ကော်ဖီခွက် မှောက်တာ၊ 
ပိုက်ဆံကျပျောက်တာလေးလောက်နဲ့
စိတ်ဆင်းရဲနေရင်

တကယ့်လောကဒဏ်ဆိုတာ . . . .ဘာလဲလို့
မိသားစုတစ်ခုလုံး ပြိုကွဲပျက်စီးသွားချိန် ၊
တစ်လဝင်ငွေဟာ လုံးလုံး . . . .
ကိုယ်ထမ်းပိုးထားရတဲ့ တာဝန်တွေအတွက်
မလောက်မငှဖြစ်လာချိန်တွေမှာ ပိုသိလိမ့်မယ်တဲ့။

ကိုယ်ကတော့ အခုနောက်ပိုင်း . . . .
စကားတစ်ခွန်းကိုတော်တော်လေးပြောဖြစ်တယ်။

" လက်ခံလိုက်. . . ."
" ဟုတ်တယ်၊ လက်ခံလိုက် " လို့ ။

ကိုယ့်မှာ အရှက်ရစရာမိသားစုရှိနေလား
" ဟုတ်ပြီ. . . .လက်ခံလိုက် "
ကိုယ့်မှာ ဆိုးသွမ်းတဲ့သားသမီးတစ်ယောက်ရှိနေလား
" ဟုတ်တယ်၊ လက်ခံလိုက် "

တစ်ခြား ကိုယ်ပြုပြင်ပြောင်းလဲလို့မရတဲ့အရာတွေရှိနေသေးရင်လည်း ရှင်းရှင်းလေး၊
" အဲ့အရာကို ဒီအတိုင်းပဲလက်ခံလိုက် "

တကယ်တော့ လူတွေပင်ပန်းတယ်ဆိုတာ. . . .
ပြတ်ပြတ်သားသား ဘဝကိုလက်မခံနိုင်ကြလို့တဲ့။

ငါဒီလိုဖြစ်နေတာ၊ ဒီလိုကြုံနေတာကြောင့်
ငါ့မှာ ဒီပြဿနာတွေရှိနေတာကြောင့် ၊ ပတ်ဝန်းကျင်ကဘယ်လိုပြောမလဲ၊ဘယ်လိုမြင်မလဲဆိုတာတွေနဲ့ အလုပ်ရှုပ်နေကြလို့

အဲ့အရာတွေကိုလက်ခံဖို့ခက်ခဲပြီး လိုက်ပြောင်းလဲဖို့ကြိုးစားနေမိကြတာပဲ။

နောက်ဆုံးကျတော့. . . . .အဲ့အရာတွေက
ကိုယ့်ဘဝထဲမှာ တကယ်လည်း ပြောင်းလဲသွားတာမဟုတ်ဘူးလေ။

ဒါကြောင့် ကိုယ်မကျူးလွန်ထားတဲ့ ဘဝပေးကိစ္စတွေအတွက် ဖြေရှင်းလို့မရတော့ရင်
လူတွေဝိုင်းလက်ညိုးထိုးတာခံလာရရင်

" ဒီအတိုင်းပဲ လက်ခံလိုက် "

" ဟုတ်တယ်. . . .ငါ့ဘဝကအဲ့အတိုင်းပဲ ၊
နင်တို့မြင်တဲ့အတိုင်းပဲ ၊

ဘာဖြစ်လဲ. . . .ငါကျော်ဖြတ်နေတယ်၊ ငါ့မှာအဲ့လိုပြဿနာတွေရှိတယ် "

ဒါပဲ. . . . .
ကျန်တာလူတွေ သူတို့ပြောချင်ရာပြောပါစေ

ရှင်သန်ခြင်းဓာတ်စာမှ🌼
  • ကမ္ဘာကြီးပေါ်က နေရာတစ်ခု
  • JoinedFebruary 20, 2024


Stories by YoonMoonight
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)  (The Fog That Is Hidden) by YoonMoonight
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျ...
မြူကို ဘယ်လိုမြင်လဲလို့မေးလာရင် သေချာပေါက်တစ်ခွန်းတည်းဖြေလိုက်မယ်..... ခွန်းအပြုံးတွေကို ဖန်တီးပေးနိုင်တဲ့အရာ...
ranking #14 in friends See all rankings
Began In April  by YoonMoonight
Began In April
just One Shot Have Fun
ranking #16 in thingyan See all rankings