Episode 4

614 60 3
                                    

" ယောကျာ်းလေး သဘာဝ ဒီလောက်တော့
ရှိမှာပေါ့.. တခါတလေဘဲ မိန်းမရယ်..လာသွားအိပ်ကြမယ် "

" သြော် အခုမှ ယောကျာ်းလေးသဘာဝဖြစ်
နေကြတယ်..သဘာဝဆို သဘာဝအတိုင်းနေ
ကြလေ..ငါတကယ်မပြောလိုက်ချင်ဘူး။ ဇွဲ
အဲ့ဒါ သားစတဲ့ဇာတ်လမ်းတွေနော် "

ဒေါ်နီလာဆွေလဲ ပြောမရတဲ့အဆုံး သူ့
ယောကျာ်းခေါ်ရာကိုသာလိုက်သွားတော့
သည်။ ဇွဲလဲ ဒီအမေနဲ့ ကောင်းထက်ကြား
တော်တော်တိုင်ပတ်ပါတော့တယ်။
......

မနက်ကောင်းထက်နိုးတော့ သူ့အိမ်ရောက်နေ
တာမဟုတ်ဘူး လိုတာထက်ပိုရှင်းလင်းနေတာ
ကြောင့်သတိထားမိသည်။ ကောင်းထက်
အခန်းကတော့ အမြဲလိုလို မုန့်အခွံတွေ
တိုလီမုစအတိုအထွာတွေ မလျှော်ရသေးတဲ့
အဝတ်တွေ ဟိုတစ ဒီတစ ပြန့်ကျဲနေတာတွေ
ကမှသူ့အခန်းအငွေ့အသက်အမှန်ပင်။

" နိုးပြီလား မှန်ကြောင် "

ကောင်းထက်လည်း မျက်လုံးကမျက်ချေးကို
ဖယ်ရင်း ခေါင်းညှိမ့်ပြလိုက်သည်။

" ရွံစရာကြီး မှန်ကြောင်ရာ... သွားရေမိုးချိုး။
ကိုယ် မနက်စာယူလာခဲ့မယ်။ "

"ဟာ အောက်မှာဆင်းစားမယ်.. အန်ကယ်
နဲ့လည်း မတွေ့ရတာကြာပြီ။ မနက်စာတူတူ
စားမယ်လို့သွားပြောထား "

ကောင်းထက်အပြောကြောင့် ဇွဲလက်ထဲက
ပျားသံပုရာကိုကုတင်ဘေးက ခုံပေါ်တင်လိုက်
သည်။ အဲ့နောက်ကောင်းထက်ဘေးနားဝင်လှဲ
ပြီး ကောင်းထက်ကိုသိုင်းပြီး သူ့ရင်ဘတ်နား
ကိုမှီခိုင်းလိုက်သည်။

" ဘာတွေဆေးစားမှားလာပြန်တာလဲ။ "

" ခဏလေးပါ..ကိုယ်တို့ ခုတလော တူတူနေ
တဲ့အချိန်လေး အရမ်းရှားနေလို့ ဒီတိုင်းလေး
နေချင်သေးတယ် "

" အပိုတွေ.. ကုမ္ပဏီမှာကျလူကို မသိသလို
နေနေပြီး ဟိုဇလပ်ဝါလား ခေါက်ရမ်းပန်း
လားမသိတဲ့တယောက်က ကိုဇွဲ ကိုဇွဲမှာ
သာယာနေပြီးတော့.....အဲ့ကိစ္စကျေနပ်တာ
မဟုတ်ဘူးနော် "

" သူကျတော့ အလုပ်သင်ကောင်နဲ့ ချစ်ကြည်နူးနေပြီးတော့ ဒီကသဝန်တိုတာ
ထည့်ပြောဦးလေ ။ ကုမ္ပဏီမှာမသိသလိုနေ
ခိုင်းတာ ဘယ်သူလဲပြောလေ။ အထက်လူကြီး
နဲ့သိလို့မျက်နှာသာပေးခံရတာမလိုချင်ဘူးလို့
ပြောတာဘယ်သူလဲဗျ "

Opposite Season 2 ( Our Chemistry )Where stories live. Discover now