အပိုင်း(၄)

11.1K 800 158
                                    

(Zaw)

ဆရာကြီးစတိုင်လ် မျက်နာပေးဖြင့် ကျွန်တော့်အား ကြည့်နေသော ခရစ်(စ်)ကို ကျွန်တော် အရှုံးမပေးပဲ ပြန်လည်စိုက်ကြည့်နေလိုက်သည် ။ ကျွန်တော်နှင့် ခရစ်(စ်)ရဲ့ အကြည့်စူးစူးများသာ မီးတောက်တစ်ခုဆိုရင် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ရှိနေသော စားပွဲက အခုအချိန် ပြာကျနေလိမ့်မည်။ ကျွန်တော်တို့ နှစ်ယောက်အကြား နေရခက်နေသူကတော့ ချန်ယော ပင်ဖြစ်သည်။ စိတ်ဖိစီးမှုများ ငြိစွန်းနေသော မျက်လုံးများဖြင့် ချန်ယောက ကျွန်တော် နှင့် ခရစ်(စ်)ကို တစ်လှည့်စီ ကြည့်နေသည်။ ကျွန်တော်တို့ သုံးယောက်ထိုင်နေကြသည့် ကျောင်းအတွင်း စားသောက်ဆိုင်ရဲ့ အပြင်ဘက် ခပ်ဝေးဝေးတွင်တော့ ဆော့ကစားနေကြသော ကျောင်းသားအချို့နှင့် ကြီးမားသောသစ်ပင်များအောက်ရှိ ကဲနေသော ခပ်ရဲရဲ ကျောင်းသား၊ကျောင်းသူ စုံတွဲအချို့ ရှိနေကြသည်။ ကျွန်တော်တို့ ထိုင်နေသော ဆိုင်အတွင်းတော့ လူအနည်းငယ် ရှင်းနေသည်ဆိုရမည်။ ပုံမှန်အချိန်ဆိုရင် အခုလို ကျောင်းခဏအနားပေးသည့် အချိန်အတွင်း မုန့်ဆိုင်များအတွင် ကျောင်းသားများနှင့် ပြည့်နှက်နေတတ်ပေမယ့် အခုက ကျွန်တော်ရော ခရစ်(စ်)ရော ရှိနေ၍ထင် ကျောင်းသားများ တော်ရုံနှင့် ဆိုင်ထဲ ဝင်မလာရဲကြပါ။ လှမ်းဝင်လာသည့် ကျောင်းသားအချို့၏ ခြေလှမ်းများတောင် ကျွန်တော်တို့ကို မြင်တော့ ချက်ချင်းနောက်လှည့်ပြန်သွားကြသည်။ ကျောင်းထဲရှိ ကျောင်းသားတော်တော်များများက ကျွန်တော်နှင့် ခရစ်(စ်)ရဲ့ ဆက်ဆံရေး ပြေလည်မှုကို သဘောပေါက်ထားပြီးသာ ဖြစ်ကြသည်။ ထိုကြောင့် ကျွန်တော်တို့ နှစ်ယောက်မျက်နှာချင်းဆိုင် တွေ့ဆုံပြီဆိုရင် ပေ၁၀၀ပတ်လည် ရှောင်ရှားကြသည်။ ထိုကဲ့သို့ ရှောင်ရှားခြင်းက ထိခိုက်မှု အနည်းငယ်ဖြစ်စေသည်ကို သိကြ၍ ဖြစ်မည်။

" ဘာ ကိစ္စ ငါက မင်း တောင်းဆိုတာကို ခွင့်ပြုရမှာလဲ။ "

ကျွန်တော်ရဲ့ ပြတ်သားပြီး မာထန်နေသော စကားအဆုံး ခရစ်(စ်)က စတိုင်လ်တစ်ခုပမာ ပုံဖော်ထားသည့် မျက်ခုံးတစ်ဖက်ကို ပင့်ကာ အေးဆေးစွာ ပြုံးလိုက်သည်။ ကျွန်တော် ခရစ်(စ်)ရဲ့ ထိုအပြုံးကို ကြည့်ရင်း ကျောင်းသားအားလုံးက မိုက်တယ်ဟုပြောဆိုကြသည့် ခရစ်(စ်)မျက်ခုံးမွှေးကို တစ်ပင်မကျန် ဆွဲနုတ်ပစ်ချင်လာသည်။ ငါ့ကို မလေးမစား ပြုံးတာလောက် မုန်းတာမရှိဘူး။

အချစ်၏ လက်ယာဘက်တွင်ရှိသောWhere stories live. Discover now