ပန်းမန်တိုင်းဟာ နေကို မကြိုက် ၊
ပန်းမန်တိုင်းရဲ့မျှော်ကိုးရာဟာ နေ မဟုတ် ။
နေရောင်အောက်က နေကြာပန်း ၊
နေကွယ်ရာက ရော့ခရိစ်
အလှပဆုံး ပွင့်လန်းကာမူ
အပုပ်ကောင်တို့ လောဘဇောတိုက် ။

မီးခိုးတလူလူ လေပူဝေ့ဝေ့ ​
သဲနုပြင်က ယမ်းနံ့ငွေ့ငွေ့ ။
အဘယ်သူများ ဥယျာဥ်ငယ်မှာ သေနေ့စေ့ ။
နွေလယ်ခေါင်မှာ သူ့မြေငါလု
သေပန်းပွင့်လဲ ငါ့ကောင်းမှု ။

ဟိုးဝေးဝေးက စက္ကူပန်းနီ
လူသေအိုင်က သွေးလောက် မနီီ ။
ပူပြင်းလွန်းတဲ့ မြေမဟီ
မာဏဝီရဲ့ အပူကို မမှီ ။

ခြောက်သွေ့ကုန်လွယ် ခါနွေဦးဝယ်
ပန်းတို့ လန်းလဲ
သောကမြေဝယ် နွေနေပူဆဲ ။
  • JoinedDecember 5, 2020


Story by ကုမ္မာရီ
LS : AMITY by kummarii
LS : AMITY
ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ သူစိမ်းတစ်ယောက်အပေါ် မေတ္တာဓာတ်တွေ ငုံ ။ ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ ငေးက...
ranking #2 in jack See all rankings