ep26💜

2.5K 196 11
                                    

(Unicode)

မင်္ဂလာဦးညကိုချစ်ခင်စွာဖြတ်သန်းခဲ့ကြတဲ့ကြင်စဦးမောင်နံနှစ်ယောက်လုံးတင်းကြပ်စွာဖက်ပြီးအိပ်စက်တော်မူနေတာမလို့ကြားလေလေးတောင်၀င်ဖို့ဆိုတာမဖြစ်နိုင်

ဒါမဲ့လည်းချစ်ရသောကြင်ယာတော်လေးကိုညကအညစ်အကြေးတွေသန့်စင်ပေးဖို့ရာမနက်စောစောအရင်ဦးအောင်ထပြီးသန့်စင်ပေးဖို့လုပ်နေတဲ့ချစ်တက်လွန်းသောမင်းကြီးပါလေ

မထရင်ကြင်ယာတော်လေးနှဖူးကိုငြင်သာစွာတစ်ချက်နမ်းလိုက်ပြီးရေချိုးဆောင်ဘက်ထွက်သွားပြီးသူအရင်ကိုယ်လက်သန့်စင်လိုက်တယ်

ကိုယ်လက်သန့်စင်ပြီး၀တ်ရုံတော်အသစ်လဲကာ ရေချိုးဆောင်ထဲပြန်၀င်ပြီးကြင်ယာတော်လေး‌ကိုသန့်စင်ဖို့အတွက်ရေထည့်ထားသောရေဇလုံလေးတစ်ခုရယ်အ၀တ်နုနုဖြူဖြူလေးသုံးထည်ရယ်ယူလာပြီးသန့်စင်ပြီးရင်၀တ်ဖို့ရာ‌အောက်ခံအင်္ကျီအဖြူလေးရယ်ကိုကုတင်ဘေးနားမှာခဏတင်ပြီးနှစ်ခြိုက်စွာအိပ်စက်နေတဲ့ကြင်ယာတော်လေးကိုမျက်နှာလေးကစပြီးအ၀တ်လေးနဲ့သန့်စင်ပေးလိုက်တယ်

တစ်ကိုယ်လုံးသန့်စင်ပြီးတော့၀တ်စုံအသစ် လေးလဲ၀တ်ပေးကာညကသူသောင်းကျန်းထားလို့သွေးတွေရောအချစ်ရည်တွေရောပေ‌ပွနေတဲ့မွေ့ယာကြီးကိုဖယ်ဖို့ရာကြင်ယာတော်လေးမနိုးရအောင်သေချာပွေ့ပြီးသူ့ပေါင်ပေါ်တင်လိုက်တယ် လူငွေ့ရသွားလို့ထင်ပါရဲ့ရင်ခွင်ထဲကိုတအားတိုး၀င်လာတဲ့ကြင်ယာတော်လေး ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့ကြင်ယာတော်လေးကိုနမ်းပြီးရင်းနမ်းချင်နေတာမလို့ပါးလေးနှစ်ဖက်ကိုငုံ့ပြီးထပ်နမ်းလိုက်တယ် ပြီးမှလက်တစ်ဖက်တည်းနဲ့ညစ်ပတ်နေတဲ့မွေ့ယာကိုဖယ်ပြီးအောက်ချလိုက်တယ် ကြင်ယာတော်လေးနိုးမှအသစ်ခင်းခိုင်းမှာမလို့အိပ်ပျော်နေတဲ့ကြင်ယာတော်လေးကိုငုံ့ပြီးတစ်စိမ့်စိမ့်ထိုင်ကြည့်နေလိုက်တယ်

အချိန်တော်တော်ကြာပြီးမှရှောင်းကျန့်တစ်ယောက်ရိပေါ်ရဲ့ရင်ခွင်ထဲမှာလှုပ်စိလှုပ်စိဖြစ်လာတယ် မနက်နေရောင်ခြည်ကြောင့်ရော‌တစ်ယောက်ယောက်ကစိုက်ကြည့်ခံနေရတယ်လို့ထင်တဲ့အတွက်ကြောင့်မျက်လုံးလေးတွေဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့သူ့ကိုပြုံးပြုံးကြီးငုံ့ကြည့်နေတဲ့အရှင်

Owner Of Mole (OOM) (Completed)Where stories live. Discover now