By My Side(12)

255 18 0
                                    

အချစ်စစ်ရင် ပျားရည်လိုချိုပါတယ်
အတုအယောင်တွေပေါများနေတဲ့
ခေတ်မှာစစ်မှန်တဲ့အချစ်မျိုးစေ့လေး
ရှင်သန်နေသေးတာဟာအရမ်းကို
ကံကောင်းပြီးခမ်းနားလွန်းပါတယ်။

သူနဲ့ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက်လဲ
ကိုယ့်ကိုယ်ကိုယ်ကံကောင်းတဲ့
လူသားလို့မှတ်ယူထားတယ်....
.
.
.
ကျင်းယွမ်ကိုကျောင်းကြိုဖို့ကားထုတ်
ပြီးထွက်လာခဲ့ကြသည်။

ကျောင်းရှေ့မှာ ဆရာမနဲ့စောင့်နေတဲ့
ကျင်းယွမ်လေးကိုမြင်တော့ ရှောင်းကျန့်
လှမ်းခေါ်လိုက်သည်။

ကျင်းယွမ်လေးလဲ ခေါ်သံကြားလိုက်ရတော့
ပျော်သွားပြီး..

"ပါးပါးရှောင်း"

မတွေ့ရတာကြာနေကြတဲ့သူတွေအတိုင်း
ပြေးဖက်ပြီး ပါးနမ်းလိုက်နဖူးနမ်းလိုက်နဲ့
စကားတွေပြောနေကြတာရိပေါ်ကိုတောင်
မေ့နေကြလေရဲ့..

ကားဟွန်းတီးပြီးသတိ​ပေးလိုက်မှရှောင်းကျန့်
နဲ့ကျင်းယွမ်တို့ကားပေါ်တက်လာကြသည်။

ရိပေါ်ရဲ့မချိုမချဉ်မျက်နှာပေးကိုသတိထားမိ
တဲ့ဆရာရှောင်းနဲ့ကျင်းယွမ်တို့ ခဏငြိမ်နေပြီး
မှ ရိပေါ်ရဲ့ပါးတစ်ဖက်စီကိုနမ်းလိုက်ပြီး
ဈေးဝယ်ထွက်ဖို့ချွဲနေကြသည်။

ရိပေါ်တစ်ယောက်ကြာကြာရုပ်မတည်နိုင်
တော့ ထရယ်လိုက်ပြီး...

"တတ်လဲတတ်နိုင်ကြတဲ့သားအဖတွေ
ခါးပတ်,ပတ် သွားကြမယ်"

သွားကြမယ်ဆိုတဲ့အသံလဲကြားရော
ရှောင်းကျန့်နဲ့ကျင်းယွမ်တို့နှစ်ယောက်သား
"Ok,ရပြီ စထွက်တော့"လို့အော်လိုက်ကြပြီး
ရယ်မောနေကြသည်။

ရိပေါ်ကတော့ မနိုင်ဘူးဆိုတဲ့သဘောနဲ့
ခေါင်းခါလိုက်ပြီးရယ်နေသည်။

Supermarketကိုရောက်တော့ ကျင်းယွမ်
လေးကိုတွန်းလှည်းထဲထည့်ပြီး ညစာအတွက်
လိုတာရောရေခဲသေတ္တာထဲထည့်ဖို့လိုတာ
တွေပါတစ်ခါတည်းဝယ်ပြီးပြန်လာကြသည်။

လမ်းတစ်လျှောက်လုံးပျော်နေတဲ့ကျင်းယွမ်
လေး ရယ်မောခြင်းအပြည့်နဲ့ပြန်လာခဲ့ကြ
ပေမဲ့ အိမ်ကိုရောက်တဲ့အချိန်မှာ သုံးယောက်
စလုံးလန့်သွားကြတယ်။
.
.
.
ကွမ်းရမ်ဆိုတဲ့မော်ဒယ်တစ်ယောက်ကလဲ
ရှောင်းကျန့်ကိုစိတ်ဝင်စားနေတော့ အကြောင်း
အမျိုးမျိုးရှာပြီးဆက်သွယ်ဖို့သာစဉ်းစားနေတယ်။

By My SideWhere stories live. Discover now