🐧 Chapter (5)🐧

22.3K 1.8K 58
                                    

Unicod

တေဇအလုပ်ကပြန်ရောက်တာနဲ့ အ၀တ်အစားတောင်မလဲနိုင် အိပ်ရာပေါ်တန်းလှဲလိုက်သည်။

အနောက်္က၀င်လာတဲ့ဘဲကြီးက

"အချစ် ရေမိုးချိုးပြီးမှ နား ထ"

‌ေခြထောက်ကိုမိုးပေါ်ထောက်ကာ လက်ဖြင့်နှိပ်နယ်ရင်း

"အား အရမ်းညောင်းတယ် "

စက္ကပိုင်ကတေဇလှဲနေတဲ့ဘေးမှာထိုင်ချကာ
တေဇနှိပ်နေတဲ့လက်ကိုဖယ်လိုက်ရင်း ခြေထောက်ကို ပေါင်ပေါ်တင်ယူလိုက်ပြီး ။
တေဇခြေသလုံးကို နှိပ်ေပးလိုက်သည်။

"ဖယ် ဗျာ ‌ကျွန်တော်ငရဲ ကြီးကုန်မယ်"

တေဇအတင်းဖယ်နေတဲ့ ခြေထောက်ကို ထို့လူကြီးက အတင်းဖိထားပြီး။

"ကိုယ်စိတ်ထဲ ကျေနပ်လို့ လုပ်ပေးတာ ကိုယ်အပြစ်မယူတာကြောင့် ငရဲမကြီးပါဘူး.."

တေဇ တကယ်လည်းညောင်းနေတာကြောင့်သူနှိပ်ပေးတာကို
အေးဆေးခံယူ‌ေနလိုက်သည်။

"ပထမဆုံး အလုပ်ဆင်းတဲ့ရက်အဆင်ပြေလား"

တေဇမျက်နှာတဖြည်းဖြည်းသုန်မုတ်လာပြီး။
ရုံးမှာတင်းထားသမျှကို ဖွင့်ချချင်နေပြီး ။
သူပေါင်ပေါ်တက်ထားသော ခြေထောက်ကိုရုန်းသိမ်းလိုက်ကာ

"အခုပြောမဲ့စကားကို ကျွန်တော်ခင်ပွန်းအနေနဲ့နားထောင် အလုပ်ရှင်တစ်ယောက်လို့နားမထောင်နဲ့"

"ကောင်းပြီးလေအချစ် ပြော"

တေဇ စက္ကပိုင်ကိုမျက်နှာချင်းဆိုင်ပြီးကုတင်ပေါ်ကျကျနနထိုင်ကာ

"ကျွန်တော်ကို စီနီယာအကိုတစ်ယောက်ဆီအပ်ပြီး
သူဆီကသင်ယူတဲ့ဆိုပြီး သူကလည်းသူအလုပ်သူလုပ်နေတာဘာမှမသင်ပေးဘူး
ကျွန်တော်လိုအသစ်၀င်လာတဲ့တစ်ယောက်လဲရှိတယ် သူကိုလည်းအလုပ်နဲ့ပတ်သက္တာမသင်ပေးကြဘူး
ဟိုဟာ၀ယ်ခိုင်းလိုက်ဒီဟာ၀ယ်ခိုင်းလိုက်နဲ့
ကျွန်တော်ကြဒီတိုင်းကြီးထိုင်နေရတယ်ဗျာ
ခဏအကြာတော့ ခေါ်ခိုင်းတယ် မိတ္တူဆွဲပေးတဲ့
အဲ့စက်ကလေ သူထိုင်ခုံနဲ့ဆုိ လက်လှမ်းယုံဘဲအဲ့တာကို ဖင်မကြွနိုင်ဘဲ လူကိုလာလုပ်ခိုင်းတယ်
အဲ့တာကျွန်တော်လည်းပြောလိုက်တယ်
အခုမှအသစ်၀င်တာဘာမှမသင်ပေးလို့ မိတ္တူစက္မကိုင်တက်ဘူးပြောလိုက်တော့
သူစီနီယာဘယ်သူလဲဆိုပြီး ကျွန်တော်စီနီယာကိုခေါ်ဆူကော
အဲ့တာလည်းပြီးရော ဆက်တိုက်ခိုင်းတယ်
ရေခတ်တာကအစ အလုပ်ကလည်းသိပ်မများပါဘူး သူတို့အချင်းချင်းစကားများနေတာကများတယ် အလုပ်စားပွဲက
ကွန်ပြူတာတောင်မဖွင့်လိုက်ရဘူး သူတို့ပိုခိုင်းတာတွေကို ဒိုင်ခံလုိက်ပို့နေရတယ် "

အကြင်နာစစ်ရင်(အၾကင္နာစစ္ရင္)[Complete]Where stories live. Discover now