Transmigrator Meets Reincarnator

1.3K 76 11
                                    

Original Title : 穿越女遇到重生男
Author : 雪山岚
Link : https://www.novelupdates.com/series/transmigrator-meets-reincarnator/

Status in COO

330 Chapters ( Completed )
709 Chapters - Split in Translation ( Completed )

MC ဟာ သူဖတ်နေတဲ့ ဝတ္ထုထဲက ယောက်ျားအပေါ် ဖောက်ပြန်တဲ့အမျိုးသမီးဇာတ်လိုက်
ချူလျန်ရဲ့ ခန္ဓာကိုယ်ထဲကို ဝိညာဥ်ကူးပြောင်းသွားပြီး ML ဟယ့်ချန်တိကတော့ ပြန်လည်မွေးဖွားလာသူပါ
MLက အရင်ဘဝက သူ့ရဲ့ဖောက်ပြန်တဲ့ဇနီးကြောင့် သေခဲ့ရတော့ ဇနီးဖြစ်သူကို အရမ်းမုန်းပါတယ် အဲ့တာကြောင့် ဇနီးနဲ့ အတူမနေချင်လို့လက်ထပ်ပြီး ငါးရက်မြောက်ကျတော့ မြောက်ပိုင်းနယ်စပ်က စစ်တပ်ထဲကို ဝင်သွားပါလေရော MM Translation အပိုင်း ၅၀ကျော်ထိ ပြန်ထားတာ တွေ့တာမို့လို့ အများကြီး မရေးတော့ပါဘူး Reviewထဲမှာပဲ Spoiler နည်းနည်းထည့်ရေးပါမယ်

MC ဟာ သူဖတ်နေတဲ့ ဝတ္ထုထဲက ယောက်ျားအပေါ် ဖောက်ပြန်တဲ့အမျိုးသမီးဇာတ်လိုက်ချူလျန်ရဲ့ ခန္ဓာကိုယ်ထဲကို ဝိညာဥ်ကူးပြောင်းသွားပြီး ML ဟယ့်ချန်တိကတော့ ပြန်လည်မွေးဖွားလာသူပါMLက အရင်ဘဝက သူ့ရဲ့ဖောက်ပြန်တဲ့ဇနီးကြောင့် သေခဲ့ရတော့ ဇနီးဖြစ်သူကို အရမ်းမုန်းပါတယ် အ...

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

Review ( Spoiler )

ဝတ္ထုက အပိုင်း ၃၀၀ကျော် ဆိုတော့ ကိုယ်က သုံးပုံ ပုံလိုက်တယ် ပထမအပိုင်း ၁၀၀ကျော်က MC ချူလျန်က ယောက်ျားအိမ်တော်မှာနေတဲ့အပိုင်းတွေချည်းပဲ ယောက်ျားလုပ်သူက မြောက်ပိုင်းစစ်တပ်ထဲ ဝင်သွားတော့ ယောက်ျားဘက်က မိသားစုတွေက သနားပြီး MCကို ပိုချစ်ပေးကြတယ် ဒီထဲမှာ MCရဲ့ အချက်အပြုတ်စကေးတွေကိုလည်း တွေ့ရမှာပါ ကိုယ်ကတော့ ထုံးစံအတိုင်း ဖတ်ရင်း ဗိုက်ဆာတာပေါ့လေ ပထမပိုင်းက ML သူ့အနားမှာ မရှိပေမယ့် နှစ်ယောက်သား စာတော့ အပြန်အလှန်ပို့ကြပါတယ် တကယ်မနာလိုစရာပါ စာအထူကြီးတွေ ရေးပို့ကြတာပါ MLက သူမကျေနပ်တာတွေ အများကြီးထည့်ရေးလို့ စာထူတာဖြစ်ပေမယ့် MCကတော့ အဖြစ်အပျက်တွေကို ပုံဆွဲပြီး ပြန်ပို့တော့ စာအိတ်က အထူကြီးဖြစ်နေရော ပထမပိုင်းရဲ့ သဘောမကျစရာကတော့ မူလML ရှောင်းပေါ်ကျန် (MCဖတ်တဲ့ဝတ္ထုထဲက ML/ မူလMC ချူလျန်နဲ့ ဖောက်ပြန်ခဲ့တဲ့ ML) က ကိုယ်တွေ MCကို အသေရရ အရှင်ရရ လိုက်တာပါ MCခဗျာ ရှောင်ပေမယ့် မူလဝတ္ထုဇာတ်ကြောင်းအတိုင်း တွေ့ကြတာပဲ တစ်ခါကဆို MCနေတဲ့ အိမ်တော်ဝင်းထဲထိ လာတွေ့လို့ အဲ့အခန်းဆို ဒေါသအသေထွက်ရတာ

ဒုတိယပိုင်း ၁၀၀ကျော်ကနေ ၂၀၀ကျော် အထိက MLတို့ မြောက်ပိုင်းစစ်တပ်က အကျပ်အတည်းတွေ့နေလို့ MCက နောက်ကလိုက်သွားတာပါ မယ်တော်ကြီး အမိန့်နဲ့ သွားတာဆိုတော့ လုံလုံခြုံခြုံပါပဲ ဒီဒုတိယပိုင်း မြောက်ပိုင်းမှာ သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ချစ်လာကြမှာပါ မြောက်ပိုင်းမှာ နေတုန်း ML သဝန်တိုတာလေးတွေလည်း တွေ့ရမှာပါ MCမလာခင်တုန်းက မုတ်ဆိတ်ထူကြီးနဲ့ နေပေမယ့် MCလည်း လာရော သဝန်တွေတိုပြီး မုတ်ဆိတ်ရိပ်လိုက်တော့ သူ စစ်တပ်စခန်းပြန်တဲ့နေရာမှာ ဒုက္ခရောက်သွားသေးတယ် အဲ့လိုနဲ့ ဟိုငနဲ မူလMLက ဝင်ရှုပ် MC ဒုက္ခရောက် သေမလိုဖြစ်သွား အဲ့ဒီမှာ MLက သူ့ခံစားချက်တွေ သူသိသွားတယ်

တတိယပိုင်း အပိုင်း ၂၀၀ကျော်ကနေ ၃၀၀ကျော်မှာတော့ နှစ်ယောက်သား အိမ်ပြန်ရောက်ပါပြီ အိမ်ပြန်ရောက်တဲ့အထိ နှစ်ယောက်သား လင်မယားအရာမမြောက်သေးဘူး MCကျန်းမာရေးကြောင့်လည်း ပါတယ် နောက်ပိုင်း မူလFL (ဖောက်ပြန်တဲ့ FL) ပြန်ပေါ်လာတယ် လုံးဝ shockရသွားတာ နောက်ပြီး ချူလျန်ရဲ့ခန္ဓာကိုယ်က လူတွေမသိကြတဲ့ MCတောင် မသိတဲ့ နောက်ထပ် identityတစ်ခုရှိသေးတယ် ဇာတ်သိမ်းခါနီးမှာတော့ သားလေးမွေးသွားတယ်

Chinese Novel RecommendationTempat cerita menjadi hidup. Temukan sekarang