Tatainemhwae

သင်္ကြန်နှစ်ကူးလက်ဆောင်အဖြစ် GL Oneshort တစ်ပုဒ်လက်ဆောင်ပေးချင်လို့ ပြန်ရောက်လာတာပါ။ အပိုင်းသိပ်မများလို့ ဒီပိတ်ရက်အတွင်းမှာ အပြီးသတ်ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ဘေးကင်းရန်ကွာရှိကြပါစေ။

Tatainemhwae

သင်္ကြန်နှစ်ကူးလက်ဆောင်အဖြစ် GL Oneshort တစ်ပုဒ်လက်ဆောင်ပေးချင်လို့ ပြန်ရောက်လာတာပါ။ အပိုင်းသိပ်မများလို့ ဒီပိတ်ရက်အတွင်းမှာ အပြီးသတ်ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ဘေးကင်းရန်ကွာရှိကြပါစေ။

Hnin842

အလုပ်အကိုင်သစ်မှာရော အစစအရာရာ လွယ်ကူချောမွေ့ပါစေ
          စာတွေပြန်ရေးခဲ့ရင် From Pondicherryလေး အပြီးထိဖတ်ချင်နေတာ ကြာပါပြီဗျ

Tatainemhwae

ဟဲလို တတိုင်းမွှေးပါ။  ပြောစရာလေးရှိလို့ပါ။ အရင်ဆုံး စာဖတ်သူတွေကို တောင်းပန်ပါရစေ။ အများကြီးရှိမယ်လို့မယူဆပေမယ့် ကိုယ့်စာတွေကို သဘောကျပေးပြီး တင်သမျှဖတ်ရှုပေးတဲ့ လေးစားရပါသော စာဖတ်သူတို့ကို တောင်းပန်ပါတယ်။ အခုကစပြီး အချိန်တစ်ခုလောက်ထိ စာမရေးနိုင်တော့လို့ပါ။  နိုင်ငံသစ်၊ အလုပ်သစ်မှာ အခြေကျအောင် ပြန်ရုန်းကန်ရဦးမှာမို့ စာရေးခြင်းကို ခဏလောက်နားပါရစေ။ မြတ်နိုးရတဲ့ ဝါသနာဖြစ်ပြီး လေးစားရမယ့် စာဖတ်သူတွေရှိတဲ့ ဒီရပ်ဝန်းကို ပြန်လာနိုင်ဖို့လည်း ကြိုးစားပါ့မယ်။ အားလုံးပဲ ကောင်းသောနှစ်သစ်ဖြစ်ပါစေ။ တောင်းပန်ပါတယ်။ ရုတ်တရက်ကြီးမို့လည်း ရေးလက်စတွေကိုပါ အဆုံးမသတ်နိုင်တော့တာကိုလည်း  နားလည်ပေးပါ။ သုံးနှစ်တာကာလမှာ အမှတ်တရတွေရှိခဲ့ပြီး ခွန်အားတွေလည်းရခဲ့တာမို့ တတိုင်းမွှေးရဲ့ မိတ်ဆွေတွေကို ကျေးဇူးအထူးတင်ရပါတယ်။ အားလုံး ဘေးကင်းရန်ကွာရှိပါစေ။

zmo351

@Tatainemhwae ပြန်လာမယ့်အချိန်ထိစောင့်မျှော်နေမှာပါ
Reply

DoraChoco

@Tatainemhwae ဂရုစိုက်ပါgl ပါ
Reply

LuLuNgel7

@Tatainemhwae တိုင်းတစ်ပါးမှာကျန်းမာရေးလည်းဂရုစိုက်နော်
            မျှော်နေမယ်သာသာ❤️
Reply

Tatainemhwae

အကြာကြီးပျောက်သွားတယ်ဆိုတာ သိပါတယ်။  ရုတ်တရက် မျက်စိကျန်းမာရေးကြောင့် ဆေးခန်းပြလိုက် နားလိုက် လုပ်လိုက်ရလို့ပါ။ အခုချိန်မှာတော့ ကျန်းမာရေးကောင်းသွားပေမယ့် လက်ရှိနေထိုင်ရေးကိစ္စလေး စီစဉ်စရာရှိလို့ အခြေကျအောင် အချိန်လေး နည်းနည်းတောင်းချင်ပါတယ်။ Ficတွေက ပစ်ထားတာ မဟုတ်ပါဘူး။ တိမ်ခိုးလေနှင်ကို အပြီးသတ်ပြီးပါပြီ။ အချောပြန်ရေးတာလည်း တဝက်လောက်ပြီးပါပြီ။ အသစ်လေးတွေကိုလည်း  စာရိုက်ဖို့ အသံဖိုင်အပ်ထားပြီးပါပြီ။ တစ်လလောက်ကြာရင်တော့ စာဖတ်သူတွေနဲ့ ပြန်ပြီး ချိတ်ဆက်နိုင်တော့မှာပါ။ Ficတွေကို ဂရုစိုက်မရေးနိုင်တာလဲ ကိုယ့်ကိုကိုယ်သိပါတယ်။ အဲ့တာကြောင့်လည်း စာဖတ်သူတွေကို အားနာရပါတယ်။ ကိုယ်က တတ်နိုင်မယ်ဆိုရင်လေ အချိန်ပြည့် စိတ်နှစ်ပြီး စာရေးချင်သူပါ။ နေရာအသစ် အလုပ်သစ် ပတ်ဝန်းကျင်အသစ်မှာ အခြေမကျသေးတဲ့ သူမို့ လိုအပ်ချက်တွေရှိတာကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အများကြီး လိုအပ်ချက်တွေရှိနေတာကိုတောင် အတူရှိနေပေးတဲ့ အားပေးနေတဲ့သူတွေကိုလည်း ကျေးဇူးတင်ရပါတယ်။  မျက်နှာပူပူနဲ့ပဲ အချိန်ပေးဖို့ ခွင့်တောင်းဆိုချင်ပါတယ်။

Tatainemhwae

@GraceGrace132 ဟုတ်ကဲ့ပါ။ နားလည်ပေးပြီး အတူတူရှိနေပေးလို့လည်း ကျေးဇူးတင်ရပါတယ်။
Reply

Tatainemhwae

@Kang894 စောင့်နေစေမိလို့ အားနာပါတယ် ။ နားလည်ပေးလို့လည်း အများကြီး ကျေးဇူးတင်ရပါတယ်
Reply

Tatainemhwae

@ThiriThiri873119 နားလည်ပေးလို့ အများကြီးအားနာပြီး ကျေးဇူးလဲတင်ရပါတယ်
Reply

Tatainemhwae

တိမ်ခိုးလေနှင်အပိုင်းသစ်တင်ထားပါတယ်။ စကားမစပ် ပဉ္စလက်မြို့တော် s-2ကို audio book အနေနဲ့ဆိုရင်ရော ဘယ်လိုသဘောရပါသလဲ။

ThiriThiri873119

ဟုတ်ဘယ်ဟာဖြစ်ဖြစ်အားပေးနေမှာပါ
Reply

Tatainemhwae

@zmo351 ဟုတ်တယ်နော် စာဖတ်ရတာတော့ ပိုသဘာဝကျတယ်မလား
Reply

Tatainemhwae

@ThiriThiri873119 ကြိုးစားကြည့်ပါဦးမယ်
Reply

Tatainemhwae

တိမ်ခိုးလေနှင်အပိုင်းသစ်တင်ထားပေးပါတယ်။

Tatainemhwae

@zmo351 မငြိုငြင်ဘဲဖတ်ပေးတာကိုလည်းကျေးဇူးအများကြီးတင်ရပါတယ်
Reply

zmo351

@Tatainemhwae ကျေးဇူးတင်ပါတယ်
Reply

Tatainemhwae

အချိန် သုံးနှစ်တောင်ကြာသွားပေမယ့် ပဉ္စလက်မြို့တော် အတွဲ(၂) မရေးနိုင်သေးပါဘူး။ စောင့်မျှော်နေတဲ့ စာဖတ်သူတွေ စိတ်ပျက်သွားပြီထင်နေခဲ့ပေမယ့် တကူးတက message boxကနေ လာပြောပေးတဲ့ စာဖတ်သူတွေရှိနေခဲ့တာပဲ။ စိတ်ထဲမှာ ရေးချင်စိတ်လည်းတကယ်ရှိပါတယ်။ ရေးဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတော့ မဟုတ်သေးဘူးဆိုပြီး ပြန်ဖျက်လိုက်ရတဲ့ ဇာတ်အိမ်တွေလည်း နှစ်ခု သုံးခုမကတော့ဘူး။ နောက်တစ်ခုက ကျမိုင်းနဲ့ အငယ့်ကို ပြန်ဆုံစေချင်သူတွေကမေးတယ် ဘယ်လိုပြန်လည်တွေ့ဆုံမှုမျိုးလဲတဲ့။ တကယ်တော့ စာရေးမရတဲ့ အထဲမှာ အဲ့တာ အဓိကဖြစ်နေတာ။ စာရေးသူ အနေနဲ့ဆိုရင် လွတ်လပ်ငြိမ်းချမ်းပြီး ပျော်ရွှင်မှုတွေရှိတဲ့ သံသရာတစ်ကွေ့မှာ သူတို့ကို ပြန်ဆုံစေချင်ပါတယ်။ အဲ့လိုဖြစ်ဖို့ဆိုရင် ပဉ္စလက်မြို့တော်ဆိုတဲ့ အရာအားလုံးရဲ့ အစဟာ ပျောက်ကွယ်သွားမလားပဲ။ နောက်ခံ သမိုင်းကြောင်းနဲ့ ပတ်သတ်ပြီး ပြောချင်တာတွေရှိပေမယ့် ပြောလို့ မဖြစ်တဲ့ အကြောင်းတွေလည်းရှိနေပြန်တော့ ...အင်း သိပ်အဆင်မပြေဘူးပေါ့။ ဒီနေ့ ဒီစာကို လာရေးရတဲ့ အကြောင်းပြချက်ကတော့ စာဖတ်သူတွေဆီက အကြံဉာဏ်လိုချင်လို့ပါ။ အကယ်၍ မပြီးသေးတဲ့ ဇာတ်လမ်းကို ဖတ်ချင်သူတွေများရှိခဲ့ရင် ဘယ်လို အဆုံးသတ်ကို လိုချင်ပါတယ် ၊ ဘယ်လို အကြောင်းအရာကိုတော့ ထည့်သွင်းစေချင်ပါတယ် အဲ့လို လိုလားချက်လေးတွေ လာပြောပေးဖို့ တောင်းဆိုပါတယ်။ ဒီနှစ်မှာ ဖြစ်မြောက်အောင် ပြန်ရေးတော့မှာ မို့လို့ပါ။

user14288849

ပျော်စရာဇာတ်သိမ်း​လေးဆိုပြီးတာပါပဲ ​စောင့်​နေပါ့မယ်❤
Reply

Tatainemhwae

@KhinKhin003 ကြိုးစားပါ့မယ်
Reply

KhinKhin003

@Tatainemhwae ဘယ်လောက်ဘဲကြာကြာစောင့်ပါမယ် s2ကိုရေးပေးပါ
Reply

Tatainemhwae

စာရေးဖို့ ကုန်ကြမ်းလည်းရှိတယ် တကယ်ရေးမယ်ဆို တပိုင်းပြီးတစ်ပိုင်းကောက်ရေးလိုက်ရုံပဲကို ဘယ်လိုမှ အာရုံစိုက်လို့ကိုမရဘူးဖြစ်နေတယ်။ အရင်လည်း ဖြစ်ဖူးပေမယ့် အခုတကြိမ်တော်တော်ဆိုးတယ်။ တစ်လမကတော့ဘူး စာရေးလို့မရတာ။ ကျန်တဲ့ ဘာသာစကားအတန်းက စာတွေလည်း လုပ်မရဘူး။ စာကြည့်ဖို့ /စာရေးဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ လူက ကယောက်ကယက်ဖြစ်လာတာ။ တခြားအကြောင်းတစ်ခုခု ဝင်လာပြီး စိတ်တိုလိုက် စိတ်ဓါတ်ကျလိုက်နဲ့ အချိန်တွေသာကုန်သွားတယ် ဘာမှမလုပ်ဖြစ်လိုက်ဘူး။ အကြံပေးကြပါဦး ။ လုပ်စရာတွေ တောင်လိုပုံနေတာကို လူက ခွေးဖြစ်တော့မယ်။

ThiriThiri873119

@Tatainemhwae ဟုတ်အဆင်ပြေလို့ဝမ်းသာပါတယ်ရှင့်
Reply

Tatainemhwae

@ThiriThiri873119 အကြံပေးတဲ့ အတိုင်းလုပ်လိုက်တာ အခုတော့ အများကြီး အဆင်ပြေလာပါပြီ
Reply

Tatainemhwae

Hello တတိုင်းမွှေးပါ normal တစ်ပုဒ်အသစ်တင်ထားပါတယ်။ ဇာတ်ကြောင်းကို ပြောရမယ်ဆိုရင်တော့ .....ဟုတ်ကဲ့ ဖတ်ကြည့်လိုက်ပါ ။ နာမည်လေးက "တိမ်ခိုးလေနှင်တဲ့ " https://www.wattpad.com/story/335835744-%E1%80%90%E1%80%AD%E1%80%99%E1%80%BA%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%B1%E1%80%94%E1%80%BE%E1%80%84%E1%80%BA

ThiriThiri873119

@Tatainemhwae ဟုတ်သာသာ
Reply