Unicode
တုလိန်စစ် သူမရဲ့ဆုံးဖြတ်ချက်ကို နောက်တစ်ကြိမ်နောင်တရလို့သွားပြန်သည် သူမတို့အပြန်ကို ကားနဲ့သာ ထွက်လာခဲ့ကြသည် သူမ တစ်လမ်းလုံး မသာမယာအီလည်လည်နဲ့လိုက်ပါလာခဲ့သည်
တမနက်လုံး သူမခေါင်းထဲမှာ မေးခွန်းတွေသာလွှမ်းမိုးလို့နေသည် ကမ္ဘာကြီးက ဘာတွေများဖြစ်သွားလို့ သူမက အိပ်ရာပေါ်မှာရောက်နေရတာလဲ? ပြီးတော့ ဥက္ကဌကရော ဘာလို့ကြမ်းပြင်ပေါ်ရောက်နေရတာလဲ?
ဒါမှမဟုတ် သူမ ဥက္ကဌကို ဒီတစ်လျှောက်လုံး အထင်လွဲနေခဲ့မိတာလား .. တကယ်တော့သူက စကားပြောမာပေမဲ့ နှလုံးသားကနူးညံ့တာမျိုးလား?
အဲဒါကိုတွေးလိုက်မိတော့ တုလိန်စစ် ရင်ဘတ်တွေ တင်းကျပ်လို့သွားတော့သည် သူမနေနိုင်စွာဘဲ ဘေးမှာကားမောင်းနေတဲ့ဥက္ကဌကို ငေးကြည့်နေလိုက်သည် အမှန်တိုင်းပြောရရင် ဥက္ကဌက တကယ်ကောင်းတာ! ကားမောင်းနေတဲ့အချိန်မှာ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေက ညှို့ယူဖမ်းစားနေသလိုပဲ သူ့မျက်နှာကောက်ကြောင်းတွေကလဲ ကားမှန်ကနေ တိုးဝင်လာတဲ့နေရောင်ခြည်ဖြဖြကြောင့် အရမ်းကို နူးညံ့ပြီးချောမောမှုကို ပေးစွမ်းလို့နေသည်
ဘေးကနေစူးစိုက်ကြည့်နေတာကို ခံစားမိတာကြောင့် လျန်ကျွင်း မျက်မှောင်ကြုတ်လိုက်ပြီး
" ကိုယ့်ကို ဘာလို့ကြည့်နေတာလဲ?"
သူမတော့ပြီးပြီ! ဘယ်လိုများ သူမခိုးကြည့်နေတာမိသွားရတာလဲ! တုလိန်စစ် သူမရဲ့ မိန်းကလေးတို့အိနြေ္ဒသိက္ခာကို ထိန်းသိမ်းဖို့အတွက် အကြောင်းပြချက်တခုရှာဖို့ဆုံးဖြတ်လိုက်သည်
" အဲဒါက...ရှင့်မျက်လုံးတွေတစ်ခုခုများဖြစ်နေတာလား?"
သူမ သူ့ရဲ့ အနည်းငယ် ရောင်ယမ်းနေပုံပေါ်တဲ့မျက်လုံးတွေကို ညွှန်ပြလိုက်သည်
အဲဒီမေးခွန်းကိုကြားတော့ သူ့မျက်နှာ ချက်ချင်းပဲ မဲမှောင်သွားတော့သည်
ဒါပေမဲ့လဲ တချို့သောပိန်းတိန်းတိန်းလူတွေကတော့ ရာသီဥတုကမသာမယာအနေအထားကိုပြောင်းလဲသွားတာကို သတိမထားမိဘဲ ဆက်ပြီးတော့ မေးခွန်းထုတ်လို့နေသည်
BẠN ĐANG ĐỌC
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
Lãng mạnTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.
![Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]](https://img.wattpad.com/cover/246979942-64-k772431.jpg)