အပိုင်း(၁၄)Z+U

3K 225 4
                                    

Zawgyi

18ထပ်မြင့်တဲ့ ပေကျင်းမြို့ရဲ့ နာမည်အကြီးဆုံးဟိုတယ်ပိုင်ရှင် Xiao companyရဲ့ CEOက ရှောင်းကျန့်ရဲ့ဖခင်တဲ့လား.....

ကျိကျိတက်ချမ်းသာပါလျက် သားဖြစ်သူကို ဘယ်တော့မှ ရှယ်ယာအစည်းအဝေးတွေကိုပွဲမထုတ်ခဲ့
အကြောင်းပြချက်ကတော့ အထက်တန်းမပြီးသေး၍ဟူ၍သာ......

Koreaမှာအခြေစိုက်တဲ့ Wang companyဆိုတာကလည်း တရုတ်မှာ အခွဲပေါင်းများစွာ...
သားဖြစ်သူကို လာတောင်မတွေ့ပဲ koreaမှာသာ အောင်မြင်ဝံ့ကြွားစွာ နေထိုင်ခဲ့သူက ယခုတော့company ရုံးချုပ်ကို တရုတ်ကို ပြန်ရွှေ့လိုက်လေရဲ့.....

သားနှစ်ယောက်အထက်တန်းပြီးသည်နှင့်တစ်ပြိုင်နက် တစ်ခါတည်းတန်းစေ့စပ်ပေးလိုက်သေးတယ်

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်တို့ မစဉ်းစားတတ်တော့ပါ
တစ်ခြားသူဖခင်များမှာlgbtခွင့်ပြုဖို့နေနေသာသာlgbtဆိုတာ ဘာမှန်းတောင်သိကြမည်မဟုတ်
သူတို့ဖခင်နှစ်ယောက်ကျမှဘဲ သူတို့ဇနီးတွေကိုတောင်မတိုင်ပင်မ​ဆွေးနွေးပဲ သားနှစ်ယောက်ကိုတောင်သေသေချာချာမမေးမမြန်းပဲ စေ့စပ်လိုက်တယ်တဲ့လေ

At Xiao's Restaurant/Hotel

စေ့စပ်ပွဲအထိမ်းအမှတ်လက်ဆောင် အနီရောင် limited edition ပြိုင်ကားလေးပေါ်က Suitအပြည့် အနက်ရောင်ဆင်တူဝတ်ဆင်လာသူနှစ်ဦးက နေကာမျက်မြင်ကိုယ်စီနှင့် စားသောက်ဆိုင်ထဲသို့ လျှောက်လှမ်းလာသည်

စားသောက်ဆိုင်ဆိုတာထက် ဟိုတယ်လို့ပြောရင်ပိုမှန်လိမ့်မည်။ အပေါ်12ထပ်က ဟိုတယ်၊ အောက်ဆုံး4ထပ်က စားသောက်ဆိုင်ဖြစ်ပြီး ကျန်တဲ့အပေါ်ဆုံးနှစ်ထပ်က ရှောင်းချန်ယင်(ကျန့်ကျန့်daddy)ရဲ့ နေအိမ်နှင့် ရုံးခန်းဖြစ်သည်။

ပြိုင်ကားအနီရောင်ဖြစ်​နေ၍ ရိပေါ်မှ အနည်းငယ်စိတ်ကောက်လိုက်သေးသည်၊ ပြိုင်ကားကိုအစိမ်းရောင်လိုချင်သတဲ့....ပြိုင်ကားအစိမ်းရောင်ကိုဘယ်အရူးကစီးပါ့လိမ့်မလဲ? ဝမ်ရိပေါ်​ရယ်.....

ဟိုတယ်ဧည့်ကြို​တွေက ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကိုရိုရိုသေသေနှုတ်ဆက်ကြတယ်
အပေါ်ဆုံးထပ်ကိုလည်း ဟိုတယ်မန်နေဂျာကိုယ်တိုင်လိုက်ပို့ပေးတယ်

First Frequency(Completed)Where stories live. Discover now