Unicod
စက္ကပိုင် (ချစ်)ကို ဆေးရုံသွားပြပြီ လမ်းလျှောက်ချင်တယ်ဆိုပြီး ရောက်တဲ့ေနရာက ပြည်သူရင်ပြင်နဲ့လည်းနီးနေတာကြောင့်
၀င်လိုက်သည် ကိုယ်၀န်ဆောင်စဉ် ဘယ်မှာမသွားရတာကြောင့်လည်းဖြစ်သည်။
စက္က အမှားကြီး မှားသွားသည်။အကြောင်းရင်းမှာ
မွေးခံနီးဖြစ်နေသော အချစ်က သူများတွေလို့လေးပင်နေတာမျိုးမဟုတ်ဘဲ လမ်းကိုကောင်းကောင်းလျှောက်နိုင်သည်။
စက္ကထက်တောင် ပိုမြန်အောင်လျှောက်နိုင်သည်။အခုလည်း စက္ကအရှေ့ကနေ လုံးလုံးနှင့်လျှောက်နေတဲ့ အချစ်
အဓိကပြဿနာက ဖြည်းဖြည်းချင်းမလျှောက်ဘဲ
ဟိုခုန်ချ ဒီခုန်ချ မြောင်းဆိုလည်း လွှားခဲ့နဲ့ ကျော်နေတာကြောင့် စက္က အနောက်ကြည့်ပြီး အသည်းတယားယားဖြစ်ေနသည်။ ဘယ်ချိန်ပြုတ်ကျမလဲ၊ ဘယ်ချိန်ခလုတ်တိုက္မလဲနှင့်..။“ချစ် ဖြည်းဖြည်းသာသာ လျှောက်ပါ”
လှမ်းပြောတော့ ခေါင်းသာ ငြိမ်ပြလာတယ် အရှိန်ကမလျော့
ရေကန်ထဲ ငါးလွှတ်လိုက်သလို့ တစ်ဖျက်ဖျက် လျှောက်သွားနေသည်။
စက္ကမှာ အနောက်ကကြည့်ပြီး ရင်တမမ ဘေးကထိန်းလျှောက်ရင်လည်း အနေကျပ်တယ် လွှတ်လပ်လပ်လျှောက်ချင်တယ် ပြောတဲ့ ဂျစ်တူးကြောင် အနောက်ကနေ သာသာလေးကပ်လျှောက်ရသည်။မွေးလထဲ ရောက်နေပြီးဖြစ်တာကြောင့် ဘုန်းဉာဏ်က ဆေးရုံတက်ခိုင်းနေသော်လည်း မတက်ချင်ဘူးပြောသော ငဂျစ်လေးကြောင့် မွေးဖို့ တစ်ပတ်အလို့မှာတက်ဖို့ဆုံးဖြတ်လိုက်ရသည်
နောက်အပတ်လောက်ပေါ့....။
လူပေါင်းထောင်ကျော်ခန့်ရဲ့ အုပ်ချုပ်နိုင်သော
ကျွန်တော်သည် ကျွန်တော် ယောင်္ကျားကိုတော့ ချုပ်မကိုင်နိုင်....ကျွန်တော်သည် ဗိုက်ဗိုက်ကို ကြောတ်ရသည်။စက္ကကြည့်နေတုန်းပင် ချစ် အရှေ့ကနေ ပြေးလွှားဆော့နေတဲ့ ကလေးအုပ်စု ...
အရမ်းငယ်တဲ့အရွယ်တွေမဟုတ်တာကြောင့် တိုက်္မိရင်တော့ လဲကျနိုင်သည်။
ထို့ကလေးကလည်းအနောက်လိုက်နေတာကြောင့် ဘယ်သူကိုမှဂရုမထားဘဲ တွေ့သမျှလူတိုက်ကာ ပြေးနေသည်။
တဖြည်းဖြည်းချစ်ေရှ့ရောက်လာပြီး ချစ်ကိုကြည့်လိုက်တော့
ဘယ်နေရာကို ငေးနေမှန်းမသိ စက္က အပြေးသွားကာ ချစ်နားသွားသော်လည်း နောက်ကျသွားချေပြီး...။
YOU ARE READING
အကြင်နာစစ်ရင်(အၾကင္နာစစ္ရင္)[Complete]
Romanceစက္ကပိုင် ဆိုးချင်သလောက်ဆိုး ကိုယ်နားလည်ပေးမယ် ကိုယ်အချစ်အပေါ်တော့ မဆိုးစမ်းနဲ့ အချစ် တေဇဦး အရက်သောက်ရင် လူလို့သောက်ပါ ကျွန်တော်လို့ မူးရူးပြီးယောင်္ကျားရမှာဆိုလို့ ဒုတိယမြောက်ဖန်တီးမှု