Zawgyi
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် တွဲလာတာသုံးလ ပြည့်သွားပြီဖြစ်သလို အထက်တန်းနောက်ဆုံးနှစ်ဆိုတာကြီးလဲ ပြီးဆုံးသွားခဲ့ပြီ......
ကျောင်းသားတိုင်းက စာမေးပွဲခန်းက ရယ်ရယ်မောမော ထွက်လာကြပေမယ့် ဝမ်ရိပေါ်တစ်ယောက်မှာတော့ မပျော်နိုင်ရှာ.....
စာမေးပွဲလား? နောက်ဆုံးဘာသာက အလွယ်ဆုံးပါပဲ
ရိပေါ်လဲဖြေနိုင်ပါတယ်။ ဒါမယ့် သူမပျော်ဖူးလေ
ဘာလို့လဲဆိုတော့ စာမေးပွဲပြီး နောက်နေ့မှာ ကျင်းလုယွီနဲ့စေ့စပ်ရမှာတဲ့လေ။ မိဘချင်းသဘောတူတယ်ပြောထားရုံဆိုတော်သေး၊ အခုဟာက အသိမိတ်ဆွေတွေပါ ဖိတ်မှာတဲ့လေ၊ အထက်တန်းပြီးပြီးချင်း အခမ်းအနားနဲ့စေ့စပ်ပေးတာကို ဂုဏ်ယူစရာထင်နေကြတာလား??
ကိုယ့်သားရဲ့ ဆန္ဒတစ်ပြားတစ်ချက်မှမမေးပါလျက်
ပွဲကိုစီစဉ်ထားကြတာ ဒီမနက်မှ အဲ့အကြောင်းကိုသိရတယ်။ ဟက် ဝမ်ရိပေါ်တဲ့... နက်ဖြန် လုံးဝ ပွဲကိုမလာဖူး။
မြေခွေးမ ကျင်းလုယွီ နင့်ဘာ့သာနင် ငှက်ပျောတုံးဖက်ပြီး စေ့စပ်လိုက်.....ကျောင်းပေါက်ဝအရှေ့နားရောက်တော့ ကားအနက်ရောင်နှစ်စီးက လာရပ်လေရဲ့
ပြီးတော့ ရှေ့မှာရပ်ထားတဲ့ ကားပေါ်က coatအနက်နဲ့ အရပ်မြင့်မြင့် လူကြီးတစ်ယောက် ဆင်းလာတယ်
"သား"
ပါပါးလား?? ဟက် သုံးနှစ်လုံးလုံး koreaကနေပြန်မလာဖူး။ မာမားနဲ့ကျွန်တော့်ကို ငွေလွှဲပေးတာကလွဲရင် ဖုန်းတောင်တစ်ချက်မဆက်ဖူး။ အခုမှ အကြောင်းမသိတဲ့မိန်းကလေးနဲ့စေ့စပ်ပေးဖို့ပြန်ရောက်လာတယ်တဲ့လား
"သားလေး ပါပါးကိုမမှတ်မိဖူးလား"
"အော် ပါပါးလား။ ခွင့်ပြုပါဦး"
ခါးကိုတစ်ချက်ညွတ်ပြီး လှည့်ထွက်လာခဲ့တယ်
ဘာမှဆက်ပြောချင်စိတ်မရှိ။ ရှောင်းကျန့်ကရုံးခန်းတူတူလိုက်ခဲ့ဖို့ပြောပေမယ့် အပြင်မှာစောင့်နေမယ်ဟုပြောလိုက်တာ မှားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ပါပါးနားကဝေးဝေးနေမှရမယ်။ ခဏနေမှ ကျန့်ကျန့်ကို ဖုန်းဆက်လိုက်မယ်ကြံလိုက်တယ်...
YOU ARE READING
First Frequency(Completed)
RomanceZhanyiပါ😛😛😛 သူငယ်ချင်းနှစ်ယောက်ကြားက အချစ်တွေကို romanceပုံစံလေး ရေးမှာပါ ခပ်ro roလေးပေါ့။ အရမ်း ဝမ်းနည်းစရာတွေပဲဖတ်နေရင် ငြီးငွေ့မှာစိုးလို့ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ပုံစံလေးရေးမှာပါနော်........အသဲယားနေစေရပါမယ်...... Zhanyiပါ😛😛😛 သူင...