zwealthurain1990

ချစ်ခင်လေးစားရပါသော ကျွန်တော့ရဲ့စာဖတ်ပရိတ်သတ်ကြီးခဗျာ..
          	ဒီရက်ပိုင်းတွေမှာ သစ္စာဖြင့်ဖန်တီးသော ကိုအပိုင်းသစ် မတင်ပေးနိုင်တာကို နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်ထင်ပါတယ်။
          	လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေမှာ စာရေးချင်စိတ်၊စာဖတ်ချင်စိတ်လုံးဝမရှိဖြစ်နေခဲ့ပါတယ်။
          	အခုဖြစ်ပျက်နေတဲ့လုပ်ရပ်ဟာ မတရားမှုလို့ခံယူထားသလို အဲဒီမတရားမှုနဲ့ ယှဥ်တွဲနေတဲ့ စနစ်တစ်ခုကို ရနိုင်သမျှနည်းလမ်းတွေနဲ့ တွန်းလှန်ဆန့်ကျင်ဖို့ လှုပ်ရှားလျက်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ပြည်သူ့ဝန်ထမ်းတစ်ယောက် ဖြစ်နေတဲ့အတွက် CDMလို့ခေါ်တဲ့ လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ရင်း မှန်ကန်သော ဓမ္မဘက်မှ တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်ကြီးလည်း ဒီတိုက်ပွဲတွေမှာ ပါဝင်နေမယ်လို့ ယုံကြည်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ ကျွန်တော်တို့တွေဟာ စိတ်ပင်ပန်းမှု၊ကိုယ်ပင်ပန်းမှုတွေ ခံစားလာရမယ်လို့လဲ ထင်ပါတယ်။ အဲဒီ့စိတ်ပင်ပန်းမှုတွေ ပြေပျောက်သွားအောင်၊ နောက်ထပ်စိတ်ခွန်အားအသစ်လေးတွေ ဖြစ်လာအောင်ဆိုပြီး ကျွန်တော့်ရဲ့ Real BL storyကို ဆက်ပြီး အသက်သွင်းရေးသားပေးလိုက်ပါတယ်။ အပြင်လက်တွေ့ဘဝက ဒီလူသားလေးနှစ်ယောက်ရဲ့ ချစ်စရာကောင်းလှတဲ့ ဇာတ်လမ်းဇာတ်ကွက်အစုံစုံကို ဖတ်ရှုခံစားရင်း စိတ်အမောတွေပြေနိုင်ကြပါစေ။ ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ပျော်စရာရှိတာလဲပျော် လုပ်စရာရှိတဲ့အလုပ်ကိုလဲဆက်ပြီးလုပ်နိုင်ကြပါ။ အားတင်းထားကြပါ။ fighting ...အောင်မြင်ရမည်။

zwealthurain1990

@MinganReader စိတ်ချပါခ​ဗျာ
Reply

MinganReader

@zwealthurain1990 အန္တရာယ်ကင်းကင်းနဲ့အိမ်ပြန်လာပေးပါ ဒါဆိုစိတ်ချပါပြီ လူသားအားလုံးဘေးကင်းကြပါစေ❤️❤️
Reply

AungAllan

Fic အသစ်လေးတွေထက်မလာတော့ ဘူးလား အကို

zwealthurain1990

@AungAllan အားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်​​​ဗျာ
Reply

AungAllan

@AungAllan ဟုတ်ကဲ့ပါ စောင့်မျှော်နေပါတယ် 
            ဖြစ်ရပ်မှန်ကိုအခြေခံပြီး သဘာဝကျကျ လေးတွေရေးပေးလို့ ဖတ်ရတာ ကိုယ်တိုင်ခံစားနေရသလိုဘဲ။ 
            အမြဲအားပေးလျက်ပါ။
Reply

zwealthurain1990

@AungAllan လာမှာပါခ​ဗျာ
            အင်တာနက်ဖြတ်ခံထားရလို့ပါ
Reply

NoeNoe315

ကိုဇွဲရဲ့ ဒီ Fic ကိုပထမဦးဆုံးဖတ်မိတာပါ တကယ်ကိုလေးစားမိပါတယ် အမြဲအားပေးနေပါတယ်နော် 
          ဇာတ်သိမ်းပိုင်းမှာငိုခဲ့မိတာလေးအမှတ်တရပါလို့

zwealthurain1990

@MWd558 အားပေးပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်လျက်ပါခ​ဗျာ
Reply

ayelay995

ဦး ဇွဲ ကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ

TTYATH

@ayelay995 ဟုတ် အများကြီးချစ်ပေးမယ်
Reply

zwealthurain1990

@ayelay995 အများကြီးချစ်ပေးပေါ့​ဗျာ
Reply

user55669280

ဒီစာအုပ်လေးဖတ်ဖြစ်ဲ့တာက fbမှာ အရမ်းငိုရတဲ့စာအုပ်လေးတွေlinks ချပေးပါအုံးဆိုတော့ ဒီစာအုပ်လေးညွှန်းလာပေးတယ် အများကြီးထဲကမှဒွစာအုပ်လေးကိုပုံလေးနဲ့စာအုပ်နာမည်လေးကိုသဘောကျမိတာရယ် real loveဆိုတာလေးကစွဲဆောင်ပြီးစဖတ်ဖြစ်ခဲ့တယ်
          စာအုပ်တစ်အုပ်ကိုဖတ်တော့မယ်ဆိုအဆုံးကိုအရင်လှန်ဖတ်ပြီးမှ ဇာတ်သိမ်းပျော်ရမှဖတ်တက်တဲ့ ဒီကောင်မလေးက ဒီစာအုပ်လေးဖတ်မယ်ဆိုတော့အဆုံးကိုမကြည့်မိဘဲ အစကနေတစ်ရွက်မှမကျေယ်နိုင်ဘဲဖတ်ခဲ့ရတယ် အရေးအသားလေးကောင်းတာ​ကြောင့် ချစ်ဖို့ကောင်းတဲ့အပြုအမူတွေကမျက်လုံးထဲတန်းမြင်မိတယ် ဖတ်ရင်းနဲ့တွေးမိတယ် ငါကဝမ်းနည်းဖို့ကောင်းတာlinksတောင်းတာကို ဒီကြည်နူးစရာချစ်ဖို့ကောင်းတာနဲ့ဘာဆိုင်လဲဆိုပြီးတွေးတွေးရင်းဖတ်လာခဲ့တာ အပိုင်း(၆၀)ကျော်လာတာနဲ့ဝမ်းနည်းမှုတွေမျက်ရည်တွေအရမ်းခံစားခဲ့ရတယ် ဦးဇွဲရယ် အရမ်းဖတ်လို့ကောင်းခဲ့သလိုမျက်ရည်တွေရွဲ လောက်အောင်ငိုခဲ့ရတယ် ကိုပြည့်စုံကိုအရမ်းမုန်းတယ်သိပ်မုန်းတယ် ဦးဇွဲနဲ့ထပ်တူခံစားမိပါတယ်ဦးဇွဲရယ်အားတင်းထားပါနော်အစစအရာရာအဆင်ပြေချောမွေ့ပါစေ❤❤️‍️‍

zwealthurain1990

@user55669280 အဆုံးထိဖတ်ပေးပြီး ခံစားပေးခဲ့တဲ့အတွက် ကျေးဇူးလဲတင်ရပါတယ်။ ချစ်နေပေးတယ်အတွက်လဲ ပီတိဖြစ်ရပါတယ်။
            အများကြီးဆက်ပြီးအားပေးပါအုံးကွယ်။
Reply

NgeThway9999

Hello dear!
          Are you feel well? I hope you will everything be ok.Since you miss from update , I'm waiting it.
          But it has been longer the day after day, I'm feeling worry about you cause you obey the civil disobedient movement.Be safe and our country gets free soon that no longer.