Side Story 1-2

9.9K 1.1K 53
                                    

မိသားစုထဲမှာ တိထိလေးအချစ်ဆုံးက ရီမင်ဖြစ်သလို
အကြောက်ဆုံးကလည်း ရီမင်ပဲ။

ကျီးဟန်က ရီမင်ထက် အရပ်ပိုရှည်ပြီး ပိုသန်မာတယ်။
basketball ကိုလည်း ရီမင်ထက်ပိုပြီး
ကောင်းကောင်းကစားနိုင်တယ်။
ဟန် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုလုံးမှာ ကျီးဟန်ကို မော်ကြည့်ရဲသူ တစ်ယောက်လေးတောင်မရှိပေမယ့်
ရီမင် ဒေါသထွက်လာပြီဆိုရင်တော့ ကျီးဟန်မှာ အသက်တောင်မရှူရဲဘူး။
သူ့ ခင်ပွန်းရဲ့ ဒေါသပြေဖို့ နာနာခံခံနဲ့ အရှုံးပေး​လေ့ရှိတယ်။

အဲ့ဒါကြောင့် တိထိလေးတို့မိသားစုမှာတော့ တိထိလေးရဲ့ အဖေ ရီမင်က အခရာပဲ။

ရီမင်က နူးညံ့စွာပြုံးလိုက်ပြီး ကလေးလေးရဲ့လက်ကို
ဆုပ်ကိုင်ကာ မေးလိုက်တယ်။
"ကလေးလေး နာမည်က ဘာတဲ့လဲ?"

"ကျွန်တော့နာမည်က အိန်ဂျလို"

"ကောင်းလိုက်တဲ့ နာမည်လေး !"
ရီမင် ကလေးလေးရဲ့မျက်ရည်အပြည့်နဲ့ မျက်လုံးလေးတွေကိုကြည့်ရင်း သူ့နှလုံးသားက ရေမြှုပ်ကလေးလို ပျော့ပျောင်းသွားရတယ်။

အိန်ဂျလိုက သူ့ရဲ့နာမည်လေးလိုပဲ ကြင်နာတတ်သူလေးဖြစ်ရမယ်။
ဒီကလေးရဲ့ မိဘတွေက ဒီကလေးကို ကြင်နာတတ်ပြီး လူသားပီသစေဖို့ မျှော်လင့်ထားတဲ့ပုံပဲ။

"ကလေးလေး..သား မိဘတွေက သားကို နာမည်ကောင်းလေးမှည့်ပေးထားတာပဲ"

ရုတ်တရက် တိထိရဲ့မျက်နှာလေးက နီရဲသွားလေတယ်။သူ​လေးက အိန်ဂျလိုကို သူ့ဘေးကိုဆွဲပြီး သူ့အဖေနားကို ကပ်လိုက်တယ်။
"Dad, အိန်ဂျလိုမှာ မိဘတွေမရှိတော့ဘူး..သူက မိဘမဲ့ ကလေးတစ်ယောက်ပါ"

ရီမင် ဆွံ့အသွားလေတယ်။

သူ ဒါကို မတွေးလိုက်မိဘူး။

"စီနီယာတွေက သူ့ကို အမြဲတမ်း အနိုင်ကျင့်တယ်..
သူသာ သားရဲ့ညီလေးဖြစ်မယ်ဆိုရင် သူ့ကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး.."
တိထိလေးရဲ့မျက်လုံးလေးတွေက ကြယ်လေးတွေလို တဖြတ်ဖြတ်​တောက်လာတယ်။
"Dad..."

ရီမင်က သူလေးရဲ့ ပြောင်တင်းနေတဲ့ပါးလေးကို ဖျစ်ရင်း ပြောလိုက်တယ်။
"Dad နားလည်ပြီ..သူ့ကိုခေါ်ပြီး သွားဆော့တော့နော် "

big boss ရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (side story)Where stories live. Discover now