Love me again(7)

4.3K 687 11
                                    

ကင်ထယ်ယောင်းတို့တစ်ယောက် မနက်စာစားပွဲဝိုင်းမာ မျက်နှာကြီးပြုံးနေတာ ပါးစပ်နားရွက် တပ်ချိတ်မတတ်။

အကြောင်းမာ ညကအကြောင်းကို ပြန်စဉ်းစားကာ
ကြည်နူးနေခြင်းပေါ့။

မနေ့ညက ကျတော့်နတ်သားလေးနဲ့တူတူအိပ်ရမာမို့
ပျော်မိတယ်။

သူ့ဘေးနားမာ လှဲချလိုက်တော့ ကျောပြင်သေးသေးလေးက တအားအသည်းယားစရာကောင်းလှပါတယ်။

သူစိတ်ညစ်မာစိုးလို့ ခပ်ခွာခွာနေနေပေးမိတယ်။

သိပ်မကြာခင်ပဲ ရင်ခွင်ထဲကိုဝင်လာတယ့် မင်းနီးကြောင့် ရင်ဘတ်ထဲမာ ကုလားဘုရားလှည့်နေသလိုပင်။

ရင်ခွင်ထဲက အကောင်ပေါက်ကိုဖက်ထားပစ်ချင်ပေမယ့်.........

ရုတ်တရက် ဆွဲယူခံလိုက်ရတယ့် သူ့လက်တွေက မင်းနီးခါးပေါ်မာ။

မင်းနီးက သူ့ဆီမာ အဖကိခံလိုက်တာလား။

ပျော်ရွှင်မှုက အလုံးအရင်းဝင်ရောက်လာခဲ့တယ်။

'သွားလေဖြတ်တယ့် အထိ မင်းဖြီးနေတော့မာလား '

အရှေ့က မင်းနီးပြောမှ အသိဝင်လာတယ့်ကျတော်။

'အာ ဆောရီး ဆောရီး ကိုယ် အတွေးလွန်သွားလို့ '

ခေါင်းခါကာ မျက်နှာသေဖြင့် အစားဆက်စားနေတာ
ညက မင်းနီး မဟုတ်တယ့်အတိုင်း။

ဘာပဲဖြစ်ဖြစ် အဲ့အခိုက်အတန့်လေးကိုပဲသူပျော်ပါတယ်။

......................................................
ညက သူ့ထွက်သွားမာ ကြောက်မိလို့ သူ့ရင်ခွင်ထဲတိုးဝင်မိတယ်။

သူ့ရဲ့ရင်ခုန်သံကို အတိုင်းသားကြားမိတော့............

ညကအကြောင်းပြန်တွေးတိုင်း ကိုယ့်ကိုကိုယ်ရှက်လာတယ်။

ရုတ်တရက် အရှေ့ကိုကြည့်မိတော့ လောကကြီးကိုမေ့လျော့ကာသူမျက်နှာကို ကြည့်ပြီး ဖြီးနေသော
ကင်ထယ်ယောင်းကိုတွေ့လိုက်ရတော့ ညကအကြောင်းနဲ့ဆက်စပ်မိပြီး ရှက်ရမ်းရမ်းကာ ပြောမိလိုက်တယ်။

ပတ်ခ်ဂျီမင်းစိတ်ထိန်းစမ်း။

ခေါင်းကိုခါကာ အတွေးတွေထုတ်ပစ်ပြီး မျက်နှာတည်ကာ အစားကို ဆက်စားနေမိတယ်။

ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴWhere stories live. Discover now