Ree1313

Quark ကို သုံးပိုင်းခွဲပြီး ရေးဖို့ စဉ်းစားထားတာ အခုတော့ ပထမပိုင်းကို အောင်မြင်စွာ ရေးနိုင်ခဲ့ပါပြီ။ အပိုင်း ၂၀ ရေးဖို့ ၄နှစ်ကြာသွားပါတယ်။ ကြားထဲမှာ တော်တော်များများလဲ ဖြစ်ပျက်ခဲ့ပြီးတော့ ကိုယ်လဲ စာပေလောကနဲ့ ဝေးကွာလုနီးပါး ဖြစ်နေပါပြီ။
          	တကယ်ကို အားအင်စိုက်ပြီး ရေးမယ်လို့ တွေးခဲ့တဲ့ ဇာတ်လမ်းဖြစ်ပေမဲ့လဲ အခုတော့ ဘယ်လိုဘယ်ပုံ ဖြစ်နေပြီလဲတော့ ကိုယ်လဲ မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်။
          	Quark မှာ အဓိက အရေးကြီးတဲ့ ဇာတ်ကောင် သုံးဦး ရှိပါတယ်။ နှစ်ဦးကတော့ ပထမပိုင်းမှာ ပါပြီးသွားပါပြီ။ နောက်ထပ် အရေးကြီးတဲ့ ဇာတ်ကောင်တစ်ဦးကတော့ ကျန်နေပါသေးတယ်။
          	စာရေးသူ ဘဝကို လက်လျှော့ဖို့ စဉ်းစားထားပေမဲ့ မပြီးပြတ်သေးတဲ့ ဒီဇာတ်လမ်းလေးကြောင့် ဆန့်တငင်ငင် ဖြစ်နေလို့ပါ။ ဘယ်အချိန် အပြီးသတ်နိုင်မလဲ မသိပေမဲ့ နောက်ဆုံး ဖတ်တဲ့သူ တစ်ယောက်မှ မရှိရင်တောင် 'Ree' ရဲ့ အမှတ်တရ တစ်ခုအဖြစ် သိမ်းထားချင်လို့ ပြီးတဲ့အထိတော့ ရေးသွားပါ့မယ်...

Ree1313

Quark ကို သုံးပိုင်းခွဲပြီး ရေးဖို့ စဉ်းစားထားတာ အခုတော့ ပထမပိုင်းကို အောင်မြင်စွာ ရေးနိုင်ခဲ့ပါပြီ။ အပိုင်း ၂၀ ရေးဖို့ ၄နှစ်ကြာသွားပါတယ်။ ကြားထဲမှာ တော်တော်များများလဲ ဖြစ်ပျက်ခဲ့ပြီးတော့ ကိုယ်လဲ စာပေလောကနဲ့ ဝေးကွာလုနီးပါး ဖြစ်နေပါပြီ။
          တကယ်ကို အားအင်စိုက်ပြီး ရေးမယ်လို့ တွေးခဲ့တဲ့ ဇာတ်လမ်းဖြစ်ပေမဲ့လဲ အခုတော့ ဘယ်လိုဘယ်ပုံ ဖြစ်နေပြီလဲတော့ ကိုယ်လဲ မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်။
          Quark မှာ အဓိက အရေးကြီးတဲ့ ဇာတ်ကောင် သုံးဦး ရှိပါတယ်။ နှစ်ဦးကတော့ ပထမပိုင်းမှာ ပါပြီးသွားပါပြီ။ နောက်ထပ် အရေးကြီးတဲ့ ဇာတ်ကောင်တစ်ဦးကတော့ ကျန်နေပါသေးတယ်။
          စာရေးသူ ဘဝကို လက်လျှော့ဖို့ စဉ်းစားထားပေမဲ့ မပြီးပြတ်သေးတဲ့ ဒီဇာတ်လမ်းလေးကြောင့် ဆန့်တငင်ငင် ဖြစ်နေလို့ပါ။ ဘယ်အချိန် အပြီးသတ်နိုင်မလဲ မသိပေမဲ့ နောက်ဆုံး ဖတ်တဲ့သူ တစ်ယောက်မှ မရှိရင်တောင် 'Ree' ရဲ့ အမှတ်တရ တစ်ခုအဖြစ် သိမ်းထားချင်လို့ ပြီးတဲ့အထိတော့ ရေးသွားပါ့မယ်...

Ree1313

Hello Ree ပါ ။ အားလုံးပဲ အဆင်ပြေပြေရှိကြရဲ့လား?
          ကိုယ့် personal life မှာ အလုပ်များလွန်းလို့ ဒီဘက်ကို ခြေဦးမလှည့်ဖြစ်တာတောင် ကြာပါပြီ။ ဒါပေမဲ့ မနေ့တုန်းက တွေ့လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ရင်ထဲ တစ်နေကုန် တနုံ့နုံ့ ဖြစ်နေတာနဲ့ ဇာတ်လမ်းတိုလေး တစ်ပုဒ် ရေးဖြစ်သွားတယ်။ 
          နောက်ပိုင်း ကိုယ့်စာတွေက စိတ်မချမ်းမြေ့စရာတွေချည်းပဲ ဖြစ်နေတာကို သတိထားမိတယ်။ တကယ့်လက်တွေ့ဘဝမှာ ဘယ်လောက်ပဲ အကောင်းမြင်စိတ်နဲ့နေနေ မသိစိတ်ထဲက လှုံ့ဆော်မှုကြောင့်ပဲလား စာရေးတဲ့အခါတိုင်း စိတ်ညစ်ညူးစရာတွေချည်းပဲ ဖြစ်နေတယ်။ အဲ့တာကြောင့်လဲ ကိုယ် စာရေးတာကို ခဏနားထားတာပါ။ ဖတ်တဲ့သူအတွက်လဲ အဆင်မပြေသလို ရေးတဲ့သူအတွက်လဲ ပင်ပန်းရတဲ့ စာမျိုးလို့ ထင်လို့လေ။ ဒါပေမဲ့လဲ ကိုယ့်ရင်ထဲမှာ ခံစားသမျှကို ဖွင့်ထုတ်ဖို့ကလဲ စာရေးတာတစ်မျိုးပဲ ရှိတော့ ဘယ်လိုမှ မမြိုသိပ်ထားနိုင်ဘဲ ဇာတ်လမ်းအဖြစ် ပြောင်းလဲလိုက်ရတဲ့ အကြောင်းအရာတွေ ရှိရင် ကိုယ် Ree အဖြစ် ပြန်လာဦးမှာပါ။ 
          အားလုံးပဲ ကောင်းသောနေ့လေးပါ။

Ree1313

ရေလိုက်ငါးလိုက်ဆိုတဲ့ အမူအကျင့်က ဒီလူ့ဘောင်အဖွဲ့အစည်းကြီးမှာ ရှင်သန်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အရာထင်တယ်နော်။ ကိုယ့်ကို ဘယ်အချိန် စိတ်အပင်ပန်းဆုံးလဲလို့ မေးရင် စိတ်ထဲက မပါတဲ့ စကားတွေကို ပြောရတာလို့ပဲ ဖြေရမယ်။ ကိုယ် စိတ်ထဲက မပါရင် ဘာမှမလုပ်ချင်တာမို့လို့ ကိုယ့်မှာ အပေါင်းအသင်းဆိုလို့ လက်ချိုးရေလို့ ရတယ်။ ဒါပေမဲ့ ဒီလူ့အဖွဲ့အစည်းမှာ ရှင်သန်နိုင်ဖို့ ကိုယ် မကြိုက်တဲ့ အဲ့ဒီ ရေလိုက်ငါးလိုက် ပုံစံကြီးကို နေပြရတာပဲ။ တချို့လူတွေကို ကြည့်ပြီး သံဝေဂရသလို တချို့လူတွေကို ကြည့်ပြီး ရယ်ချင်တယ်။ အထူးသဖြင့် ကိုယ်ကိုယ်တိုင်လဲ အရက်ခွက်ပုန်းကြိတ်ပြီး အရက်သမားမြင်ရင် နှာခေါင်းရှုံ့တတ်တဲ့ လူမျိုးတွေပေါ့။ တကယ် ဒီလူ့အဖွဲ့အစည်းကြီးမှာ ရှင်သန်နေရတာကိုက စိတ်ပျက်စရာကောင်းတယ်

Ree1313

@thethantmay ဟုတ်တယ်၊ ကိုယ် ယုံကြည်လို့ ရတယ်လို့ ထင်နေတဲ့လူတွေက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဖြစ်နေတာ၊ တကယ် စိတ်ပင်ပန်းရတယ်
Reply

Ree1313

@emiko_tomoe တကယ်နော်၊ တခါတလေတော့လဲ လူပင်ပန်းရတာထက် စိတ်ပင်ပန်းရ
Reply

Ree1313

@kattrinaabluu ဟုတ်တယ်၊ ကိုယ်လဲ အခုမှ လုပ်ငန်းဝင်ထဲ ဝင်ခါစဆိုတော့ လူ့အသိုင်းအဝိုင်းနဲ့ အခုမှ အထိအတွေ့ ရှိတာ
Reply

Ree1313

'အိမ်မက်' ဆိုတဲ့ စကားလုံးလေးက သိပ်လှတယ်လို့ ကိုယ် ထင်တယ်။ ဒါပေမဲ့ ဦးတည်ချက် ဆိုတာကြီး ပါလာတဲ့အခါ တချို့ အိမ်မက်တွေက ရုပ်ဆိုး အကျည်းတန်သွားကြတယ်၊ တချို့ အိမ်မက်တွေက သိပ်ကို လေးလံတဲ့ ၀န်ထုပ်၀န်ပိုးကြီးတွေ ဖြစ်လာကြတယ်။ 
          ဘာဦးတည်ချက်မှ သက်ရောက်တာမျိုး မခံရသေးတဲ့ ကိုယ်တို့ရဲ့ ကလေးဘ၀က အိမ်မက်တွေက သိပ်ကို ရိုးရှင်းလှပတယ်လို့ ကိုယ် ထင်တယ်။
          အဲ့တာကြောင့် ကိုယ် 'L's Diary' ကို ကိုယ် သဘောကျတဲ့ အိမ်မက်လှလှလေး တစ်ခုနဲ့ နိဒါန်းချီချင်တယ်။ အဲ့တာနဲ့ ကိုယ် "ယစ်ထုတ်ကြီးရဲ့ အိမ်မက်" ကို  စရေးဖြစ်တာပဲ။ 
          ကိုယ် ရေးချင်တဲ့ အကြောင်းအရာကတော့ ရှင်းပါတယ်။ ဘာပယောဂမှ သက်ရောက်မှု မရှိသေးတဲ့ ကိုယ်တို့ရဲ့ ငယ်စဉ်ဘ၀က အိမ်မက်လှလှလေးတွေကို ပြန်တမ်းတစေချင်ရုံပါပဲ...

ChuuYu_hua

@Ree1313 သိပ်မှန်လွန်းတယ်
Reply

Ree1313

စိတ်ပေါက်ရင် စိတ်ပေါက်သလို ရေးဖြစ်မယ့်short stories လေးတွေပါ။ short stories ဆိုပေမဲ့ L ဆိုတဲ့ ဇာတ်ကောင်လေးရဲ့ ဒိုင်ယာရီထဲက လူတွေ အကြောင်း ဖတ်ရမှာပါ။ L ဆိုတာ ဘယ်သူဘယ်ဝါ၊ ဘယ်လိုပုံသဏ္ဍာန်မျိုးလဲ ကိုယ် မကန့်သတ်ထားပါဘူး။ ကိုယ်တို့ အားလုံးတွေက L.  ဖြစ်နိုင်သလို L ရဲ့ ဒိုင်ယာရီထဲက ဇာတ်ကောင်လေးတွေလဲ ဖြစ်နိုင်ပါတယ်...
          https://www.wattpad.com/story/342899462

Ree1313

သတိထားမိမလားတော့ မသိဘူး၊ ကိုယ့် ဇာတ်လမ်းလေးတွေတိုင်းမှာ ပန်း လေး တစ်မျိုးစီကို Theme သဘောနဲ့ ထည့်ပြီး ရေးလေ့ရှိတယ်။ ကိုယ် ပထမဆုံး စရေးတဲ့ 
          The furthest or Nearest မှာက ကျူးလစ်ပန်း ၊ အချစ်ရူးသူရဲ့  အချစ်ဦးပုံပြင်မှာက ဒုဓလီပန်း၊ Colourless မှာက စံပယ်ပန်း၊ Neverland မှာက ကံ့ကော် ( ဒါလေးက ထူးထူးခြားခြား ဇာတ်ကောင်နာမည် လေးပေါ့) ၊ သံပုရာသီးမှာက ငွေပန်း၊ အခုထိ ရေးမပြီးတဲ့ Quark မှာကတော့ ခရေပန်း။ 
          ဇာတ်လမ်းကို စပြီး plot ချတုန်းကတော့ ဘယ်ပန်းကို ထည့်ပြီး ရေးမယ်လို့ တွေးထားတာမျိုး မရှိခဲ့ပေးမဲ့ ရေးရင်းနဲ့မှ ဇာတ်ကောင်နဲ့ လိုက်ဖက်မယ် ထင်တဲ့ ပန်းကလေးနဲ့ နွှယ်ပြီးရေးမိတာများပါတယ်။ ဘာရယ်မဟုတ် ကိုယ့်အကျင့်ကိုယ် အခုမှပြန်ပြီး သတိထားမိလို့ xD

AriHtike

@Ree1313 Poppy ပန်းလေးထည့်ရေးပေးပါအုံးနော်
Reply

babyhanny-2000

@Ree1313 ကံ့ကော်ပန်းလေးလည်း တစ်ပုဒ်လောက်ရေးပေးပါ ❤️
Reply

Ree1313

ဘာလိုလိုနဲ့ wattpad လောကထဲကို ခြေစချခဲ့တာ ၅နှစ်..
          စာရေးတဲ့ နယ်ပါယ်ကို ရောက်လာတာက ၄နှစ် သက်တမ်း ရှိခဲ့ပါပြီ..
          စစရေးချင်းတုန်းကတော့ စာဖတ်သူ တစ်ယောက်ပဲ ရှိရှိ ဆိုတဲ့ စိတ်လေး‌မွေးနိုင်ခဲ့ပေမဲ့ အချိန်ကြာလာတဲ့အမျှ ဒီစာရေးတာနဲ့ ပတ်သက်ပြီး လောဘတွေ ပိုတိုးလာတာကိုလဲ ကိုယ် ကိုယ်တိုင် သိပါတယ်။
          စာရေးသူတိုင်းက ကိုယ်ပုံဖော်လိုက်တဲ့ ဇာတ်လမ်းလေးတွေနဲ့ အတူ လိုက်ပါ‌စီးမြောပေးတာ၊ ကိုယ် မွေးထုတ်ပေးလိုက်တဲ့ ဇာတ်ကောင်လေးအပေါ် ချစ်မြတ်နိုးပေးတာကို သဘောကျတာချည်းပါပဲ။ အဲ့တာကြောင့် ကိုယ် ဒီနယ်ပါယ် မအောင်မြင်ချင်ဘူးလို့ မလိမ်ညာချင်ပါဘူး။
          ဒါပေမဲ့ ကိုယ့်ရဲ့ စာရေးဟန်ကရော၊ ကိုယ်ရေးတဲ့ ဇာတ်လမ်းပုံစံကရော တစ်ဖက်သူကို ဆွဲဆောင်နိုင်စွမ်းနည်းတာကိုလဲ ရိပ်မိပါတယ်။
          အရင်ကတော့ လက်တွေ့ဘ၀မှာ အပူအပင်မရှိတာကြောင့် Ree အဖြစ်နဲ့ အေးအေးလူလူ နေထိုင်နိုင်ခဲ့ပေမဲ့ အခုတော့ ကိုယ့်ပခုံးပေါ်မှာ တင်ထားရတဲ့ တာ၀န်တွေ၊ ၀တ္တရားတွေ ရှိလာပြီဆိုတော့ Ree အဖြစ် နေထိုင်နိုင်တဲ့ အချိန်က သိပ်ကို နည်းသွားပါပြီ။
          ဒါပေမဲ့ ကိုယ် အရင်က ပြောဖူးသလိုပဲ၊ စာရေးတာက ကိုယ့်ရဲ့ တစ်ခုတည်းသော ဝါသနာ ဖြစ်တာကြောင့် ကိုယ် ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။ ကိုယ် အချိန်ရှိသရွေ့ စာတွေ ဆက်ရေးနေဦးမှာပဲ ဖြစ်သလို ကိုယ် Ree အဖြစ်နဲ့ ပြန်လာပါ့မယ်..
          အခုအချိန်အထိ ကိုယ်ရေးထားတဲ့ ဇာတ်လမ်းတွေကို ဖတ်ရှုအားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်...
          ကိုယ် ဘယ်လောက်ပဲ အောင်မြင်ချင်ပါစေ စာစရေးကတည်းက ကိုယ့်အမြင် ရှုထောင့်တစ်ခုကို ပုံဖော်ချင်ရုံလေးပဲ ဖြစ်လို့ အဲ့ဒီလမ်း‌ကြောင်းက သွေဖယ်ပြီး ရေးဖြစ်မှာ မဟုတ်သလို  ကိုယ် ရေးတဲ့ စာတွေက တစ်စုံတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် အဓိပ္ပါယ် ရှိခဲ့မယ် ဆိုရင်တောင် ကိုယ် ကျေနပ်ပါတယ်...
          
          အားလုံးပဲ ဘယ်တော့လဲတော့ အတိအကျ မပြောနိုင်ပေမဲ့ မကြာခင် ပြန်တွေ့ပါ့မယ်...
          
          Good night, everyone :3

Ree1313

@thethantmay  ကိုယ်လဲ စာတွေပြန်ရေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။
Reply

thethantmay

@Ree1313 Reeရေးတဲ့စာကအမြဲ ဖတ်လို့ကောင်းတယ်ဆိုတာထက်ကိုပိုပါတယ်.....အမြဲလဲအားပေးနေသလို..Ree ပြန်လာ
            မယ့်အချိန်ကိုလဲမျှော်နေပါတယ်
Reply

howcouldibesopretty

Hiii I am just willing to know if you hav plans to creat bl stories! I was so mesmerized by your writing style just after reading 3 chapters of 'neverland'. But as reader who has a preference to bl genre, I will be one of the happiest human beings if I could read a BL novel as an own creation of yours! This is just a request and respectfully, I don't mean any insult to you!

howcouldibesopretty

Arghhh I didn't expect to get the response! I was worried that I couldn't sleep yet and checked here again lmao. Ig I can go to bed well now ^^
Reply

Ree1313

@howcouldibesopretty  I don't take offence. And I'm really grateful to your message! Of course, I have plans to write BL genre as I am also a fan of it. However, it depends on the situation whether my brain gets motivated or not , xD. I do have to plan to write it if I have a chance. 
Reply

Ree1313

အခုနောက်ပိုင်း ဇာတ်လမ်း တော်တော်များများမှာ sex အကြောင်းတွေ ပါလာတယ်လို့ ပြောသံပြန်ကြားရတော့ ကိုယ် ဘာရယ်မဟုတ် ဆရာမ ခင်နှင်းယုရဲ့ ဝတ္ထုတစ်ပုဒ်က 'ညပန်းချီရေးတယ်' ဆိုတဲ့ အသုံးအနှုန်းလေးကို သတိရသွားမိတယ်။ တကယ်တော့ ဟိုးအရင်ကတည်းက အချစ်ဝတ္ထုတော်တော်များများမှာ အဲ့လိုမျိုးတွေကို ရေးသားခဲ့ကြတာပါပဲ။ ဒါပေမဲ့ တင်ဆက်ပုံခြင်းကွာတယ်လို့ ဆိုရမှာပေါ့။ နောက်တစ်ခုက ရည်ရွယ်ချက်ရောပဲပေါ့။ တချို့ ဇာတ်လမ်းတွေမှာ sex အကြောင်းဆိုပေမဲ့ လူနှစ်ယောက်ကြားက အချစ်ကို လှလှပပကြီး တင်ဆက်သွားတာပါလားလို့ပဲ ခံစားလိုက်ရတယ်။ ဒါပေမဲ့ တချို့ ဇာတ်လမ်းတွေကတော့ မလိုအပ်ဘဲနဲ့ စာရဲ့ရသကို ဖျက်စီးလိုက်တယ်လို့ပဲ ကိုယ် ထင်ပါတယ်။ အခုခေတ်မှာ တော်တော်များများက rape case ကိုလဲ သာမန် ထမင်းစားရေသောက်လို ရေးလာကြတာကိုလဲ တွေ့ရတယ်။ အဲ့တာကတော့ တကယ်ကို အန္တရာယ်များတဲ့ ကိစ္စပါပဲ။ Trend တစ်ခုလိုတောင် ဖြစ်လာပြီး ဇာတ်လမ်းဇာတ်အိမ်ပိုင်းက အဲ့လိုဘက်တွေ အသွားများလာကြတာကိုလဲ တွေ့လာရတယ်။ ရသစာပေနဲ့ လိင်ဖျော်ဖြေရေး စာပေကြားမှာ စည်းတစ်ခုက ခြားထားတာကို သိမြင်စေချင်ပါတယ်။ ကိုယ် တင်ဆက်ပေးချင်တဲ့ အကြောင်းအရာ၊ ကိုယ် လှစ်ဟပြချင်တဲ့ ရည်ရွယ်ချက်က ကိုယ်ရေးတဲ့ ဇာတ်လမ်းရဲ့ အသက်သွေးကြောလို့ ကိုယ်ကတော့ ယူဆထားပါတယ်။ ကိုယ်ရေးတဲ့ စာရဲ့ တန်ဖိုးကိုလဲ အဲ့တာကပဲ ဆုံးဖြတ်ပေးတယ်လို့ မှတ်ယူထားတယ်။ ကိုယ်ရေးလိုက်တဲ့ စာဟာ လူမှုအသိုင်းအဝိုင်းအတွက် အဆိပ်အတောက်တစ်ခု မဖြစ်သွားဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ်က ဘာကြီးမှတော့ မဟုတ်ပေမဲ့ စာဖတ်ရတာကို နှစ်ခြိုက်တဲ့လူတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ ထင်မြင်ချက်ကို ပြန်ဝေမျှခြင်းပဲ ဖြစ်ပါတယ်။

Nandar096

@Ree1313 အဲ့တာတော့ကိုယ်လည်းလက်ခံတယ် 
Reply

emiko_tomoe

@Ree1313 သာသာပြောတာမှန်တယ်လို့
Reply