cakehoii
ကြားထဲမှာ ခနခနနှုတ်ဆက်စာတွေရေးခဲ့ပေမယ့် ပြန်ပြန်လာခဲ့မိတာ ဒီတစ်ခါတော့တကယ်ပဲနောက်ဆုံးပါပဲ။စိတ်ပင်ပန်းတိုင်း real life ထဲကနေခွာပြီး ဒီနေရာမှာ ရင်ဖွင့်၊ အကြံဥာဏ်တောင်းခဲ့တာတွေကို အရေးတယူလုပ်ပြီး အကြံပေးကြ၊နားထောင်ပေးတဲ့လူတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော်။အိုင့်အတွက်ကျ ကိုယ့်ကိုမသိတဲ့လူကို ရင်ဖွင့်ရတာပိုပြီးသက်တောင့်သက်သာရှိခဲ့တာမလို့ တကယ်ပဲနားထောင်ပေးခဲ့တာတွေကိုကျေးဇူးတင်ပါတယ်။ 2022 ကနေ2024 အထိ ရှိခဲ့တဲ့ကောင်းတဲ့အမှတ်တရတွေရော ၊ မမှတ်မိချင်တော့တဲ့အမှတ်တရတွေရော ဒီ dec မှာcakehoiiနာမည်နဲ့အကုန်လုံးကို ချန်ခဲ့ထားပါပြီ။ Wattpad accက de မရဘူးလို့လည်းပြောကြတာမလို့ deဖို့တော့ ဒီရက်ပိုင်းကြိုးစားကြည့်ပါဦးမယ် မရရင်တော့ အပြီး logout မှာပါ။Zangi acc လည်း de ဖို့တွေးထားတာမလို့ စာတွေမပို့ပါနဲ့တော့။ Ngl မှာ ရေးလက်စ "Where Our Flames Could Never Touch" အကြောင်းလည်းမေးထားကြလို့ အဲ့စာကသူနဲ့အပြီးသတ်ဖို့လုပ်ခဲ့တုန်းကရေးထားတာပါ။ ပြန်ဆက်သွယ်ကြတော့ အိုင့်ဘက်က မတော်တဆ chat deleteမိတော့ အဲ့တုန်းကအိုင်တို့ပြောထားတာတွေမရှိတော့တာကြောင့် ပြန်ရေးဖို့ကလည်း အဲ့ mood နဲ့ ဘယ်လိုမှ မတူတော့တာမလို့ဆက်မရေးတော့တာပါ။ ဆိုတော့ အားလုံးပဲ နေကောင်းကျန်းမာပြီးပျော်ရွှင်ပါစေ။ပျော်ရွှင်စရာနှစ်သစ်ပါလို့ ကြိုဆုတောင်းရင်း နှုတ်ဆက်ခဲ့ပါတယ်။