အပိုင်း(၆)

1.5K 171 67
                                    

( Uni)

ဘဝမှာ သနားခံရခြင်းဆိုတာကို ကြုံတွေ့ရလိမ့်မည်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့မိခဲ့ပါ။ ရွှေဇွန်းကိုက်ပြီး ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့ရသည့် ဘဝနှင့်ကြီးပြင်းလာသူ ကျွန်တော့်အတွက် သနားဂရုဏာသက်ခြင်းသည် ကျွန်တော်ကသာ စွန့်ကြဲရမည့် အရာဟု မှတ်ယူခဲ့လေသည်။ ဒါပေမယ့် ယခုတစ်ကြိမ်တော့ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေအားလုံး​၏ စွန့်ကြဲလေသော သနားဂရုဏာသက်မှုကို ကျွန်တော် ခံစားနေရသည်။ ကျွန်တော် မလိုချင်ပါပဲ၊ လိုအပ်မနေပါပဲ ဘာလို့ ပေးနေသည်လည်း နားမလည်ခဲ့ပါ။
ဖေဖေတို့ အသုဘပွဲသို့ လာကျသည့် ဆွေမျိုး မိတ်ဆွေများအားလုံး​၏ တူညီသော စကားတစ်ခွန်းက အားတင်းထားပါ ။ အားမငယ်နဲ့ ။ ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျွန်တော့်အတွက်တော့ အဖြစ်အပျက်အားလုံးက အိပ်မက်လို ဖြစ်နေဆဲပင်ဖြစ်သည်။ အမှန်တကယ်ပင် ကျွန်တော့် အနား၊ ကျွန်တော့်ဘဝထဲက ဖေဖေတို့ အပြီးအပိုင် နှုတ်ဆက်သွားလေပြီလားဆိုသည့် စိတ်အတွေးတွေက ဖြစ်နိုင်လို့လားဆိုသည်​့ အတွေးနှင့် လွန်ဆွဲနေခဲ့သည်။
ဒါပေမယ့် ဒါတွေအားလုံးဟာ အစစ်အမှန်တွေဆိုတာကို ဖေဖေတို့အား မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်မှ ခံစားခဲ့မိကာထိုအချိန်မှ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးမိခဲ့သည်။ တကယ်ပင် ကျွန်တော့် ကမ္ဘာကြီး မှောင်မိုက်ခဲ့လေပြီဆိုသည့်အတွေးက ကျွန်တော့်အား ထိတ်လန့်စေခဲ့သည်။

" ခင်များတို့ ဒီလိုလုပ်လို့ မရဘူးလေ ။ သခင်းကြီးက အဲ့လို လုပ်ခဲ့မှာမဟုတ်ဘူး"

" ကျွန်တော်တို့က တာဝန်အရ လာလုပ်တာ ။ ခင်များ ဖြေရှင်းချင်ရင် အထက်ကို ပြောလိုက်ပါ"

အိမ်တော်ထိန်းပတ်​၏ တားမြစ်နေသံတွေနှင့် အိမ်အကူများ​၏ ဘယ်လိုလုပ်ကြမလဲဆိုသည့် တီးတိုးငြီးငြူသံတွေ ။ ပြီးတော့ ကျွန်တော် အိပ်ခန်းပါ မကျန် နေရာအပြည့်ကပ်ထားသည့် အဝါရောင်စာရွက်တွေ ။ ဇာတ်လမ်းတွေထဲမှာသာ မြင်ခဲ့ဖူးသည့် အနေအထားတွေက အခု ကျွန်တော့်မျက်စိ ရှေ့တည့်တည့်မှာ။ ဒါကြောင့် ရုပ်ရှင်တွေအများစုက ဘဝကို အခြေခံသည်လို့ ပြောခဲ့ကြခြင်းဖြစ်လိမ့်မည်။  ပစ္စည်းများကို တန်ဖိုးတွတ်ချက်နေသော လူအုပ်နှင့် တံဆိပ်လိုက်ကပ်နေသော လူအုပ်​၏ မျက်နာများကတော့ ဘာခံစားမှုမှရှိမနေခဲ့ပါ။ သူတို့အတွက်တော့ ငိုကြွေးငြီးငြူခြင်းတွေက မထူးဆန်းတော့သည့် ပုံမျိုးပင်ဖြစ်မည်။
ပုံမှန်ဆို ဆူညံခြင်းကို မုန်းတီးသူ ကျွန်တော်အတွက် ထိုလူများကို အော်ဟစ်မောင်းထုတ်ဖို့ ဝန်မလေးသော်လည်း ယခုတော့ ကျွန်တော့်တွင် သူတို့အား မောင်းထုတ်ဖို့တောင် အင်အားမဲ့နေခဲ့သည်။ ၂ပါတ်ဆိုသည့်အချိန်အတော်အတွင်း ကျွန်တော် အစားပုံမှန်စားမိလေသလား သေချာမသိတော့ ။

You've reached the end of published parts.

⏰ Last updated: Jan 17, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်၏ လက်ယာဘက်တွင်ရှိသောWhere stories live. Discover now