Side story 2

7.8K 916 59
                                    

***ကျော်မသွားနဲ့ ဖတ်နော်....

- ဒါက Extra လေးတွေပါ.....
-ကိုယ်က သပ်သပ် Side story ဆိုပြီး
ခေါင်းစဥ်တပ်ထားတာ..
-အပိုင်းတွေက အစမရှိ အဆုံးမရှိပါ
-တစ်ပိုင်းနဲ့တစ်ပိုင်းလည်း အဆက်အစပ်မရှိ ပါဘူး..မသိရင် တန်းလန်းကြီးလိုပဲ...ကိုယ် အကျင့်ပုပ်ပြီး မပြန်ပေးတာ မဟုတ်ပါဘူး..
-ဒါကြောင့် ဖတ်တတ်မှဖတ်ပါလို့ တောင်းဆိုပါရစေ...

---------------

ယုပေါ်ယွင်အနားကို ဘေးအိမ်က အိမ်နီးချင်းမိန်းမတစ်ယောက် ချဥ်းကပ်လာတယ် ။ ခုချိန်ထိတော့ ယုပေါ်ယွင် မတုန့်ပြန်မိသေးဘူး ။

ဒီအိမ်နီးချင်းက အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး သူတို့ Villa ရဲ့ ဘေးချင်းကပ် Villa မှာနေတယ် ။ သူမအမျိုးသားက United State က ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက် ။ သူမက အမျိုးသားနဲ့ လိုက်မသွားဘဲ သားနှစ်ယောက်ကို ထိန်းကျောင်းရင်း ဒီနိုင်ငံမှာပဲ နေရစ်ခဲ့တယ် ။ သူမအမျိုးသားက တစ်နှစ်ကို တစ်ခေါက် နှစ်ခေါက်တော့ ပြန်ပြန်လာတတ်တယ် ။

သူမက အိမ်နေရင်းဝတ်စုံနဲ့ ဂွမ်းဖိနပ်အပါးလေးကို စီးထားပြီး ခပ်လိပ်လိပ်ဆံပင်လေးတွေက ပခုံးပေါ်မှာ ခွေခွေလေး ဝဲနေတယ် ။

သူမလက်ထဲမှာတော့ ကြောင်လေးတစ်ကောင် ပွေ့လို့ ။

ယုပေါ်ယွင်က သူမလာနေတာမြင်တော့ Villa တံခါးကို ဖွင့်ထားလိုက်တယ် ။ သူ နည်းနည်းတော့ ပဟေဠိဖြစ်နေတာပေါ့ ။
ဒါပေမယ့် လူမှုရေးအရ နှုတ်ဆက်လိုက်လေတယ် ။

"ဟယ်လို! မစ် ကျိုး "

"ဟယ်လို! မစ္စတာ ယု "

မစ်ကျိုးက သက်ပြင်းလေးချလို့ ။
"ကျွန်မ ရှင်နဲ့ ပြောစရာလေးရှိလို့ "

"ဟုတ်ကဲ့..အထဲဝင်ခဲ့ပါ ခင်ဗျာ "

ယုပေါ်ယွင်က သူမကို အိမ်ထဲဖိတ်ခေါ်ပြီး
ကော်ဖီတစ်ခွက် ဖျော်ပေးလိုက်တယ် ။

မစ်ကျိုးက ကြောင်လေးကို အိမ်ထဲထိ ခေါ်လာပြီး ကြောင်လေးက တမြောင်မြောင်နဲ့ အော်နေတယ် ။ အသံလေးက တိုးတိမ်တိမ်လေး ။

"မစ္စတာကုက အိမ်မှာမရှိဘူးလား"

မစ်ကျိုးနဲ့က အိမ်ချင်းကပ်လျက်မို့ သူတို့အကြောင်းကို မစ်ကျိုးက သိပြီးသား ။ အဲ့ဒါကြောင့်သူမက သဘာဝကျကျပဲ မေးလိုက်တာ ။

You've reached the end of published parts.

⏰ Last updated: Jun 30, 2021 ⏰

Add this story to your Library to get notified about new parts!

big boss ရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ (side story)Where stories live. Discover now