Part-4

744 76 6
                                    

သူဘယ်လောက်တောင် စိတ်ဆိုးနေမလဲဆိုတာ ကျွန်တော်သိတယ်၊ သူလဲကျသွားတော့ သူ့ရဲ့ကိုယ်လေးကို ပွေ့ဖက်ထားမိတယ်၊ Yuukiကတော့ အားလုံးကိုနားလည်တဲ့ ပုံပေါ်ပါတယ်၊ Yuukiဆိုတာက ကျွန်တော် အယုံကြည်ရဆုံး လက်ရုံးပါ၊ hyungပြီးရင် ကျွန်တော့်ကို နားလည်တာဆိုလို့ Yuukiပဲ ရှိပါတယ်။ ကျွန်တော် jkရဲ့ ကိုယ်လေးကို ပွေ့ချီကာ အိပ်ခန်းဆီကို ခေါ်လာခဲ့တယ်၊ ကိုယ်လေးကို ကုတင်ပေါ် ဖြေးဖြေးချင်း ချလိုက်တယ်၊ ပြီးတော့ ကျွန်တော်က ဆိုဖာပေါ်မှာထိုင်ရင်း ဝိုင်သောက်နေမိတယ်။ Yuukiကတော့ အလိုက်တသိနဲ့ စောနတည်းက သူပြန်သွားပြီလေ၊
_______________________________________
Flashback

အဲ့ဒီ့နေ့က ကျွန်တော် jkကို သတိရလွန်းလို့ သူအလုပ်လုပ်တဲ့ ကော်ဖီဆိုင်ကိုသွားခဲ့တယ်၊ vပုံစံနဲ့ မဟုတ်ဘဲ kim taehyungပုံစံနဲ့ သွားခဲ့တာပါ၊

V"jungkook.."

JK"မင်း!..မင်းဒီကို ဘာလာလုပ်တာလဲ"

V"ကိုယ်မင်းကို သတိရလို့လာကြည့်တာပါ"

JK"မင်းကြောင့်နဲ့ ငါ့အဖေ ထောင်ကျသွားတယ်"

V"ငါ သိပါတယ်၊ဒါနဲ့ ငါ့မိဘတွေရော....အသက်ရှင်နေသေးတယ်မလား"

JK"ဘယ်သူပြောလဲ၊ မင်းမိဘတွေ သေ သွား ပြီ၊"

V"မင်းအဖေက ဘယ်လို..ဘယ်လိုတောင် လုပ်ရက်တာလဲ၊ ဘာရန်ငြိုးရှိလို့လဲ"

JK"ငါမင်းကို မုန်းလို့၊ မင်းပျော်နေတာ မမြင်ချင်လို့"

JK"ငါသာ ငါ့အဖေကို မတောင်းဆိုခဲ့ရင်၊ မင်းနဲ့ငါ မဆုံခဲ့ရင်၊ မင်းငါ့ကို ဖွင့်မပြောခဲ့ရင် ဒါတွေက ဖြစ်လာစရာ အကြောင်းမရှိဘူး"

V'တကယ်ဆို ငါကပိုခံစားရတာပါကွာ၊ မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရတာ"

V"ငါမင်းကို တစ်ခုမေးမယ်နော်၊ မင်းငါ့ကို တစ်ခါလေးတောင်မှ စိတ်မဝင်စားခဲ့ဘူးလား"

JK"No..ငါမင်းကိုမုန်းခဲ့တာ..အခုထိလည်းမုန်းတုန်းပဲ..နောင်လည်း ဆက်မုန်းနေမှာ"

သူ့ရဲ့စကားတွေကြောင့် ကျွန်တော့်မျက်ရည်တွေ တာကျိုးသလို ကျလာတယ်၊ အဲ့ဒီ့နောက် ကျွန်တော်သူ့ကို မုန်းဖို့ ကြိးစားတော့တယ်၊ ကျွန်တော့်ရဲ့ အချစ်ဆီကနေ ထွက်ပြေးပြီး အမုန်းဆီကိုပဲ သွားနေတော့တယ်၊ နောက်တော့ ကျွန်တော် နှလုံးသားမရှိတဲ့လူ ဖြစ်လာတယ်၊ အဲ့ဒါအပြင် ဘယ်လိုပြုံးရမယ်ဆိုတာ မသိတော့တယ်အထိ ကို ဖြစ်လာတယ်

My Loving EnemyWhere stories live. Discover now