Part 2

358 41 26
                                    

Unicode

Perth ဒေါသက ခုနကကိစ္စကို ပြန်ပြန်တွေးတိုင်း ဘယ်လိုမှကျေအေးလို့မရပါ။

ကလေးသာသာကောင်ဆီက အပြောခံလိုက်ရသည်တဲ့လေ။သူ့လို နိုင်ငံကျော်တစ်ယောက်ကိုပြောဆိုသွားတာများ နှာဘူးကောင်တဲ့။

*တောက်*

အရက်ခွက်ကို ဆောင့်ချကာ တောက်ခေါက်လိုက်သော Perth ကြောင့် ဘေးနားက စကားကောင်းနေသည့်Title နဲ့ Gun က Perth ကိုလှည့်ကြည့်လာသည်။

"Perth ဘာဖြစ်တာလဲ"

"ခုန တွေ့ခဲ့တဲ့တစ်ယောက်လေ Gun ရယ်"

"ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား ငါက မင်းသူနဲ့ ဒီညပျော်တော့မယ်တောင်ထင်တာ"

Perth နှာခေါင်းရှုံ့ကာ ခေါင်းတစ်ချက်ခါရင်း ရှေ့ကအရက်တစ်ခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်လေသည်။

ပျော်ဖို့နေနေသာသာ နှာဘူးလို့အခေါ်ခံလိုက်ရမှန်းသာသိရင် Gunနဲ့ Title ဘယ်လောက်တောင် ဝိုင်းဟားကြမလဲ။

Perth နောက်တစ်ခွက်ထည့်ရန်ပြင်တုန်း လက်ပေါ်ကို အုပ်မိုးလာသည့် နုဖတ်နေသော လက်လေးတစ်စုံ။

"ကျွန်တော်ငှဲ့ပေးမယ်လေ"

ဖြူဖြူသေးသေးနဲ့ ချစ်စရာကောင်းလွန်းသည့်ကောင်လေးက အရက်ပုလင်းကိုကိုင်ကာ Perth ခွက်ထဲသို့ငှဲ့ပေးရင်း ဘေးတွင်ဝင်ထိုင်လာသည်။

Perth လဲအလိုက်သင့်လေး ထိုကောင်လေးပေးလာသော ခွက်ကိုယူကာ ဘေးတွင်ထိုင်နေသည့်ကောင်လေးရဲ့ခါးကနေဆွဲဖက်ပြီး အနားကိုဆွဲယူလိုက်တော့ ရှက်ပြုံးလေးနဲ့နီရဲသွားသည့် ကောင်လေးရဲ့မျက်နှာကို အရသာခံကာ ထိုင်ကြည့်နေလိုက်သည်။

"အဟမ်း!! Perth တို့ကတော့ ထုံးစံကပြင်မရဘူးနော်"

Title ကဘေးကနေ ပြုံးစိစိနဲ့လှမ်းပြောတော့ Perth တစ်ချက်ရယ်လိုက်ကာ ဘေးနားကကောင်လေး ဘက်သို့ပြန်လှည့်သွားသည်။

"နာမည်က.."

"Vam ပါ P'Perth"

"Vam.. အင်း ကိုယ့် Fan လား"

Hired To Be MineWhere stories live. Discover now