By My Side(11)

255 14 2
                                    

"ဝမ်နင် ဆိုင်တံခါးသေချာပိတ်ခဲ့ဦး
ငါကားထုတ်ရင်းနဲ့စောင့်နေမယ်"

"ဟုတ်ကဲ့ ဆရာ"

ဝမ်နင်ဆိုင်ပိတ်နေတုန်း ကောင်လေး
တစ်ယောက်ရောက်လာပြီး

"ဦးလေး"

"ဟေ ဘာလဲကွာ"

"ဦးလေး"

"ဟေ ဘာလဲလို့ကွာ"

"လှည့်ကြည့်ပါဦး"

လှည့်ကြည့်တော့မှ တူပေါက်ဖြစ်နေမှန်း
သိလိုက်ရတယ်။

တူကြီးနှစ်ယောက်သားမြင်တော့မှဖက်ပြီး
အလွမ်းသယ်နေကြသည်။

"စစ်ကျွေး ဒီကိုဘယ်လိုရောက်လာတာလဲ"

"အလုပ်သင်လေ ဒါနဲ့ ဘယ်သွားကြမလို့လဲ"

"ဆရာကထမင်းလိုက်ကျွေးမယ်ဆိုလို့
သွားစားကြမလို့လေ"

"ဒါဆိုလဲသွားလိုက်လေ ညကြမှဖုန်းဆက်
လိုက်မယ်လေ"

"အိုကေ ကောင်းပြီ"

မဆုံတာကြာပြီဖြစ်တဲ့ တူဝရီးနှစ်ယောက်
ညကြဖုန်းဆက်ရင်းရှေးဟောင်းနှောင်းဖြစ်
တွေပြောနေကြသည်။
.
.
ညစာစားဖို့အတွက်ရယ်လုပ်ငန်းရှင်တွေ
နဲ့မိတ်ဆက်ပေးဖို့အတွက်ရယ်ကြောင့်
ရိပေါ်တစ်ယောက်သူ့အဖေနဲ့အတူရှိနေ
ရသည်။

ထိုညစာစားပွဲမှာ ရိပေါ်မမြင်ချင်ဆုံးသော
ထောင်းရာထင့်လဲပါနေသည်။

ပြန်ချင်ပေမဲ့လဲ အဖေဖြစ်သူကြောင့်
ကြိတ်မှိတ်ကာနေလိုက်သည်။

"ကဲ ကဲ ညစာလဲစားပြီးကြပြီဆိုတော့
သားရေးသမီးရေးလေးလဲဆွေးနွေးကြရင်
များမကောင်းဘူးလားသူ​ဌေးဝမ်"

"ထောင်းပိုင် ခင်ဗျားပြောသလိုပဲမိသားစု
အရေးလေးလဲပြောချင်ပါတယ်"

"ကျုပ်တို့လူကြီးချင်းကတော့ပြောစရာ
မလိုတော့ဘူးလေ ဟုတ်တယ်မလား"

လူကြီးနှစ်​ယောက်စကားမဆုံးခင်ရိပေါ်
ကြားဖြတ်ပြောလိုက်သည်။

"အဖေတို့ကိစ္စပြီးရင် ကျွန်တော့်ကိုပြန်
ခွင့်ပြုပါဦး"

ထောင်းရာထင့်ကလဲ ချက်ချင်းဆိုသလို..

"ဘာလဲ နင့်ယောက်ျားနဲ့ကလေးစောင့်နေမှာ
ဆိုးလို့လား"

By My SideWhere stories live. Discover now