ဝမ်ရိပေါ် ပါးတွေအခုထိ ပူထူနေတုန်း။
မိမိ ကိုယ်ပိုင်အခန်းလေးထဲ ဟိုလျှောက် သည်လျှောက်ဖြင့် လက်သည်းကိုက်ကာစဉ်းစားနေမိသည်။အကိုရှောင်းကျန့်က သူ့ကိုလက်ထပ်ချင်သည်တဲ့လေ။ မဟုတ်သေးဘူး လက်ထပ်ချင်သည်လို့ပြောတာထက် လက်ထပ်မှာတဲ့။
Beep..
အတွေးများဝင်နေစဉ် ဝင်လာသည့် ဖုန်းသံကြောင့် အတွေးများ လွင့်စင်ကုန်ရပြီး လက်တွေ့ဘဝထဲသို့ ပြန်ဝင်လာရသည်။
Contact nameမှ အကိုဆိုပြီးအသည်းနီလေးနဲ့နာမည်ကို မြင်တော့ သူ့ခမျာ ရင်ပင်တစ်ဒိတ်ဒိတ်ခုန်မိလေသလား စမ်းတဝါးဝါးဖြင့် ရင်ဘက်ကိုစမ်းမိသလိုတောင်ဖြစ်သွားရသေး၏။
"ဟယ်လို"
"ပေါင်ပေါင်း ဝရံတာထွက်လာခဲ့"
တံခါးပေါက်ကို ဖွင့်ပြီး ဝရံတာ ထွက်လာမိတော့ အကိုရှောင်းကျန့်က အိမ်ရှေ့အဝန်းထဲက ကားခေါင်းပေါ်မှ ထိုင်ကာ ဖုန်းပြောရင်း မော့ကြည့်နေသည်။
အချိန်အားဖြင့် ည၉နာရီမို့ အိမ်အဝန်းထဲ အကိုဘယ်အချိန်ကတည်းကပင် ရောက်နေမှန်းသူမသိ။
"အကို ဘာလာလုပ်တာလဲ"
"လက်ထပ်ခွင့်လာတောင်းတာ"
ရိပေါ် သက်ပြင်းတိုးတိုးလေးချမိရပြီ။
ရည်းစားလည်း မဟုတ်ပဲ လက်ထပ်ခွင့်အတောင်းခံရတာ သူပဲရှိတော့သည်ထင်။"ဆင်းလာခဲ့"
"ဟင့်အင်း ကျွန်တော်အိပ်တော့မှာ"
"ကိုယ်ဝင်လာရမှာလား"
"အခု ဆင်းလာမယ်"
ဖုန်းချသွားသူကို ကြည့်ရင်း ရှောင်းကျန့်ပြုံးမိ၏။
စူစူပုတ်ပုတ်လေးနဲ့ကောင်လေးက သူ့အပေါ်မသိမသာဆိုးချင်နေခဲ့ပြီ။ အရင်ကဆို သူ့မျက်လုံးတောင် စေ့စေ့မကြည့်ရဲခဲ့ဘူးမဟုတ်လား။ညဝတ်အညိုလေးဖြင့် သူ့ဆီလာနေသူက တကယ်ကို ယောကျာ်းတစ်ယောက်ပီသသည့်အချိုးအစားတွေရှိသည့်တိုင် အသည်းယားစရာပါးဖောင်းဖောင်းလေးတွေလည်း ရှိနေသေးသည်က ထင်ရှားပြတ်သားလှ၏။
"အင့် "
ရောက်သည်နှင့် ရင်ဘက်ဆီကပ် အဖက်ခံလိုက်ရသည်မို့ လန့်သွားပေမယ့်လို့ ခိုဝင်နေကျနေရာမို့ နွေးထွေးယုယမှုတို့ကရှိနေသည်။ မှန်တာပြောရရင် ဒီလူရဲ့ကိုယ်သင်းနံ့တွေကို သူသဘောကျ၏။ မထင်ရင်မထင်သလို အဖက်ခံရတိုင်း သူခိုးရှူရှိုက်ဖူးတဲ့အနံ့လည်းဖြစ်၏။ ဒါကိုတော့ ဒီလူ့ဆီ သူဝန်ခံလိမ့်မည်မဟုတ်။
"ချစ်တယ်"
"ဟင် .."
"ဝမ်ရိပေါ်ဆိုတဲ့ မင်းကို ကိုယ်ချစ်တယ်"
သူ့ကိုဖက်ထားသည့် လက်တွေက ပိုတင်းကြပ်လာသလို တုန်ယင်နေသယောင်။ အကိုက တုန်ယင်နေသည်တဲ့ မဖြစ်နိုင်တာ။ ပြောရရင် သူကိုယ်တိုင်လည်း ဆွံ့အမှင်သက်မိနေတာမို့ ဘာစကားမှထွက်ကျမလာခဲ့ဘူး။
"ကြားရလား ကိုယ့်ရင်ခုန်သံတွေ ကိုယ်မလိမ်ကြောင်း ဝန်ခံနေတဲ့အဲဒီ့အသံတွေ"
ကြားပါ၏။ သူထင်သည်က ဒီအသံတွေက သူ့နှလုံးသားအစိုင်အခဲမှလာသည်လို့လေ။ အကို့ဆီကတဲ့လား ..
မျက်ဝန်းထံ စိုစွတ်လာမှုက မျက်ရည်တွေပဲဝဲလာလေသလားမသိတော့ဘူး။"ကိုယ် မင်းကို စတွေ့ကတည်းက သဘောကျခဲ့တာ ဘယ်အချိန်နက်နက်ရှိုင်းရှိုင်းချစ်မိသွားလဲမသိပေမယ့် စတွေ့ကတည်းကလည်းဖြစ်နိုင်တာပဲ"
"အကို .."
အသံတိုးတိုးလေး ထွက်လာတော့ ရှောင်းကျန့်လက်တွေက ပိုတင်းကြပ်မိလိုက်သည်ထင်။"ကိုယ်ပြောတာပဲ နားထောင်ပါဦး"
ခေါင်းငြိမ့်ပြမိလေသလားမသိတော့၊ အကိုက သူ၏ ဆံပင်လေးထဲ လက်ထိုးထည့်ပွတ်သပ်လာ၏။
"ကိုယ် အနိုင်ကျင့်သလိုဖြစ်ခဲ့တယ်ဆိုတာသိတယ် ၊ ဒါပေမယ့် ဒါတွေက သိပ်ချစ်လွန်းလို့
ကိုယ် မင်းကလွဲပြီး ဘယ်သူ့ကိုမှ မထိတွေ့ခဲ့ဘူး မင်းတစ်ယောက်တည်းကိုပဲ ..""ချစ်တယ်"
"ဟင်"
ဒီတစ်ခါ ဟင်က ရှောင်းကျန့်ထံမှဖြစ်၏။"ကျွန်တော်လည်း အကို့ကိုချစ်တယ် ဘယ်အချိန်ကမှန်းမသိပေမယ့် အကိုအနိုင်ကျင့်တဲ့ရက်တွေထဲကပဲဖြစ်နိုင်တယ်"
ရှောင်းကျန့် ရင်ခွင်ထဲကလူကို ထုတ်ပြီး လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး စေ့စေ့ကြည့်မိလိုက်၏။ သူ့အကြည့်တွေကို မလွှဲပစ်ဘဲ ရွှန်းရွှန်းစားစားပြန်ကြည့်နေသူမျက်ဝန်းထဲ စကားတွေကမညာကြောင်း သေချာနေခဲ့လေသည်။
"ရိပေါ် မင်းကကွာ အတော်ဆိုးတယ်"
Thanks for your view and vote.