Part 1

2.5K 149 2
                                    

#Unicode

"ယောင်းရေ... ဒီဘက်ဝိုင်းကို သုံးပွဲ သွားချပေးပါအုံး...သားရေ"

အဘွားရဲ့အသံကြောင့် ထယ်ယောင်း
တစ်ယောက်
အတွေးနယ်ပယ်မှ ပြန်ထွက်လာခဲ့သည်...။

"ဟုတ်... အဘွား"

"မြေး...ဒီဝိုင်းပီးရင်သွားတော့ ကျောင်းနောက်ကျနေအုံးမယ်"

"အဘွား ကျွန်တော်..."

"ခေါက်ဆွဲတွေက.. ကုန်ခါနီးပီမို့ စိတ်ချလက်ချသာ သွားပါ... ယောင်းရယ်.."

"ဟုတ်ကဲ့ ဒါဆို... ခွင့်ပြုပါအုံး"

အဘွားနှုတ်ဆက်ပီးသည်နှင့် ကျောင်းသို့အပြေးထွက်လာခဲ့သည်
မပြေးလို့မရ ကိုယ်ကျောင်းနောက်ကျပီဆိုတာ ကိုယ်သာသိသည်မို့
ဒါကမထူးဆန်းပါ မနက်တိုင်းကြုံတွေ့နေကျ
မိဘမရှိတော့သော
သူ့အတွက် အဘွားကသူ့၏တစ်ဦးတည်းသော မိသားစုဝင်ပင်
မြေးဘွားနှစ်ယောက်အတွက်ပဲခေါက်ဆွဲဆိုင်ကလေးက
စားဝတ်နေရေးကိုအဆင်ပြေသည်ဟုဆိုသော်လည်း
အထက်တန်းကျောင်းသားဖြစ်သည့်လျောက် ကျောင်းလခအတွက်
အချိန်ပိုင်းအလုပ်များကို လုပ်ရသေးသည်...။

ကျောင်းသို့အပြေးလာခဲ့သော်လည်း...

"ထယ်ယောင်း... သား.. ဒီနေ့ကော ကျောင်းနောက်ကျပြန်ပီလား"

"ဟုတ်... ဆရာကြီး"

"အေးကွယ်.. ကဲ... သွား ..ဒီနေ့
ကျောင်းသားသစ်နှစ်ယောက်လာမယ်.. သား
ကူညီပေးလိုက်ပါအုံး"

ထယ်ယောင်းလည်း ဆရာကြီးကိုနှုတ်ဆက်ကာ အတန်းသို့သာဝင်ခဲ့သည်....။

စာတော်ရုံသာမက ကျောင်း၏ခေါင်းဆောင်လည်းဖြစ်သောကြောင့်
ဆရာ၊ဆရာမတိုင်းက ချစ်ကြသည်။
ထို့ကြောင့် ကျောင်းနောက်ကျသော်လည်း
ဝင်ခွင့်ပြုတာချည်း။
ထို့အပြင် ရုပ်ကပါ ပစ်ချက်မရှိ ချောလွန်း
သောကြောင့်
ပျိုမဒီလေးတွေသာမကပဲ စီနီယာ၊ဂျူနီယာများအကြားတွင်ပါ
နာမည်ကြီးလေတော့သည်။
သို့သော်လည်း ထယ်ယောင်းဘက်က ယနေ့ထိ တွဲသောသူမရှိခဲ့
မာနကြီးသည် မဟုတ်သော်ညားလည်း
ထယ်ယောင်းကတော့
လူတိုင်းကို ..အကူအညီပေးပါသည်....။

"In another life"Donde viven las historias. Descúbrelo ahora