ရိပေါ်ကျောင်းကနေအိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းထဲမှာရှောင်းကျန့်နဲ့သူငယ်ချင်းတွေကထိုင်ပြီးစကားပြောနေကြသည်။
ရိပေါ်အိမ်ထဲဝင်လာတာကိုမြင်တဲ့ရှောင်းကျန့်ကထိုင်နေရာကနေမျက်စိလှမ်းမှိတ်ပြလိုက်တော့
ရိပေါ်ကတော့တစ်ချက်သာကြည့်ပြီးအပေါ်ထပ်တတ်ရန်လုပ်သည်။"ရိပေါ် ဒီကိုခဏလာဦး!"
ဒီလိုတွေပြောမှာစိုးလို့်ခြေလှမ်းကိုအမြန်လျှောက်ပေမယ့်နောက်ကျပြန်လေသည်။
ပုခုံးတစ်ဖက်ပေါ်ကျောပိုးအိတ်လွယ်ပြီးရိပေါ်ရှောင်းကျန့်အနားကိုသွားတော့ သူ့လက်ကိုဆွဲချကာဘေးနားတွင်ထိုင်စေသည်။"ကျောင်းမှာပျော်ခဲ့ရဲ့လား ...ဟင်"
ပုခုံးကိုဖက်ကာနားအနားကပ်ပြီးပြောနေသောရှောင်းကျန့်ကိုသူတွန်းထုတ်ချင်မိသည်။
"အကိုရှောင်း ကျတော်ရေချိုးချင်နေပြီ ပြောစရာမရှိရင် ကျတော်.."
ရိပေါ်ကလှေကားဘက်ကိုလက်ညိုးညွှန်ရင်းခွင့်ပြုပါဆိုသည့်အကြည့်ဖြင့်ကြည့်လာတော့ အနီးကပ်မြင်ရတဲ့ပါးဖောင်းအိအိလေးကိုရှောင်းကျန့်ကနစ်ဝင်အောင်နမ်းရှိုက်လိုက်မိသည်။
"မွှေးနေတာပဲ ချာတိတ် ရေမချိုးလည်းရပါတယ်"
အကိုရှောင်းကျန့်ကိုမကြိုက်တာအဲ့တာတွေ
သူ့ကိုအရမ်းအသားယူလွန်းတယ်ဝမ်ရိပေါ်ကငယ်စဉ်သိတတ်စကတည်းကပင်တစ်ဦးတည်းသီးသန့်နေတတ်သူမို့မည်သူနှင့်မျှပွတ်သီးပွတ်သပ်မနေတတ်။
ထိုအပြုမူတွေကိုလည်းလုံးဝမကြိုက်။"ဟေ့ကောင် ငကျန့် မင်းကလေးကိုလွှတ်လိုက်တော့ငါတို့အလုပ်ကိစ္စပြောနေတာနော်"
"ကျစ် ငါသိပါတယ် ရိပေါ်ရေချိုးမှာမလား သွားလေ"
"ဟုတ်"
ရိပေါ်အပေါ်ထပ်ကိုပြေးတတ်လာပြီးရေချိုးရန်လုပ်သည်။
**********"ကိုကိုကြီး လုလုလာတယ် "
အိမ်ထဲကိုပြေးဝင်လာတဲ့ လုလုဟာအသံကျယ်ကြီးနဲ့အော်နေသေးသည်။
အနောက်မှာဝမ်မားလည်းပါလို့။