Arc-2.25

2.4K 426 13
                                    

➡️Unicode

ရှီမိုကလုံးဝမျှော်လင်မထားဘူး.သူအဲ့ဒီပုံတွေကိုမယုံနိုင်စွာပဲနဲ့ကြည့်နေခဲ့တယ် ရှရွှမ်းကသူမဟန်ဆောင်နေသလိုမျိုး သဘောမကောင်းဘူးဆိုတာကိုသူသိပေမဲ့လည်း

ဒါက အခြားချမ်းသာတဲ့မိသားစုသိုင်းအဝိုင်းက လူတွေလိုမာနကြီးတယ်လို့​လောက်ပဲ ထင်ထားတာ.

သူမကလူသတ်မှုကျူးလွန်တဲ့လူတစ်ယောက်ဖြစ်နေမယ်လို့တွေးကိုမတွေးခဲ့ဖူးဘူး

"ဥက္ကဋ္ဌ ရှီ, ကုမ္ပဏီပိုင်ရှင် ရှီကခေါ်နေပါတယ်"

သူ့ရဲ့လက်ထောက်က အခန်းထဲကိုဖုန်းယူလာပြီး ဂရုတစိုက်နဲ့ပြောလိုက်တယ.
ရှီမိုက ကွန်ပျူတာကိုဆောင့်ပိတ်လိုက်ပြီးသူ့လက်ထောက်လက်ထဲကဖုန်းကိုကိုင်လိုက်တယ်

"အဖေ"

"သတင်းစာရှင်းလင်းပွဲလုပ်လိုက်, မင်းနဲ့ရှရွှမ်းနဲ့ စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီလို့"

သူ့ရဲ့အသံကအရမ်းကိုမာကျောခက်ထန်နေတယ်

"မင်းအခုဘာလုပ်မလဲ ငါဂရုမစိုက်ဘူး,ဒါပေမဲ့ရှရွှမ်းက မင်းရဲ့သတို့သမီးမဖြစ်နိုင်တော့ဘူး,ငါပြောတာရှင်းလား"

"ကျွန်တော်နားလည်ပါပြီ"

ရှီမိုကဖုန်းကိုချလိုက်ပြီးသူ့ပုံစံကအရမ်းကိုခက်ထန်သွားတယ်

"အခုချက်ချင်းသတင်းစာရှင်းလင်းပွဲပြင်လိုက်"

#တုန်းဖန်း entertainmentက ရှရွှမ်းနဲ့စေ့စပ်ထားတာကို တစ်ဖက်သတ် ဖျက်သိမ်းကြောင်းကြေညာလိုက်ပါပြီ။ ဒီလိုလုပ်တာက  အရင်ကရှရွှမ်းတကယ်လူသတ်လိုက်လို့လား#

သတင်းထွက်လာတာနဲ့အမျှ ရှရွှမ်းကရှီမိုကိုဖုန်းခေါ်လိုက်တယ်.

ရှီမိုကကြည့်တောင်မကြည့်ဘဲ ဖုန်းကိုချပစ်လိုက်တယ်.သူရှရွှမ်းနဲ့ပတ်သက်ပြီးဘာမှမလုပ်ပေးနိုင်ဘူး .

သုံးဖန်းentertainmentက အရေးကြီးတဲ့အခြေအနေမှာရောက်နေတယ.  အဲဒါကြောင့်ရှရွှမ်းအတွက်နဲ့ သူ့ရဲ့အစီအစဥ်တွေကိုအပျက်စီးမခံနိုင်ဘူ.

ရှရွှမ်းကအပြင်ကိုမထွက်ရဲဘူး.အပြင်မှာသတင်းထောက်တွေနဲ့ ဒေါသထွက်နေတဲ့လူတစ်စုက သူမကိုစောင့်နေကြတယ်.သူမရဲ့အသိတွေထဲက လုံခြုံရေးတွေ နည်းနည်းပါးပါးရှိနေလို့.အိမ်ထဲမှာအေးအေးဆေးဆေးနေနိုင်တာ,သူတို့သာမရှိဘူးဆိုရင်အဲလူတွေအထဲကိုဝင်လို့ရလောက်နေပြီ .

Final Boss Is No JokeWhere stories live. Discover now