aV_o_Cado

ဟယ်လို
          	ထောပတ်သီးပါ
          	ပထမဦးဆုံးအနေနဲ့ ပြောပြစရာလေးရှိလို့ပါ။စာပိစိလေး ရှည်နိုင်ပါတယ်။အခု "ကောင်းသောအချစ်များသည်....."ဆိုတဲ့ Heehoon fanficလေးရေးထားပါတယ်။တကယ်တမ်းပြောရရင် fanficဆိုတာထက် ကျွန်တော့်ရဲ့ဖြစ်ရပ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
          	
          	ကျွန်တော့်မှာလဲ အချစ်ဦးရှိခဲ့ဖူးသလို ကျွန်တော့်ကိုလဲ အချစ်ဦးအဖြစ် ရင်ထဲမှာ ဆယ်စုနှစ်တစ်စုကျော်ကျော် သိမ်းထားခဲ့ဖူးတဲ့ သူလဲရှိခဲ့ဖူးပါတယ်။
          	လွန်ခဲ့တဲ့ ရှစ်လလောက်က သူနဲ့ကျွန်တော် တွေ့ပြီးပြောဖြစ်ခဲ့တဲ့ စကားတွေကို ရေးထားခဲ့တာဖြစ်ပါတယ်။
          	အသက်သုံးဆယ်ကျော်တွေမဟုတ်ဘဲ နှစ်ဆယ်ကျော်တွေဖြစ်နေတာ၊သူက အောင်မြင်နေတဲ့ ကဗျာဆရာမဟုတ်ဘဲ တက်သစ်စကဗျာဆရာဖြစ်နေတာ၊ကော်ဖီဆိုင်မှာမဟုတ်ဘဲ သူနဲ့ကျွန်တော်ရဲ့ ဇာတိမြို့က ပဲပြားသုတ်ဆိုင်မှာတွေ့ခဲ့တာကလွဲရင် ကျန်တာအကုန်အမှန်တွေပါ။
          	Parkချင်းတူနေလို့ ဝမ်းကွဲလုပ်လိုက်တာမျိုးမဟုတ်ဘဲ ကျွန်တော့်မှာလဲ တကယ့်ဝမ်းကွဲသူငယ်ချင်းရှိပါတယ်။သူကလဲ ကျွန်တော့်ဝမ်းကွဲဆီမှာ အရင်ဝန်ခံပြီး ကျွန်တော့်ကို တစ်ဖက်လှည့်နဲ့ ကြိုသိထားစေခဲ့ပါတယ်။
          	ကျွန်တော်‌တို့တွေ ကောင်းမွန်တဲ့ တွေ့ဆုံခြင်းမျိုး၊ခွဲခွာခြင်းမျိုး ဖြစ်ခဲ့ပါတယ်။
          	အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်"ကောင်းသောအချစ်များသည်....."ကို ရေးပြီးခါစ အချိန်တွေတုန်းကရော၊မနေ့ညက publishလုပ်မယ်လို့ဆုံးဖြတ်ပြီး publishလုပ်ခဲ့တဲ့အချိန်မှာရော ငိုမိခဲ့ပါတယ်။
          	ဘာလို့လဲမေးရင် အဖြေမရှိပါဘူး။
          	"ကောင်းသောအချစ်များသည် နောက်ကျလေ့မရှိပါကြောင်း၊မင်းကို ကိုယ်ချစ်ခဲ့တယ်"ဆိုတာ သူအကြိုက်ဆုံး ကဗျာပါ။
          	ကျွန်တော်ကလဲ သူ့ကိုချစ်ပြီး၊သူကချစ်တဲ့ လူကောင်းတစ်ယောက်နဲ့ တွေ့နိုင်ဖို့ စိတ်ရင်းနဲ့ဆန္ဒပြုပါတယ်။ကောင်းသောအချစ်များသည် နောက်‌ကျလေ့မရှိပါကြောင်း မဟုတ်လား။
          	
          	လှပတဲ့အတိတ်တွေနဲ့ အချစ်ဦးဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။မင်းတို့မှာရော.....?
          	
          	ချစ်ခင်လျက်,
          	ထောပတ်သီး
          	
          	စာကြွင်း။ ။စိတ်ပါလက်ပါရှိတဲ့နေ့တွေမှာ အတိတ်ကအကြောင်းလေးတွေ မှတ်မိသလောက် နည်းနည်းချင်းစီ ရေးသွားဖို့ရှိပါတယ်။
          	
          	https://www.wattpad.com/story/336119530?