Arc-3.16

1.5K 281 7
                                    

°°°Unicode °°°

"စကားပြောနေတာရပ်ပြီးသူမကိုမြန်မြန်တက်ပြီးဖမ်းကြစမ်းပါ!!"

အမိန့်ပေးလိုက်တာကြောင့်သူတို့က သူတို့လုပ်ရမယ့်အရာဆီပြန်ပြီးအာရုံစိုက်သွားကြတယ်

"ငါသူတို့ကိုဖမ်းမထားဘူး..ဒါပေမဲ့ဘယ်သူလုပ်တာလဲဆိုတာကို မင်းတို့သိချင်ရင်တော့ငါပြောပြပေးနိုင်တယ်...သိကြရဲ့လား"

ရှီရှန်းကပြုံးပြုံးကြီးနဲ့ပြန်ပြောတယ်

"မင်းမဟုတ်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါမျိုးတွေလုပ်တာ မင်းကလွဲပြီးဘယ်သူရှိသေးလို့လဲ"

သူတို့တွေဒီလိုပြောနေပေမဲ့မျက်နှာမှာတော့သံသယတွေနဲ့ပြည့်နေတယ်

ပြီးတော့အရာအားလုံးကိုအသေးစိတ်သိကြတာလည်းမဟုတ်ကြဘူးလေ

အဲဒါကြောင့် လုံ့ကျွယ်နဲ့ထုန်းတောင်ဂိုဏ်းချုပ်ပြောတာကို နားထောင်ရုံက လွဲပီးမတတ်နိုင်ကြဘူး

ယဲ့ချင်ချိုးကတော့ ကြောက်လန့်သွားပြီး သူမကိုစိုက်ကြည့်နေတဲ့ ရှီရှန်းကို ပြန်မော့ကြည့်လိုက်တယ်.

သူမကိုလှောင်ရယ်တဲ့ အပြုံးပြုံးပြ​နေတဲ့ ရှီရှန်း ရဲ့မျက်လုံးတွေက ရေသေလိုမျိုးတည်ငြိမ်နေတယ်

'ဒီမိန်းမသေကိုသေရမယ်!!'

"ရှန်းရှူ နင်ကများငါတို့ကို သွေးထိုးဖို့ကြံစည်နေတာလား"

ယဲ့ချင်ချိုးကစကားစပြောလိုက်တယ်

"အားလုံးပဲ..,သူကအချိန်ဆွဲနေတာ.အဲ့အတွက် အခွင့်ရေးမပေးလိုက်နဲ့"

သူမသတိပေးလိုက်တာကြောင့် လူတိုင်းကအသိတရားပြန်ဝင်လာတယ်.

ပြီးတော့အမှန်တရားက ဘာပဲ​ဖြစ်ဖြစ် သူမကအပြစ်တွေ အများကြီးကို ကျူးလွန်ထားတာမို့လို သူမကို ရှင်းထုတ်နိုင်ရင်လည်းအကျိုးအများကြီးရတယ်.

ဒါပေမဲ့ဖုန်းစီပြန်ရောက်လာရင် သူတို့ဘာမှဆက်လုပ်ရဲမှာမဟုတ်ဘူး

"ငါသူမကို မျှားခေါ်မယ်.မင်းတို့တွေအကုန်စက်ကွင်းပုံစံဖော်ကြ"

Final Boss Is No JokeWhere stories live. Discover now