suekhatthar

          	
          	
          	
          	Cash on deli ပေးပါမယ်။
          	
          	
          	

suekhatthar

          
          
          
          Cash on deli ပေးပါမယ်။
          
          
          

suekhatthar

OH...My Beloved Badass စာအုပ် ပြန်လိုချင်မယ့်သူ​တွေအတွက် ဆူး စဥ်းစားထားတာပါ။
          တိုင်ပင်တယ်လို့ သ​ဘောထား​ပေးပါ​နော်။
          
          အခု ombb စာမူနဲ့  လက်ရှိ cover ကို​တော့ ဆူးနဲ့ပဲဆိုင်​တော့တဲ့အ​ကြောင်း​ တင်ထားပါတယ်။
          ပြန်ထုတ်ရင် ဆူး ခင်ရတဲ့ ညီမ​လေးရဲ့ တိုက်မှာ ပြန်ထုတ်ဖို့ရည်ရွယ်ထားပါတယ်။
          ဆူး ကိုယ်တိုင်လည်း အရင်က အဲ့မှာ လုပ်ပါတယ်။
          ခုက တခြား အလုပ်ရှိတာမို့ အများကြီး မလုပ်နိုင်တော့တာပါ။ 
          
          ဆူးကိုယ်တိုင် ပုံနှိပ်တိုက်နဲ့ တိုက်ရိုက် ပြောထားတာအရ ဒီ cover နဲ့ပဲဆိုရင်​တော့ ဒီ​ဈေးနဲ့ပဲ ထပ်ထုတ်နိုင်ပါတယ်။
          Cover ပြောင်းရင်​​တော့ Cover fees ရှိ​တာမို့ ဈေးပြန်ချိန်ဆရ​တော့မှာပါ။
          ဆူး အ​နေနဲ့လည်း ဒီ cover နဲ့ ထပ်တိုးသ​ဘောပဲ ထုတ်ချင်ပါတယ်။
          တစ်နှစ်​တောင် မပြည့်ခင် 2nd Edition ထုတ်ဖို့ရာ အဆင်မ​ပြေဘူးလို့ ထင်လို့ပါ။ 
          
          ပုံနှိပ်က​တော့ ကြာချိန် ၁လ က​နေ အုပ်​ရေများရင်​တော့ ၁လခွဲလို့ ပြောပါတယ်။
          Cash on deli ပေးပါမယ်။
          အဲ့တာ​ကြောင့် စုချိန်တော့ရမှာပါ။ 
          
          ခု ပထမတစ်ခါမှာ ငွေလွှဲရက် စာရင်းထဲ မပါလို့ Refund လည်း မရ၊ စာအုပ်လည်း မရတဲ့သူ​တွေ ရှိတာ ဆူး သိပါတယ်။
          အဲ့လူ​တွေကို ဆူး တစ်ခုခု​တော့ ကြိုးစား စီစဉ်ပါ့မယ်။
          ခု အတိအကျ မ​​ပြောနိုင်တာက စာအုပ် order အ​နေအထား ဘယ်လို ဖြစ်မယ်မှန်း မသိ​သေးလို့ပါ။
          ဆူး စာမူခကို အများကြီး ထည့်သွင်းစဥ်းစားထားခြင်း မရှိလို့ အတပ်မ​ပြော​ပေးနိုင်​သေးတာ နားလည်​ပေးပါ​နော်။
          အပြည့်အဝမဟုတ်ရင်​တောင် အတတ်နိုင်ဆုံး​တော့ ဆူး ထည့်သွင်းစဥ်းစား​မှာပါရှင်။ 
          
          အဆင်​ပြေမ​ပြေ အကြံပြု​ပေးဖို့ မျှော်လင့်ပါတယ်၊ 
          

suekhatthar

ဟဲဟဲ...ဒီရက်ပိုင်းထဲ ပျောက်သွားလိုက်၊ ပေါ်လာရင် ဈေးဗန်းတွေပဲ ခင်းလိုက်များ ဖြစ်နေလား မသိဘူး။
          ခုလည်း ခါ​တော်မှီ Halloween One Shot ​လေး ၁ ပုဒ်တင်ထားလို့ပါ။
          
          Fic က မနှစ်ကတည်းက ​ရေးထားတဲ့ အ​ဟောင်းလေးပါ။
          စာအုပ် ၁ အုပ်အတွက် ​နေမကောင်းတဲ့ကြားက အားကျိုးမာန်တက် ​ရေး​ပေးလိုက်ပေမယ့် မထုတ်ဖြစ်တဲ့ one shot ​လေး​ပေါ့နော်။
          
          Noah ဆိုတဲ့ ကောင်လေးက သာမာန် အထက်တန်းကျောင်းသား​လေးပါပဲ။ 
          ဒါ​ပေမဲ့ သူ့ဘဝရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်အ​နေနဲ့ သူတို့ Junior year, Halloween ညမှာ ​အတန်း​ဖော်ကောင်​လေး Rio က ကားမ​တော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တယ်။
          
          Rio နဲ့သူဟာ သူငယ်ချင်းအရင်းတွေ မဟုတ်​ပေမယ့် ဒီနှစ် Halloween မှာ​တော့ အိပ်ရာနိုးနိုးချင်းကို သူ Rio ကို သတိရမိတယ်။
          လူတိုင်း သူ့လိုပဲ သတိရနေမယ် ထင်ခဲ့ပေမယ့် လူတိုင်းက ​မေ့​မေ့ပျောက်ပျောက်ပဲ...
          
          အဲ့ကိစ္စနဲ့ စိတ်ထဲ အစာမ​ကြေဖြစ်နေတဲ့ Noah ၁ ​ယောက်၊ ​သူ့သူငယ်ချင်းမဟုတ်တဲ့ Rio ကို မျက်စိ​ရှေ့မှာ အထင်းသားကြီး ပြန်​တွေ့လိုက်ရတဲ့အချိန်မှာတော့....
          
          ဇာတ်လမ်းက အချိုလေးပါပဲ။
          ဆူးရဲ့ ထုံးစံအတိုင်း Plot twist ပိစိနဲ့ အချိုအချဥ်လေးတွေတော့ အရသာစုံမှာပေါ့နော်...
          
          ဖတ်ကြည့်ပြီး စိတ်အပန်းပြေစေဖို့ မျှော်လင့်ပါတယ်ရှင်။
          
          (Symphony က ဒီရက်ပိုင်းထဲပဲ Update မှာပါ။
          ဆူး အလုပ်ရှုပ်ရမယ့် အပတ်ရှိသေးတာ မေ့ပြီး Chapter 1,2,3 ကို သွားတင်မိတာ။
          အစမှာတင် Update ကြာရမှာနဲ့ တိုးလို့ တကယ် အားနာမိပါတယ်ရှင်။
          မနက်ဖြန်ဆိုရင် ပြန်အားပါပြီ။)

suekhatthar

Caption အတိုင်းပါပဲ...
          Finally အကြာကြီး ကြာသွားပြီးနောက်မှာတော့ ကိုဘုဏ်းရှိန်ထက်မြတ်ရဲ့  Story ​လေးကို စ,တင်လိုက်နိုင်ပါပြီ...Yay...
          
          Title ကို OH...My Beloved Symphony လို့ ​ပေးထားပါတယ်။
          အဓိပ္ပါယ်က​တော့ ဖတ်ရင်း သိလာရမှာပါလို့...
          
          Ombb ရဲ့ S2 ဆိုပေမယ့် ဇာတ်ကြောင်းက မသက်ဆိုင်သ​​လောက်ပဲ ဖြစ်မှာပါ။
          အရသာကတော့ ဆူးဆူးရဲ့ ထုံးစံအတိုင်း ရိုလာကိုစတာ ver ​လေးပဲပေါ့နော်။ 
          
          Ombb ထက်တော့ အ​ရေးပါတဲ့ ဇာတ်ကောင်​လေးတွေ ပိုပါလာနိုင်ပါတယ်။
          အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ကြိုးစားပြီး​ ဖန်တီးပါ့မယ်။
          
          ခု Chapter 2 ထိ တင်ထားပါပြီ။
          မနက်ဖြန်  Chapter 3 တင်ပေးပါ့မယ်။
          ပြီးရင်တော့ Update က တစ်ပတ် ၂ ပိုင်း to တစ်ပတ် ၁ ပိုင်းလောက်ပဲ ဆူး တတ်နိုင်ပါတော့တယ်။
          (တကယ် အလုပ်နဲ့ မနိုင်လို့ပါ။)
          
          အားလုံး ဖတ်​ပေး၊ ဝေဘင်​ပေးကြပါအုံးလို့...
          ချစ်ယူ all မွမွ..
          

HtetHtet378288

@suekhatthar Ombb ရဲ့S2 လေးဘယ်မှာဖတ်ရမလဲဟင် ရှာမတွေ့လို့ပါ
Reply

HeraLilac

@suekhatthar တကယ်ကြီးပဲ ♡(> ਊ <)♡
Reply

mothhtun

@suekhatthar ဟီးမျှော်နေပါ့မယ်ရှင့်
Reply

suekhatthar

ခါ​တော်မှီ သီတင်းကျွတ် One Shot ​လေး 
          
          လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေကိုမှ ကြိုက်တတ်တဲ့ကောင်လေး  ၁ယောက်ရယ်...
          
          စတွေ့ကတည်းက ထူးထူးဆန်းဆန်း အူကြောင်ကြောင်လို့ ထင်ရတဲ့ကောင်လေး ၁ယောက်ရယ်...
          
          အ​နောက်နိုင်ငံတွေမှာ ပြောလေ့ရှိတဲ့ အသုံးအနှုန်း တစ်ခုရှိတယ်။
          Miracle in December တဲ့။
          မယုံနိုင်စရာ အဖြစ်အပျက်လှလှလေးတွေက ခရစ္စမတ်ရှိရာ ဒီဇင်ဘာလမှာ ဖြစ်တတ်ကြတယ်ပေါ့လေ။
          
          ဒီ one shot မှာတော့ မီးရောင်စုံ ထိန်ထိန်လင်းပါတဲ့ ရေကျော် သီတင်းကျွတ်ပွဲဈေးမှာ နှစ်ယောက်သား ဘယ်လိုမျိုး ဆုံဖြစ်ပြီး...ဘယ်လို အလွဲတွေကနေ ဘယ်လို Miracle in Thadingyut ဖြစ်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးပါးနဲ့ အချိုလေးပဲ ရေးထားတာပါ။
          
          ဆူး စာမ​ရေးဖြစ်တာကြာတာရော၊ သီတင်းကျွတ် Vibe တစ်ခါမှ မ​ရေးဖူးတာရောကြောင့် Confidenceတော့ နည်းနည်း ကျနေပါတယ်။
          ဒါပေမဲ့ ပေါ့ပေါ့ပါးပါး အချိုကိုမှ မြှုပ်ကွက်ပိစိလေးနဲ့မို့ ဒီသီတင်းကျွတ်ကာလမှာ စိတ်ပင်ပန်းတာလေးတွေ ခဏတော့ လျော့သွားမယ်လို့ မျှော်လင့်ပါတယ်ရှင်။
          
          Happy Thadingyut to you all ပါလို့ 
          
          https://www.wattpad.com/story/323537210?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=suekhatthar&wp_originator=kMOMC9uLBcJHuhN6QEOLMTiY1aO9t%2FCoCAQq05p3G5GufgnJTdFNiM33C1SSwC%2BQiyae4BqI9il8zXt11OBszYeO3k6S3pPV1VStVVyEuFS2blLlfhI56y8a9eo5x4Yy