငိုချင်ဘူးနော်
Reply

PollenSN

@AngelicSu မတွန့်ပါနဲ့ ရဲရဲကြီးသာ ဖတ်လိုက် ဟဲဟဲ  .. အဆုံးသတ်ကျင် အားလုံး ပြန်တွေ့ကြမှာပါ 
Reply

HninPhyu147

ပိုလန်ရေ ဒို့မျက်လုံး ဖွင့်မရတော့ဘူး၊ တာဝန်ယူပါ။ ချီကလေး ခြေထောက်တွေ မရှိတော့ဘူးဆိုတုန်းကလဲငို ၊ ပေယွဲ့ကြီး နှစ်ဝက်တောင် မခံတော့ဘူးဆိုလဲ ငိုနဲ့ မျက်လုံးကြီးဖောင်းနေပြီ။ ရီးစားနဲ့ ပြတ်တုန်းကတောင် အဲလောက် မငိုရဘူး။ ယွင်ရှီးတို့ကိုလေ book 5လောက်ထဲက ongoing လိုက်လာတာဆိုတော့ နှစ်ဝက်ကျော် တစ်နှစ်နီးပါးပါပဲ(commentမ‌ေရး ဘာမပေးဖြစ်ပေမယ့်ပေါ့)။ ညနေတိုင်း ၄နာရီကျော်တာနဲ့ ပိုလန်လေး update ပေးပြီလား ဝင်ဝင်ကြည့်ရတာ ညနေတိုင်းရဲ့ အကျင့်ဖြစ်လာတယ်။
          
          ထင်ထားတာလေ ယွင်ရှီးတို့တွေ လူစုံစုံလင်လင်နဲ့ သူ့မွေးစားညီမကို နိုင်ပြီး နယ်မြေချဲ့ထွင်ကြမယ် ၊ပျော်ပျော်ကြီးပြီးသွားမယ်ထင်နေတာ။ အခုလို ယွင်ရှီးတို့က ရေခဲထဲ ပိတ်မိ။ အငယ်လေးက ပျောက်သွားပြီး တစ်ကွဲတစ်ပြားစီကျန်ခဲ့မယ်လို့ လုံးဝမထင်ထားတာ။ (မူရင်းစာရေးသူက စားတယ်နော်(⁠┛⁠◉⁠Д⁠◉⁠)⁠┛⁠彡⁠┻⁠━⁠┻  မြန်မာကသာဆို သွားချောင်းရိုက်ဦးမယ်။
          
          အဲလိုကြီး ပြီးသွားတော့ ရင်ထဲမှာ ဆက်တောင် မငိုနိုင်တော့ဘူး။ ရင်ထဲ ဆို့ပြီး တင်းကြပ်ကြပ်ကြီး ကျန်ခဲ့တာ။ ပျံလွှားလေးအဆက်နဲ့ အိမ်မက်ကမ္ဘာကျန်သေးတယ်ဆိုလို့ ဖြည်တွေးတွေးပြီး ငြိမ်နေရတယ်။ extra ဇာတ်သိမ်းကြီးက ရင်ကိုတင်းကြပ်နေရော။ ညက ဖတ်ပြီး တော်တော်နဲ့တောင် အိပ်မပျော်ဘူး။ မိသားစု စုံစုံလင်လင် မနေရဘဲ ၁၀နှစ်ကြီးတောင် ကုန်လွန်သွားတာ စဉ်းစားတိုင်း စိတ်ထဲက မအီမလည်နဲ့ .⁠·⁠´⁠¯⁠`⁠(⁠>⁠▂⁠<⁠)⁠´⁠¯⁠`⁠·⁠.
          
          
          ဘာပဲဖြစ်ဖြစ် အဆုံးထိ ဘာသာပြန်ပေးလို့ ကျေးဇူးတင်ပါတယ်♥️။

PollenSN

@HninPhyu147 book 5 ကဆိုတော့ တစ်နှစ်နီးပါး  လိုက်ခဲ့တာဘဲ။ ကျေးဇူးပါရော်။ ဇာတ်သိမ်းကတော့ အမှန်ပဲ ပိုလန်လည်း ဒီလို သိမ်းသွားမယ်မထင်ထားဘူး။ စစချင်းက ပျံလွှားလေးကို ပြန်ဖို့ စိတ်ကူးမရှိဘူးရယ်။ ဒီလို အဆုံးသတ်သွားလို့ တို့လိုတန်းလန်းမို့ ကိုယ်လည်း ဖတ်ရင်း ဆက်ပြန်လိုက်တာရယ် ဖတ်ပေးသူမယ့်သူတွေလည်း ရှိတော့ စိတ်ချမ်းသာ (^_^)❤
Reply

PollenSN

ဖရုတို့
          
          ယွင်ရှီးတို့ရဲ့ အိပ်မက်ကမ္ဘာ ရေခဲပိတ်နေတဲ့အချိန် အပိုင်း ၁ တင်ထားပါတယ်နော်။ အားပေးကြပါဦးလို့ (^_^)
          
          ပျံလွှားလေးကတော့ ခဏစောင့်ကြပါဦးလို့ နောက်အကျဆုံးဆိုရင်တောင် နောက်အပတ် Monday တော့ ပြန်စမယ်လေနော်❤❤❤

ZinPwintThu0

@PollenSN အားပေးနေပါတယ်နော်
Reply

NweWin606

@PollenSN  အားပေးနေတယ် ချစ်တယ်နော် ပိုလန်လေး
Reply

PollenSN

ယွင်ရှီးတို့ ပြီးပါပြီနော် (^_^) ခံစားချက်လေးများ ဒီမှာလည်း ဝေမျှနိုင်ပါတယ်။ ဥထားတဲ့ ဖရုတို့လည်း ဖတ်လို့ရပါပြီ။ ပိုလန်လေး  ၃ ၄ရက်လောက် နားပြီးရင် ပျံလွှားလေးကို ပြန်စပါ့မယ်။ 
          
          ယွင်ရှီးလေးကို အစအဆုံး မျိုးစုံ အားပေးဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပျံလွှားလေးမှာ ပြန်တွေ့ ရအောင်ပါ ဖရုတို့။

MayKo3147

@PollenSN ကျေးဇူးများရီးတင်ပါရယ် ပင်ပန်းသွားခဲ့ရပါပီ
Reply

NangMK

ပြီးတဲ့အထိ သေချာဘာသာပြန်ပေးတာရယ်
            နေ့တိုင်း updateမပြတ်အောင် ကြိုးစားပေးခဲ့တာအတွက် ကျေးဇူးအများကြီးတင်ပါတယ် ပင်ပန်းသွားခဲ့ပါပြီ
Reply

LazyCatIsSmart

@PollenSN ကျေးဇူးတင်ပါတယ၊ အပြီးထိကိုမညီးမညူပြန်ပေးလို့၊ ဟိုဘဲ ကို ဆဲလိုက်၊ translator ကို အားနာလို့ငြိမ်လိုက်နဲ့၊ အခုတော့ပြီးသွားပြီ
Reply

PollenSN

ဖရုတို့ update တင်ထားပါတယ်ရော်။noti မတက်မှာ စိုးလို့.. ပိုလန်လေးဆီမှာတော့ မတက်သေးဘူးရယ်

hninyeephwe

@PollenSN ဟုတ်တယ်မတက်ဘူး
Reply

Angelphyu11

@PollenSN မတက်သေးပါဘူး အစကနေပြန်ဖတ်ဦးမယ်
Reply

PollenSN

ဖရုတို့ ညနေက updated က noti မတက်ကျဘူးလားဟင်!! ပိုလန်လေး ၆နာရီ လောက်တည်းတင်ထားပြီနော်

PollenSN

@Angelphyu11 ဟုတ်လား အခုလည်း တင်ထားတာ မတက်ဖူးရယ် wattpad ကြီး ဘာတွေ ဖြစ်နေမှန်းမသိဘူး
Reply

Angelphyu11

@PollenSN မတက်ဖူးရယ်
Reply