"ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။
သင်ကြိုးစားနေတာလား
ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။
ဒါသင်သွားမယ့် လမ်းကြောင်းက အမှိုက်တွေပါ
အမှိုက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလွဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။
သင် ကျရူံးနေလား
ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြငေ်္သ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။
လူဆိုတာ ကိုယ္ထက္သာ
မနာလို တာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားက် အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်တိုင်းပြီးလဲ လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။
ကျရူံးချိန်တွေ ပြီးရင်
မလြဲမေသြ လာမွာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန္ဖိုးရွိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။
သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။
သင် အောင်မြင်နေပြီလား
ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။
မူရင်းရေးသားသူအားလေးစားလျက်
  • JoinedJanuary 30, 2020
Following
Last Message
XC5953 XC5953 Jan 21, 2025 02:00AM
ficတွေက ပြန်ရေးဖို့လုပ်နေပါတယ်...ခဏတော့စောင့်ပေးပါနော်ဒီတလောပျောက်သွားတာကလည်း ကိုယ်ရေးကိုယ်တာမအားတာတွေကြောင့်အဆင်မပြေလို့ပါ...အခုလက်ရှိရေးလက်စတွေကိုအသစ်တမျိုးလေးတွေ တွေးထားတာလေးတွေအစိအစဉ်ပြန်ဆွဲနေ...
View all Conversations
Stories by Shwe Khoon Thit
My child looks like his father( ငါ့ေကလးကေအဖတူသား ) by XC5953
My child looks like his father( ငါ...
Alpha & Omega ဘုန်းဆက်လူလူ ထင်လင်းဝေသာ
ချစ်ခြင်းဂဂါၤ မြသဲညှာ ( ချစ်ခြင်းဂဂါင်္ မြသဲညှာ)  by XC5953
ချစ်ခြင်းဂဂါၤ မြသဲညှာ ( ချစ်ခြင်းဂ...
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)  by XC5953
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း...
1 Reading List