"In another life's message"

1K 84 10
                                    

#Unicode

Behind the sense

"အကို့..စာအုပ်လေး..ငှားလို့ရမလား
ကျွန်တော် ရှေ့နှစ်ရက်က လွတ်သွားတဲ့..
စာတွေ ကူးချင်လို့ပါ"

ဂျောင်ကုက စာကို သိပ်စိတ်မဝင်စားတဲ့ လူမျိုးပါ။
အဲ့နေ့က ထယ်ယောင်းကို စတွေ့တော့ ငေးနေခဲ့ပါတယ်။
ထယ်ယောင်းနဲ့ ရင်းနှီးချင်လို့ စာအုပ်အကြောင်းပြပီး စကားစပြောခဲ့ပါတယ်။
အဲ့ကတည်းက
ဂျောင်ကုက ထယ်ယောင်းကိုစိတ်ဝင်စား
သွားတာပါ။

ထယ်ယောင်းက ချမ်းသာပီးမောက်မာတဲ့
လူတွေကို မုန်းပါတယ်။
ဒါကြောင့် အဲ့လိုလူတွေနဲ့ အပေါင်းအသင်း
မလုပ်ပါဘူး။
ဂျောင်ကုကလည်း ရိပ်မိတာကြောင့် ထယ်ယောင်းရှေ့ဆို
သာမာန်ကျောင်းသားလေးလို နေခဲ့ပါတယ်။
ဂျောင်ကုအကြောင်း
သိနေတဲ့ ကျောင်းသူတွေကတော့ ထယ်ယောင်းကို ပြန်မပြောရဲပါဘူး။

ထယ်ယောင်းက မောနီတာ ဖြစ်တာကြောင့်
အလုပ်တွေ များပါတယ်။
ဂျောင်ကု သိတော့ ကူညီပေးရင်းနဲ့ ပိုရင်းနှီးသွားခဲ့တာပါ။
အတူတူပြန်တယ် အတူတူစားတယ် ထယ်ယောင်းအနား
ဂျောင်ကု အမြဲကပ်နေတတ်ပါတယ်။

___________________

:မင်းက*ကလေးချစ်တတ်တာပဲ*ဟု
ထယ်ယောင်း တိုးတိုးလေး ရေရွတ်မိသည်။

ငါကြောင့်နဲ့သူ့ကို ဖျက်ဆီးသလိုများဖြစ်နေပီလား??:

ကလေးကိုမြင်တော့ ထယ်ယောင်းရဲ့ အတွေး
လေးပါ။
အမှန်ဆို ကျောင်းကစကားသံတွေကတစ်
ဆင့် ဂျောင်ကုအကြောင်းကို သိနေခဲ့ပါတယ်။
ပကာသနတွေမပါတဲ့ ဆက်ဆံရေးလေးကို
သဘောကျလို့ သိကြောင်း မပြောခဲ့ပါဘူး။

စာကြည့်တိုက်မှာ အနမ်းခံရတုန်းက ထယ်ယောင်း
ရင်တွေ အရမ်းခုန်နေခဲ့ပါတယ်။နိုးနေပေမယ့်
ရင်ခုန်မူတွေ
လျော့အောင် အချိန်ယူလိုက်တဲ့ သဘောပါ။
အဲ့ကတည်းက
ဂျောင်ကုကို ထယ်ယောင်း သဘောကျနေခဲ့တာပါ။
ဂျောင်ကု မေးခဲ့တဲ့မေးခွန်းအပေါ် လက်ခံ
နိုင်ကြောင်း
ကိုလည်း အရိပ်အမြွတ်ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အနည်းငယ် ထူးခြားနေမှာတော့ အမှန်ပါပဲ။
နှစ်ယောက်စလုံးက
ပတ်ဝန်းကျင် စကားတွေကို ဂရုစိုက်မနေ
ခဲ့ပါဘူး။
ကလေးကိုမြင်တဲ့အခါမှာ ထယ်ယောင်း
ဂျောင်ကုအတွက်
မိသားစုလေးမဖန်တီးနိုင်မှာ စိုးရိမ်ခဲ့ပါတယ်။

"In another life"Where stories live. Discover now