Prologue

18.9K 626 30
                                    


ခြင်္သေ့ရုပ်ခံ ထိုင်ခုံပေါ်တွင် ခပ်လျော့လျော့မှီထိုင်ရင်း
သူ့ရှေ့ရှိ ကြိုးတုပ်လျက်သား လူရွယ်ကို Leo ခပ်စူးစူးကြည့်မိသည် ။

ဖြောင့်တန်းစွာ ရှိနေရာမှ အပေါ်ဘက်သို့ အနည်းငယ် ကော့တက်သွားဟန် ဇင်ယော်တောင် မျက်ခုံးတွေ မျက်တောင်ရှည်တို့ ဝန်းရံလျက် ရှိသည့် မျက်ဝန်းတွေ ဖြောင့်စင်းသွယ်လျသည့် နှာတံနှင့်အတူ ပိရိသေသပ်လှသော နှုတ်ခမ်းပါးလေးများနှင့် နှုတ်ခမ်းအောက် မှည့်နက်လေး ပါရှိသည့် ထိုလူရွယ်သည် Leoကို ဖမ်းစီးရန် နိုင်ငံတော်အဖွဲ့အစည်းမှ အထူးလေ့ကျင့်ပေးထားသည့် ( Secret Agent ) လျို့ဝှက်အေးဂျင့်တဲ့လား ။

Leo ထိုသူကို ကြည့်နေရင်း ညာဘက်လက်ညိုးနှင့် လက်ခလယ်ကြားရှိ စီးကရက်ကို နှုတ်ခမ်းဝတွင် တေ့လိုက်ပြီး တစ်ချက် ဖွာရှိုက်လိုက်သည် ။

စီးကရက်ခဲရင်း အတန်ကြာ ငေးကြည့်နေမိပြီးမှ အကြည့်ကိုလွဲကာ စီးကရက်တိုကို ပြတင်းပေါက်ဘက်သို့ လက်နဲ့အသာ တောက်ထုတ်လိုက်သည် ။

ပြီးမှ လူရွယ်ရှိရာ ပြန်လှည့်လာကာ မေးဖျားကို လက်နဲ့အသာ ဆွဲယူလိုက်ရင်း သူ့ကို ကြည့်စေလိုက်သည် ။
" X? "

Xiao Zhan ထိုအခါမှသာ ထိုသူကို သေချာပြန်ကြည့်ဖြစ်သည် ။

Black Suitကို ဝတ်ဆင်ထားပြီး လူကြီးဆန်ဆန် ရင့်ကျက်ပုံ ပေါ်နေသည့် လူငယ်ဟာ မနေ့က သူ့ကို စကားတွေ လာပြောသည့် White Hoodie ဝတ်ထားသော ကောင်ငယ်လေးအသွင်နှင့် လားလားမျှမဆိုင် ။

လူတစ်ယောက်ဟာ အသွင်ဘယ်နှစ်မျိုး ပြောင်းနိုင်သလဲ ။

ဖြောင့်တန်းစွာ ရှိနေသည့် မျက်ခုံးတန်းတွေ မှေးစင်းကာ ကြည့်နေသည့် မျက်လုံးတွေ
တည့်မတ်စွာ ဆင်းသွားသည့် နှာတံလုံးလုံးနှင့်အတူ
တင်းတင်းစေ့ထားသော ထူထဲပိရိသည့် နှုတ်ခမ်းတစ်စုံကို ကြည့်လိုက်တာနှင့် ထင်းနေသည့် မေးရိုးဖြင့် ဘောင်ခတ်ထားသည်မှာ အလွန်ကြည့်ကောင်းသည်ဘဲ ။

နက်မှောင်သည့် ဆံပင်တို့ကို အနောက်သို့ လှန်တင်ထားသဖြင့် ယောက်ျားပီသသည့် မျက်နှာပိုင်ရှင်သည်ကား တရုတ်ပြည်ရှိ မှောင်ခိုဂိုဏ်းတွေအားလုံးကို ကြီးစိုးနေသည့်
Mafia Gang Starဟု မထင်မှတ်ရလောက်အောင်ကို ပြီးပြည့်စုံနေလေသည်။
အရမ်းကို ငယ်သေးသည်လား ။ ဒီလိုမှောင်ခိုထိပ်သီးကလေ ။

D.I.O.N.A.E.AWhere stories live. Discover now