Episode 2

458 26 2
                                    

ကောင်းထက်တို့လဲ သူတို့ အလုပ်သင်လုပ်ရ
မဲ့ ဌာနကိုရောက်တော့ supervisor လို့ထင်
ရတဲ့တယောက်က သူတို့နဲ့ အဝင်အထွက်
တွေ့တော့သည်။ စီနီယာပီပီ သူက ကောင်း
ထက်တို့ကိုအရင်မိတ်ဆက်တော့သည်။
supervisorကြည့်ရတာ အသက်ကတော့
ကောင်းထက်တို့နဲ့ သိပ်မကွာပေမဲ့ အလုပ်
အတွေ့အကြုံများတဲ့ ပုံစံပင်။ဖော်ဖော်ရွေရွေ
ရှိတဲ့ပုံစံလဲ ပေါက်သည်။အရပ်က ရှည်
သယောင်ရှိပြီး ခန္ဓာကိုယ်ကတော့ gym
ကစားထားမှန်းသိသာသည်။ ဇွဲကိုလဲ gym
ကစားခိုင်းရမယ် သူလဲသိသိသာသာမဟုတ်
ပေမဲ့ ခါးနည်းနည်းတုတ်လာမှန်း သတိထားမိ
သည်။ မျက်ခုံးထူထူနဲ့ မျက်တောင်ရှည်ရှည်
က ပထမဆုံး တွေ့တာနဲ့ မှတ်မိနေစေမဲ့ပုံစံမျိုး
ဖြစ်နေသည်။

" လာ ငါ့ညီတို့ ဒါက မင်းတို့ နှစ်ယောက်ထိုင်ရ
မဲ့ စားပွဲဘဲ။ ဟိုက အခန်းက အကို့ရုံးခန်း။
အကို့ နာမည်ကတော့ ရောင်နီဦး။ လုပ်ဖော်
ကိုင်ဖက် ညီအကိုတွေကတော့ ကိုဦးလို့ဘဲ
ခေါ်ကြတယ်။ ငါ့ညီတို့ လုပ်ရမဲ့ လုပ်ငန်း
လည်ပတ်ပုံတွေကို ဒီက အကိုတွေ၊ အမတွေ
သင်ပေးလိမ့်မယ်။ လိုအပ်တဲ့အကူအညီတွေ
ကိုတောင်းလို့ရတယ်။ ခွင့်မဲ့ ၃ခါဖြစ်ရင်
Auto leave ဖြစ်မယ်။ ot ကြေးကတော့
တန်းတူရမယ်။ အကို့ကို စီနီယာတယောက်လို
အကိုတယောက်လို သဘောထားပြီး အလုပ်
ကြိုးစားပေးစေချင်တယ် "

" ဟုတ်ကဲ့.. "

" ဟုတ်ကဲ့.. ဒါနဲ့လေ... "

ကောင်းထက် တယောက် အာကာဇော်ဘာ
များမေးမလဲလို့ တချက်ကြည့်လိုက်သည်။

" မေးပါ..ငါ့ညီ "

" ကျတော့်အသိထဲမှာ ကိုဦးတွေအရမ်းများ
နေလို့ ကိုရောင်နီလို့ ခေါ်လို့ရမလား ။ "

အဲ့အခါ ကိုဦးတယောက် ရယ်လျက်နဲ့ ရပါ
တယ်ပြောပြီး ကောင်းထက်တို့ကိုလဲ နာမည်
မေးတော့သည်။

" ကျတော့်နာမည်က ကောင်းထက်ပါ။ "

" ကျတော်ကတော့ အာကာဇော်ပါ။ အာကာ
လို့ဘဲ ခေါ်ကြတယ်။ "

" ကောင်းထက် ငါ့ညီမှာရော nickname မရှိ
ဘူးလား။"

" ကောင်းကြီးလို့တော့ တော်တော်များများ
သိကြတာ "

Opposite Season 2 ( Our Chemistry )Where stories live. Discover now